Profile cover photo
Profile photo
Burmese.monnews.org
92 followers -
Burmese Version independent mon news agency
Burmese Version independent mon news agency

92 followers
About
Posts

Post has attachment
တရားခံသုံးယောက်မှာ တစ်ယောက် ထွက်ပြေးနေတယ်။ နှစ်ယောက်ကိုတော့ ဖမ်းမိထားတယ

မွန်ပြည်နယ် သထုံမြို့၌ တစ်သောင်းတန် ငွေစက္ကူတန်ဘိုး ကျပ်ငွေသိန်း ၁၂၀၀ ကျော် အတုပြုလုပ်သူ ၂ ဦးကို စက်တင်ဘာလ ၂၄ ရက်နေ့က ဖမ်းဆီးရမိသော်လည်း ကျန် ၁ ဦးလွတ်မြောက်နေကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။ သထုံမြို့မရဲစခန်းမှ ဒု-ရဲမှူး မောင်မောင်က “တရားခံသုံးယောက်မှာ…
Add a comment...

Post has attachment
မြန်မာသာမက ကမ္ဘာအရပ်ရပ်တွင်လည်း ခေတ်စနစ်အလိုက် အမျိုးမျိုးသော အပြောင်းအလဲများ၊ သမိုင်းတွင်ကျန်ရစ်လျက်ရှိသော အမည်နာမများစွာ ရှိပါသည်။ သို့သော် အမည်နာမတစ်ခုကို အများပြည်သူများ အသိအမှတ်ပြု မှတ်တိုင်အဖြစ်ထားရှိဖို့ရာ လွယ်ကူသည့်ကိစ္စမဟုတ်။ ယင်းပုဂ္ဂိုလ်၏ ဖြတ်သန်းမှုသမိုင်း၊ ပေးဆပ်မှုအပေါ်မူတည်ပြီး လူအများမှ သတ်မှတ်ကြပါလိမ့်မည်။

အမည်နာမတစ်ခုသည် သက်ရှိသက်မဲ့အရာဝတ္ထုများကို သတ်မှတ်ထားသော ပညတ်ချက်နာမ်စားများပင် ဖြစ်သည်။ အမည်တစ်ခုအပေါ် သူနှင့်လားလားမျှ သက်ဆိုင်မှုမရှိသည့် အခြားပေါ်ပင်အမည်တစ်ခု ဖုံးအုပ်လိုက်ခြင်းသည် မုန့်ပဲသရေစာအပေါ် သကာလူးထားခြင်းနှင့် ဆင်တူသည်။ ရေတိုအကျိုးပြုမှု၊…
Add a comment...

Post has attachment
NLD အစိုးရလက်ထက်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်တဲ့အခါ UPDJC အတွင်းရေးမှူး ၅ ယောက်စီဖြစ်လာပါတယ်၊ ၂ နှစ်ခွဲတာကာလမှာ အတွင်းရေးမှူးများအနေနဲ့ အလုပ်တွေပိ ၊ ထိုင်တာနဲ့ အလုပ်ကိစ္စတွေ မပြီးမှာစိုးလို့ အလုပ်ဘဲပြောနေရလို့ Brainstorming လုပ်ချိန်မရ ၊ Retreat မရှိခဲ့၊ အခုတိုက်တိုက်ဆိုင်ဆိုင် ရှားရှားပါးပါး လုပ်ဖြစ်တာ ကောင်းပါတယ်

မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၂၄)။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးများ အလွတ်သဘောတွေ့ဆုံသည့် နှစ်ရက်တာ Roundtable Discussion စားပွဲဝိုင်းဆွေးနွေးပွဲကို နေပြည်တော်၌ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။ United States…
Add a comment...

Post has attachment
ဘာမဟုတ်သည့် ရာထူးဂုဏ်ရှိန်တစ်ခုနှင့် ခေါင်းခိုက်နေသည့် မာနတရားများ။ ဝေဒနာကိုအကြောင်းပြ ထွေလာတန်ခိုးနှင့် အရှုံးနွံထဲ မွေ့လျော်နေသူများ။ အနည်းငယ်သော ပေးဆပ်မှုကိုအကြောင်းပြ တူညီသောတန်ဖိုးကို တန်ပြန်စုပ်ယူနေသည့် မသိကိန်းများ။ မဝရေစာ၊ အပူစာများကြောင့် အပူသည်ဘဝမှ ရုန်းထွက်နိုင်မှုမရှိ။ မသိကိန်းများ၏ အတ္ထုပ္ပတ္ထိအကြောင်း ကျွန်တော့်ခေါင်းထဲ မေးခွန်းပေါင်းများစွာ။

ဤဝန်းကျင်ကို သုံးနှစ်ကျော်ဖြတ်သန်းခဲ့ပြီးနောက် မသိကိန်းများနှင့် သက်ဆိုင်သော အကြောင်းအရာအတော်များများ ကျွန်တော် ဖမ်းဆုပ်မိခဲ့သည်။ သူတို့၏ ပုံသေကားချပ်ဆန်သည့် နေ့စဉ်ဘဝဖြတ်သန်းမှုများ။ အသာမာတက်နေသော ပခုံးသားများ။ ပုံရိပ်တစ်ခု၏ လွှမ်းမိုးမှုအောက်မှ…
Add a comment...

Post has attachment
အဲဒီ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိနိုင်ဖို့အတွက် ဦးဆောင်သွားမယ့်ပါတီဟာ ခိုင်မာတဲ့နိုင်ငံရေး ရည်မှန်းချက်တွေအပြင် ပါတီတွင်းညီညွတ်မှုရှိဖို့ အထူးလိုအပ်သလို မိမိတို့ မွန်အမျိုးသားထုတရပ်လုံးကို ဦးဆောင်တဲ့ပါတီဖြစ်ဖို့ ကျန်ုပ်တို့ရဲ့တာဝန်ပဲ ဖြစ်တယ်ဆိုတာ လက်ခံမှတ်ယူထားပြီး ပါတီနဲ့လူမျိုးအပေါ် သစ္စာစောင့်သိကြရမှာ ဖြစ်တယ်

မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၂၃)။ ။ ပြည်ထောင်စု၏ပန်းတိုင်ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်နိုင်ငံဖြစ်ပေါ်လာရေးအတွက် နည်းလမ်းစုံပေါင်းစပ်၍ ရေရှည်ရုန်းကန်ကြိုးပမ်းသွားရဦးမည်ဖြစ်ကြောင်း မွန်ပါတီ Mon Party ဥက္ကဌ နိုင်တင်အောင်(နိုင်တလနွန်) က…
Add a comment...

Post has attachment
မွန်ပြည်နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခံနေတဲ့ မြို့ဝင်ကြေးကောက်ခံသည့်ဂိတ် စခန်းများအား ရုပ်သိမ်းပေးရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း အဆိုအား မွန်ပြည်နယ် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်မှ ကန့်ကွက်ဆွေးနွေးခဲ့ပြီး မွန်ပြည်နယ်လွှတ်တော်မှ မဲခွဲဆုံးဖြတ်ရာ အဆို ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူများအား လေးစားစွာအသိပေး တင်ပြအပ်ပါသည်

မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၁၉)။ ။ကျင်းပဆဲ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး၌ သထုံမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ တင်သွင်းသော “မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်စခန်းများရုတ်သိမ်းပေးရေး…
Add a comment...

Post has attachment
မနေ့က အတိုင်းပါပဲ၊ မျောပါသွားတဲ့ ၇ ယောက်ကို ပြန်မတွေ့သေးပါဘူး၊ မနေ့က အလောင်းတစ်လောင်းတွေ့တယ်၊ ဒဏ်ရာ ၁၆ ယောက်ထဲမှာ ၁၁ ယောက်ကို ဆေးရုံတင်ထားပြီးတော့ ၅ ယောက်ကို အိမ်မှာပဲ ဆေးကုနေတယ်၊ အိမ် ၁၃ လုံးရေမျောပြီး ဘုရားကျောင်း ၂ ကျောင်း ပျက်စီးသွားတယ်

မွန်သတင်းအေဂျင်စီ(စက်တင်ဘာ-၁၈)။ ။ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အနီး ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ မယ်လအူး ကရင်ဒုက္ခသည်စခန်း၌ စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွင် ရွှံ့ရေထဲမျောပါသူ ၇…
Add a comment...

Post has attachment
အာရပ်များ၏ အစ္စရေး ဗျူရိုကရေစီယန္တယားနှင့် ပညာရှင်အဆောက်အအုံများတွင် ကိုယ်စားပြုမှုမှာ(၂%) အောက်သာရှိသည်။ အာရပ်များသည် နက်နက်ရှိုင်းရှိုင်း ခွဲခြားဆက်ဆံခြင်းဆက်ခံနေရပြီး ၎င်းတို့၏ (၉၀%)သည် တမြို့လုံးနီးပါး၊ တရွာလုံးနီးပါး အာရပ်များနေထိုင်သော မြို့ရွာများ၌သာ နေထိုင်ကြရသည်။ ချွင်းချက်အားဖြင့် အချို့ကလေးများသည် အာရပ်နှင့် အစ္စရေးခွဲခြားသင်သောကျောင်း၌ တက်ခွင့်ရခြင်းသာရှိသည်။

အာရပ်-အစ္စရေးပြဿနာကို ကမ္ဘာက အဓိကအာရုံစိုက်လာသောယနေ့အခါတွင် ဂါဇာကမ်းမြောင်နှင့် ဂျော်ဒန်အနောက်ဘက်ကမ်း၌ နေထိုင်ကြသော ပါလက်စတိုင်း ၄ ဒဿမ ၆ သန်း၏ ဘဝအရေးသည် များစွာစိတ်ဝင်စားမှု ခံလာရသည်။ သို့ရာတွင် အစ္စရေးနိုင်ငံရေးအား ဖိအားပေးခြိမ်းခြောက်နေသော အခြားပြဿနာမှာ…
Add a comment...

Post has attachment
ကျွန်တော်တို့ ပြည်ထောင်စုအဆင့်မှာ ဒီဆုံးဖြတ်ချက်မရရှိနိုင်တဲ့အတွက်ကြောင့် JICM မှာ ထပ်ပြီး တော့ ဆွေးနွေးကြပါဆိုပြီးတော့ပဲ နှစ်ဖက်စလုံးကို ကျွန်တော်တို့ တင်ပြထားပါတယ်။ JICM လား။ ဒါမှ မဟုတ် တခြား JICM ကဲ့သို့သော ထိပ်သီးခေါင်းဆောင်များဆွေးနွေးတဲ့အခါကျလို့ရှိရင် ဒီကိစ္စကို ဆွေးနွေးကြပါလိမ့်မယ်’’

မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၁၇)။ ။ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S တွင် မွန်ပြည်သစ်ပါတီ NMSP ပါဝင်နိုင်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA…
Add a comment...

Post has attachment
မွန်သတင်းအေဂျင်စီ(စက်တင်ဘာ-၁၆)။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ(စတုတ္တအစည်းအဝေး) မတိုင်မီ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နောက်ထပ်တစ်ကြိမ်ထပ်မံကျင်းပရန် ယမန်နေ့တွင် ကျင်းပပြီးစီးသည့် မွန်အဖွဲ့အစည်းများ၏ (၂၁)…
Add a comment...
Wait while more posts are being loaded