Post has attachment
7Day Dailyမှာပါတဲ့ စာသားတစ်ခုပါ တိမ်ညိုမိလ္လာ မဖြစ်နိုင်ဘူးထင်တယ်ဗျ
တိမ်ညိုသလ္လာ လို့ ဆိုလိုချင်တာလားမသိပါ။
original link >>>http://www.7daydaily.com/story/98504
Photo

မြန်မာ စကားလုံး လုံးလုံးလျားလျား ဖြစ်သွားတဲ့ အင်္ဂလိပ်စကားလုံး ရှိတယ်။
.
.
.
နံပါတ် တဲ့။ မူရင်းက number ။ ဒီ တော့ အင်္ဂလိပ် စကားလုံးတွေကို မမွေးစားခင် မြန်မာ လို ဘယ်လို သုံးခဲ့ သလဲလို့ စဉ်းစားမိတယ်။ ကိန်း၊ ဂဏန်း၊ အမှတ်၊ ....... ဘယ်လို သုံးသလဲ မသိ။

အန်းနီး အိုင်ဒီယာ?

မြန်မာ ငွေကြေး စံနစ်မှာ အသေးဆုံး ယူနစ် ဖြစ်တဲ့ ပြား နဲ့ အတူ ပျောက်သွားတဲ့ ရေးထုံးလေး တစ်ခု ရှိတယ်။ ကိန်း ဂဏန်းကို မောက်ချ နဲ့ ရေးပြီး ဘယ်နှပြား ဆိုတာကို ရေးတာပဲ။

ပြားငါး ဆယ် ဆိုရင် ၅၀ါး၊ ၁၅ ပြား ဆိုရင် ၁၅ါး။

ကျပ်ကို ရေးနည်း က နောက်ဆုံးကိန်း ပေါ်မှာ လုံးကြီး တင်တယ်။

တစ်ကျပ် ကို ၁ိ။ တစ်ရာကျပ် ဆို ၁၀၀ိ

အရင်က စျေး စာရင်း မှတ်ကြတဲ့ အခါ..
၁၅ ကျပ် ပြား ၂၀ ဆိုရင် ၁၅ိ ၂၀ါး ဆိုပြီး ရေးတာပဲ။

ခု ခေတ် တော့ ၁၅.၅၀ ဆိုပြီး ဒဿမ နဲ့ ရေးကြမယ် ထင်ရဲ့။

စကားမစပ် လူတွေ အသုံး များတတ် တဲ့ "အီစလံဝေ" တယ် ဆိုတဲ့ စကားလုံးက အင်္ဂလိပ် အသုံး "It is a long way!" ဆိုတဲ့ စကားလုံးကို သုံးရာ ကနေမြန်မာ သုံးစကားလုံး ဖြစ်သွား တာပါတဲ့ ။ ခက်တယ် .... မလွယ်ဘူး ... ဆိုတဲ့ သဘောပေါ့။

မကြာခဏ သုံး တတ်တဲ့ စကားလုံး "ဂဃနဏ' ဆိုတာ သေသေချာချာ ခြေခြေမြစ်မြစ် သိနားလည်တယ် လို့ ရည်ညွှန်း ကြတယ်။ ဒါ့ ကြောင့် "ဂ" နဲ့ "ဃ"၊ "န" နဲ့ "ဏ" အသံထွက်ချင်း အတူတူ ဘယ်နေရာ မှာ ဘယ် အက္ခရာ ကို သုံး ရမယ် ဆိုတာ သိတယ် ဆိုတဲ့ သဘော ပါတယ်တဲ့။

မဇ္စျိမ ကို နားမလည်ဘူးဗျာ.. နည်းနည်းအလင်းပြပါဦးဗျာ

ရွှေနန်းသုံး ဝေါဟာရ အဘိဓါန် ထဲ မှာပဲ တွေ့ မိတာလေးပါ။

လက်ရှိ အာဏာရ ဘုရင် ကွယ်လွန်ရင် "နတ်ပြည်စံ" တယ် လို့ သုံးသတဲ့။

အိမ်နိမ့်စံ (သို့) နန်းကျ ဘုရင် - မယ်ေတာ် မိဘုရား ဆိုရင် " နတ်ရွာစံ" လို့ သုံးသတဲ့၊

မင်းညီ မင်းသား မင်းသမီ ဆိုရင် ကံတော်ကုန် တယ် လို့ သုံးသတဲ့။

မင်းမြေး မြစ် စော်ဘွား ဆိုရင် "ကံကုန်" တယ် လို့ သုံးသတဲ့။

သာမန် မူးကြီးမတ်ရာ ပြည်သူပြည်သားတွေကို တော့ ကွယ်လွန် တယ် သေတယ် လို့ပဲ သုံးမလားပဲ။

ဘုန်းတော်ကြီး တွေကို တော့ ပျံလွန်တော် မူတယ် ဘဝနတ်ထံ ပျံလွန်တော် မူတယ်လို့ လို့ သုံးကြတာတော့ သိတယ်။

ငယ်ငယ်က မြန်မာစာ ဆရာ တစ်ယောက်က မြန်မာစကား ဟာ အဲ့ဒိလို အချက် တွေ ကြောင့် ဝေါဟာရ ကြွယ်ဝတယ် ဆိုပြီး ပြောခဲ့တယ်။

ကျွန်တော်က တော့ မြန်မာစကား ဟာ ပကာသန များလွန်းတယ် လို့ မြင်တာပဲ။ အားလုံး သေ တာ ချည့်ပဲလေ။ စာအသုံး နဲ့ စကားသုံး နှစ်မျိုးလောက် ခွဲ တော်ရောပေါ့။

"အာလူး" ဆိုတာ မူလ မြန်မာ အခေါ် အဝေါ် မဟုတ်ဘူး ဆိုတာ အတော် အသက်ကြီးမှ သိပါတယ်။ ရုံးက အိန္ဒိယ တိုင်းသား တစ်ယောက် နဲ့ ပြောရင်း အမှတ်တမဲ့ ကြားရာက မေးကြည့်ဖြစ်တာ။ အာလူး ကို သီးခြား ခေါ်တဲ့မြန်မာ အခေါ်လည်း မရှိ။ ဘယ်ခေတ်အခါကတည်းက အာလူး ရောက်လာတယ် ဆိုတာလည်း အတိအကျ မပြောတတ်ဘူး။ ဥရောပ ဘက်မှာတော့ အာလူးကို ၁၉ ရာစုလောက်မှ စားစရာလို့ သတ်မှတ်တာတဲ့။ အခြား ဘာသာခြားရဲ့ ဝေါဟာရကို တိုက်ရိုက်ယူသုံးတဲ့ မြန်မာ ဝေါဟာ ရတွေလည်း ရှိမှာပါ။

လှေ သမ္ဗာန် မှာ "သမ္ဗာန်" က မလေး စကားပါတဲ့။ လှေနဲ့ ကွာတာက သမ္ဗာန် က အမြီး နှစ်ခွနဲ့ ဧရာကြီးကြီး ပုံစံပါ။ ပျဉ်ကို စပ်ပြီး ဆောက်ပါတယ်။ ထိပ်မှာ မျက်လုံးနှုတ်သီးပုံစဖြင့် ဆေးချယ်ထားတတ်တယ်။ မူလ မလေးကျွန်းဆွယ်က ဒေသခံတွေ သုံးတဲ့ လှေမျိုးပါ။ မြန်မာပြည်အောက်ပိုင်း ဆိပ်ကမ်းမြို့ ကြီးတွေမှာ တွေ့ရ များပြီး အထက်ပိုင်းမှာတော့ ရှားပါတယ်။

မြန်မာ့ လှေ ကတော့ ပျဉ်ကို စပ်ပြီး ဆောက်သလို သစ်တစ်လုံးတည်းကို ထွင်းတာလည်း ရှိပါတယ်။ ရှေးက "ရဲလှေ" ဆိုတဲ့ အခေါ် ရှိပါတယ်တဲ့။ police boat တော့ မဟုတ်ပါ ဘူး။ သစ်တစ်လုံးတည်းကို ထွင်းပြီး ဆောက်တဲ့လှေမျိုးပါ။ စစ်တပ်မှာ သုံးပါတယ်။ စစ်သည် သူရဲ တွေသုံးတဲ့ တိုက်လှေမို့ ရဲလှေ / တိုက်လှေ လို့ ခေါ်ပါသတဲ့။ ပေါ့ပါးပြီး မြန်ဆန်ပါတယ်။

လှေနဲ့ သမ္ဗာန် လှော် ရတဲ့ပုံစံလည်း မတူပါဘူး။ လှေကို တော့ "လှော်" တယ်လို့ သုံးကြပြီး သမ္ဗာန် ကို တော့ "ခတ်" တယ် လို့ သုံးကြပါတယ်။ သုံးတဲ့ "တက်" ကလည်း မတူပါဘူး။ စင်္ကာပူက နာမည်ကျော် လောင်းကစားဝိုင်းတွေ ထားတဲ့ Marina Bay Sands က ကုန်တိုက်ကြီးထဲမှာ သမ္ဗာန် စီးလို့ ရပါတယ်။ မမြင်ဖူးဘူး တဲ့ သူတွေအတွက်ပေါ့။

မြန်မာနဲ့ မလေး "ခတ်" ပုံတော့ ကွာပါ တယ်။ မြန်မာက လှော်တက် နှစ်ခုနဲ့ ဘယ်-ညာ နှစ်ဘက် ခတ်ပြီး မလေးတွေ တရုတ်တွေက တက်ကြီး တစ်ခုတည်းနဲ့ နောက်ကနေ ခတ်ပါတယ်။

ခတ် တယ် ဆိုလို့ "ငှက်ခတ် သမား" ဆိုတဲ့ စကားလုံး ကြားဖူးမှာပေါ့။ ငှက်ဖမ်းတဲ့ သူလို့အရင် က မှတ်ခဲ့ တာပါ။ အဲ့ဒါ ဆယ့်လေးငါးနှစ် အရွယ်မှာ ကြည့်မြင်တိုင် ဘက် ရောက်မှ မဟုတ်မှန်း သိတော့တယ်။ ကြည့်မြင်တိုင်ဆိပ်ကမ်းမှာ ဒလ ဘက် လွန်းပြန် ကူးတဲ့ သမ္ဗာန် တွေ ရှိတယ်။ အရပ် အခေါ် "ငှက်" လို့ ခေါ်ပါတယ်။ ခတ်တဲ့အခါ "တကျွီကျွီ" မည်တာကိုး။ အဲ့ဒိ သမ္ဗာန် ခတ်တဲ့ သူကို "ငှက်ခတ်သမား" လို့ ခေါ်ပါသတဲ့။

စကားလုံးတွေ အကြောင်း တောင်ရောက် မြောက်ရောက်။

ပါဠိကို ကျွန်တော်တို့ မြန်မာတွေ တင်မက အရှေ့တောင် အာရှ နိုင်ငံတိုင်း လိုလို သုံးခဲ့ ကြဟန် ရှိပါတယ်။ အသောက ဘုရင်ရဲ့ မောရိယ အင်ပါယာ အရှိန်အဝါ ကြောင့် ဖြစ်ပါလိမ့်မယ်။

မြန်မာတွေ ပေးလေ့ရှိတဲ့ အမည်တွေမှာ ဇေယျာ၊ ဝဏ္ဏ၊ စည်သူ၊ သီရိ၊ သူရ၊ သီဟ စတာတွေက ပါဠိကနေ ဆင့်ပွား လာတာပါ။

ကွယ်လွန်သူ ထိုင်းဘုရင်ကြီးရဲ့ အမည်က ဘူမိဘော အဒူရာဒတ် ဆိုတာ သိမှာပါ။ စိတ်ထဲမှာ ကုလား နာမည်လိုလို ထင်စရာပါပဲ။ အမှန် ထိုင်း အမည်မဟုတ်ဘဲ ပါဠိ အမည်ပါတဲ့။ ဘူမိပုတ္တ အတုလတိဿ ပါတဲ့။ (ဘူမိဘဒ္ဓ လို့လဲ ဆိုပါတယ် verify မလုပ်ရ သေးပါ)။ ထိုင်းလေဆိပ် ကြီးကိုလည်း သုဝဏ္ဏဘုမ္မိ လို့ အမည် ပေးထားတာပဲ။ အဲ့ဒိမြို့ဟောင်းက မြန်မာ နဲ့ ထိုင်း ဘယ်နိုင်ငံထဲမှာ ရှိခဲ့ သလဲ ဆိုတာ ကတော့ ငြင်းခုံလို့ ကောင်းတုန်း။

နာမည်ကျော် အန်ကောဝပ် ကျောင်းကို ဆောက်ခဲ့ တဲ့ ခမာ ဘုရင်ရဲ့ ဘွဲ့က သူရိယ ဝိရာမ ပါတဲ့။

မလေး ကျွန်းဆွယ် အစွန်းက စင်္ကာပူ ဆိုတာ၊ စင်္က + ပူရ၊ သီဟ + ပူရ။ ပါတဲ့ ။ ခြင်္သေ့ ကျွန်း ပေါ့။

အင်ဒိုနီးရှားမှာ ဂါရူဒါ ဆိုတဲ့ လေကြောင်းလိုင်း ရှိပါတယ်။ ဂါရူဒါ ဆိုတာ ဂဠုန၊ ဂဠုန် ငှက်ပါတဲ့။

တလောက အမျိုးသား တိကျစွာ တိုင်းတာရေး တက္ကသိုလ် ဆိုပြီး ကြေငြာ သုံးနှုံး ထားတာ အတော်လေး ပွသွားတယ်။ ပွမယ် ဆိုလည်း ပွချင်စရာပါ။

United Nations ဆိုတာကို မြန်မာ ပြန်ဆို ကြတဲ့အခါ နိုင်ငံပေါင်းစု အသင်း လို့ အတုံးလိုက် အတစ်လိုက် ဘာသာမပြန်ဘဲ မြန်မာစာရဲ့ ခေါင်းကိုင် ဘာသာစကားဖြစ်တဲ့ ပါဠိ စကားလေးကို သုံးပြီး "ကုလ သမဂ္ဂ" ဆိုပြီး လှပ ကျစ်လျစ်စွာ ပေးခဲ့တာလေးကို သတိ ချပ်သင့်ပါတယ်။ ( ကုလ = တိုင်းပြည်၊ သမဂ္ဂ = အဖွဲ့အစည်း ။ ဦးဖေမောင်တင် ပေးခဲ့တာလား မမှတ်မိ တော့ပါ။ )

အမှန်တော့ မြန်မာ ထဲမှာတင် မြန်မာစာကို ကျွမ်းကျင်သူတွေ နေရာ မရတာ၊ အလေးထား ချဉ်းကပ်မှု နည်းလာတာ ပိုသိသာလာသလိုပဲ။
Wait while more posts are being loaded