Post has attachment
If you are interested in any of the following positions, please closely review the job requirements and submit your application documents via email to HRORangoon@state.gov. Please do not attach personal photos nor copies of certificates to avoid complications with file size.

Post has attachment
၂၀၁၅ ခုနှစ်အတွင်း အာဆီယံနိုင်ငံတွေထဲမှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေလည်ပတ်ဖို့ စိတ်ဝင်စားမှု အများဆုံးရခဲ့တဲ့ ခရီးစဉ်ဒေသဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံက The Best Destination Award ဆုကိုရရှိခဲ့တယ်လို့ သိရပါတယ်။play ဒီဆုကို ဗြိတိန်အခြေစိုက် Lonely Planet ခရီးသွားမဂ္ဂဇင်း က ပေးအပ်ခဲ့တာဖြစ်ပြီး မဂ္ဂဇင်းရဲ့ ထိုင်းနိုင်ငံ ကုမ္ပဏီခွဲတစ်ခုက တာဝန်ယူပြီး ၂၀၁၆ ခုနှစ်ဖေ ဖော်ဝါရီလမှာ Online, Offline စနစ်နှစ်ခုနဲ့ စစ်တမ်းကောက်ယူ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

Post has attachment
#EMERGENCY #MYANMAR
ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဇွန်လ ၁၀ ရက် (ယနေ့)ညနေ၌ မုန်တိုင်းငယ် ဖြစ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသ များတွင် လှိုင်းနှင့်လေပြင်းထန်နိုင် ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး သည်။လေဖိအားနည်းရပ်ဝန်း သည် ဇွန်လ ၇ ရက်ကစတင်ဖြစ် ပေါ်ပြီး ပိုအားကောင်းလာကာ ယနေ့ညနေတွင် မုန်တိုင်းငယ်ဖြစ် လာနိုင်ကြောင်း ၎င်းက ခန့်မှန်း ပြောကြားသည်။

သွေးယိုစီးခြင်း (Bleeding)
===============
ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဒဏ်ရာကြောင့်ဖြစ်စေ၊ ရောဂါကြောင့်ဖြစ်စေ သွေးယိုစီးခြင်း ကို ဖြစ်ပေါ်စေပါသည်။ လူတစ်ဦး၏ ခန္ဓာကိုယ်တွင် ၅ လီတာ မှ ၆ လီတာ အထိ ရှိပြီး ၎င်းတို့ အနက် သွေး (၂) လီတာ အထိ ဆုံးရှုံးပါက အသက်အန္တရာယ် စိုးရိမ်နိုင်ပါသည်။ ထို့ ကြောင့် ရှေးဦးပြုစုသူတစ်ဦးအနေဖြင့် သွေးယိုစီးသော လူနာကို သွေးတိတ်စေရန် ချက်ချင်းပြုစုပေးရမည် ဖြစ်ပါသည်။

သွေးယိုစီးခြင်း အမျိုးအစား
==============
သွေးယိုစီးခြင်း အမျိုးအစား (၂) မျိုး ရှိပါသည်။
(က) အပြင်သွေးယိုစီးခြင်း
(ခ) အတွင်းသွေးယိုစီးခြင်း တို့  ဖြစ်ပါသည်။

အပြင်သွေးယိုစီးခြင်း
===========
(က) သွေးလွှတ်ကြောထိခိုက်ခြင်း မှ ယိုစီးခြင်း
သွေးလွှတ်ကြောများမှ ထွက်သောသွေးသည် နီမြန်း၍ နှလုံးခုန်ချက် နှင့် အညီ သွေးများ ပန်းထွက်လာတတ်ပါသည်။

(ခ) သွေးပြန်ကြော ထိခိုက်ခြင်း မှ ယိုစီးခြင်း
သွေးပြန်ကြော ထိခိုက်ခြင်း မှ ယိုထွက်သောသွေးသည် ဖြည်းညှင်းစွာ ထွက်ပြီး နီညိုသောအရောင် ရှိပါသည်။

(ဂ) ဆံချည်မျှင် သွေးကြောထိခိုက်ခြင်း မှ ယိုစီးခြင်း
ဆံချည်မျှင်သွေးကြောထိခိုက်ခြင်း မှ ယိုထွင်သောသွေးသည် တဖြည်းဖြည်း စိမ့်ထွက်ပါသည်။

အတွင်းသွေးယိုစီးခြင်း
============
ခန္ဓာကိုယ်တွင်း အတွင်းသွေးယိုစီးခြင်း ဖြစ်ပါက အောက်ပါ အခြေအနေနှစ်ရပ်ကို တွေ့ မြင်နိုင်ပါသည်။

(က) မြင်နိုင်သော အတွင်းသွေးယိုစီးခြင်း

- အဆုတ် မှ သွေးများ ဟပ်ထုတ်လိုက်ခြင်းသည် နီရဲပြီး အမြှုပ်များပါသည်။
- အစာအိမ် မှ သွေးများ အန်ထုတ်ခြင်းသည် ကော်ဖီရောင် (သို့ ) ညိုပုပ်သော အရောင်ရှိပါသည်။ အူသိမ်များမှ ထွက်သောသွေးသည် အစာဟောင်းများဖြင့် ရောနှော၍ ကတ္တရားစေးကဲ့သို့  မဲနက်သောအရောင်ရှိသည့် ကျင်ကြီးများ ပါတတ်သည်။
- အူမကြီး မှ ထွက်သောသွေးသည် နဂိုအရောင် ရှိတတ်သည်။
- ကျောက်ကပ်မှ ဆီ နှင့် ရောထွက်သောသွေးသည် အနီရောင်ရှိပြီး ဆီးသွားတိုင်း ကျောက်ကပ်ရှိသော နေရာတွင် နာတတ်သည်။
- ဆီးအိမ်မှ ထွက်သောသွေးသည် ဆီး နှင့် သွေးရောလျက် ဆီးသွားရာတွင် အခက်အခဲတွေ့ သည်။

(ခ) မမြင်နိုင်သော အတွင်းသွေးယိုစီးခြင်း

ဦးခေါင်း၊ သရက်ရွက်၊ အသည် တို့  မှ သွေးယိုစီးခြင်း ဖြစ်ပါက အပြင်ဘက်သို့  မထွက်သောကြောင့် အန္တရာယ် ရှိနိုင်ပါသည်။

သွေးယိုစီးခြင်းဖြစ်သော လူနာ၏ လက္ခဏာများ
=========================
သွေးယိုစီးခြင်းဖြစ်သော လူနာများတွင် တွေ့ ရမည့် လက္ခဏာများမှာ မူးဝေခြင်း၊ အော့အန်ခြင်း၊ နှုတ်ခမ်း နှင့် သားအရေများ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ ပြာနှမ်းခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ အသားအရေအေးစက်ခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း၊ သွေးတိုးအားပျော့ခြင်း၊ ရေငတ်ခြင်း၊ သတိလစ်ခြင်း၊ သွေးယိုသည့်နေရာများတွင် သွေးခြေဥခြင်း၊ ပုံသဏ္ဍန်ပြောင်းခြင်း တို့ ကို တွေ့ ရမည် ဖြစ်ပါသည်။

အပြင်သွေးယိုစီးခြင်းဖြစ်သောလူနာကို ပြုစုခြင်း
=========================
၁။ ရှေးဦးပြုစုသူအနေဖြင့် အပြန်အလှန် ရောဂါကူးစက်မှု မရှိစေရန်အတွက် လက်အိတ် ၀တ်ဆင်ပြီး ပြုစုပါ။

၂။ သွေးယိုစီးခြင်း ကို ထိန်းချုပ်နိုင်ရန်အတွက် တိုက်ရိုက်ဖိနှိပ်နည်း (Direct Pressure Method) ကို သုံးပါ။

(က) ဒဏ်ရာအတွင်းသို့  စိုက်ဝင်နေသော အရာ ရှိ / မရှိ ကို ကြည့်ပါ။
(ခ) ဒဏ်ရာပေါ်သို့ ဆေးထည့်ပိတ်ပါးစ (သို့ ) သန့် ရှင်းသော အ၀တ်စတင်ပြီး (၁၀) မိနစ်ခန့်  တိုက်ရိုက်ဖိနှိပ်ထားပါ။
(ဂ) ဒဏ်ရာအစိတ်အပိုင်းကို မြှင့်တင်ထားပါ။
(ဃ) ဆေးထည့်ပတ်ပါးစပေါ်တွင် တိုက်ရိုက်ဖိနှိပ်ခြင်းဖြင့် ပတ်တီးစည်းပါ။

၃။ သွေးစီးဆင်းမှု လျော့နည်းလာစေရန် နှင့် သွေးဆုတ်သွေးလန့် ခြင်း မှ ကာကွယ်နိုင်ရန်အတွက် လူနာကို လဲလျောင်းထားပါ။

၎။ ဒဏ်ရာ မှ သွေးဆက်လက်ထွက်နေပါက ပထမစည်းထားသော ပိတ်စကို လုံးဝ ဖယ်ရှားခြင်း မပြုဘဲ ၎င်းအပေါ်တွင် ပိတ်ပါးစထပ်တင်ပြီး ပတ်တီးစည်းပါ။

၅။ ဒဏ်ရာအတွင်းတွင် စိုက်ဝင်နေသောအရာများ ရှိပါက ကရွတ်ခွေခံ၍ လည်းကောင်း၊ စိုက်ဝင်နေသော အရာဝတ္ထု၏ ဘေးတစ်ဖက်တစ်ချက်တွင် အ၀တ်ခေါက်ထူထူခံ၍ ပတ်တီးစည်းပါ။

အတွင်းသွေးယိုစီးခြင်းဖြစ်သောလူနာကို ပြုစုခြင်း
==========================
၁။ အဆုတ် နှင့် နှလုံးသို့  သွေးလှည့်ပတ်မှု ရှိစေရန်အတွက် အလွန်အရေးကြီးပါသည်။

၂။ လူနာကို လုံးဝငြိမ်သက်စွာ ပက်လက်လဲထားပါ။

၃။ တင်းကြပ်သော အ၀တ်အစားများကို လျော့ပြီး အားပေးစကားပြောပါ။

၎။ အတွင်းသွေးယိုစီးခြင်းဖြစ်သော လူနာများသည် သွေးဆုတ်သွေးလန့် ခြင်းဖြစ်ပြီး အရေပြား ဖြူဖျော့ကာ ကယောင်ကတမ်းဖြစ်လာမည်။ ရေငတ်ပါသည်။ ရေလုံးဝ မတိုက်ပါနှင့်။ အစားအစာပေးခြင်းမှ ရှောင်ကြဉ်ပါ။

၅။ ရင်ခေါင်းပိုင်း နှင့် ၀မ်းဗိုက်ပိုင်းတို့ တွင် ရေနွေးအိတ်၊ ရေနွေးပုလင်းများ မတင်ရ။

၆။ လူနာချမ်းတုန်လာပါက နွေးထွေးစွာ ထားပါ။

၇။ အတွင်းသွေးယိုစီးခြင်း ဖြစ်သည့်နေရာ ၊ သွေးပမာဏ၊ သွေးနမူနာများကို မှတ်သားပါ။

၈။ လူနာကို လှုပ်ရှားမှု နည်းနိုင်သမျှ နည်းအောင် ပြုစုရမည် ဖြစ်သလို အညင်သာဆုံး ကိုင်တွယ်၍ ဆေးရုံသို့  အမြန်ဆုံး ပို့ ဆောင်ပါ။

ရှောင်ရန်အချက်များ
===========
၁။ သွေးထိန်းစည်နှောင်ကြိုး (Tourniquet) မသုံးရ။
၂။ ရေနွေးအိတ်မသုံးရ။

source: myanmar redcross society

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မေလဒုတိယ(၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ပြီး ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း၊၎င်းသည် ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ယင်းကာလ အတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အသင့် အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

မိုးရွာသွန်းမှုအခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲ ထက်ပိုနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုး ထစ်ချုန်း ရွာနိုင်ပါသည်မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ထိပိုနိုင်ပြီး၊ ကျန်တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

ထူးခြားမိုးလေဝသ ဖြစ်စဉ် မိုးဇလထုတ်ပြန် ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အနောက် ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

လေပွေလှိုင်းများ၏ အရှိန်ကြောင့် (၂၀.၄.၂၀၁၇)ရက်နေ့မှ (၂၄.၄.၂၀၁၇)အတွင်း အထက်ပါဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပြီး လေပြင်းတိုတ်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ် နိုင်ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် အထက်ဖော်ပြပါမိုးလေဝသဖြစ်စဉ်များကို အထူး ဂရုပြု နေထိုင်သင့်ပါကြောင်း မိုးဇလမှ အကြံပြုချက်ထုတ်ပြန်သည်။ (Xinhua)
-----------------------------------------------
(Unicode Version)

Post has attachment
သင်္ကြန်​ရက်​အတွင်း ရုပ်​မြင်​သံကြားက​နေ လိုင်းအသစ်​များ ထုတ်​လွှင့်​ပြသ​နေပါတယ်​ ဖမ်းယူကြည့်​ရှု့ကြပါ။
Photo

Post has attachment
GOOD MORNING #MYANMAR
Photo

Post has attachment
မိတ်ဆွေတို့သိပြီးပြီလား?
ရေငတ်တဲ့အခါ (သို့) ရေဓာတ်ဆုံးရှုံးတဲ့အခါမှာ မိတ်ဆွေတို့အားလုံး စားကြတဲ့ ဖရဲသီးမှာ ရေဓာတ်ပါဝင်မှုနူန်းက 92% ရှိပြီးတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ပမာဏကို လျှင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေအတွက် လိုအပ်တဲ့ အစိုဓာတ်တွေကိုလည်း ထိန်းထားပေးပါတယ်။

🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉

#ColgateMyanmar #SaveTheWaterCampaign #Watermelon
Photo

Post has attachment
ရုပ်​မြင်​သံကြားက​နေ လိုင်းအသစ်​များ ထုတ်​လွှင့်​ပြသ​နေပါတယ်​ ဖမ်းယူကြည့်​ရှု့ကြပါ။
Photo
Wait while more posts are being loaded