Profile cover photo
Profile photo
Trading Myanmar Ad Portal
168 followers -
Myanmar Classified Ads | မြန်မာ အခမဲ့ ကြော်ငြာ | Myanmar Advertising
Myanmar Classified Ads | မြန်မာ အခမဲ့ ကြော်ငြာ | Myanmar Advertising

168 followers
About
Posts

Post has attachment
နေ့စဉ်စားသုံးသင့်တဲ့အစားအစာများ

နေ့စဉ်စားသုံးတဲ့အစားအသောက်စာရင်းမှာထည့်သွင်းစားသုံးသင့်တဲ့သင့်ရဲ့ခန္ဓာကိုယ်ကိုအကျိုးပြုစေမဲ့အစားအစာတွေကတော့...

ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ ဘက်တီးရီးယားနဲ့ရောဂါပိုးတွေကိုသေစေနိုင်တဲ့အစွမ်းရှိတဲ့အတွက် နေ့စဉ်ဟင်း ချက်တဲ့အခါထည့်သွင်းချက်ပြုတ်စားသုံးပေးသင့်ပါတယ်။

ပန်းငရုပ်ပွ
ပန်းငရုပ်ပွဟာဆိုရင်လည်း Antioxidant ကြွယ်ဝစွာပါရှိတဲ့အတွက် စားသုံးပေး သင့်ပါ တယ်။

ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်ကိုစားသုံးပေးခြင်းဖြင့်အရွယ်မတိုင်ခင်အိုမင်းခြင်းကိုကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေကိုလဲကာကွယ်ပေးပါတယ်။

ခရမ်းချဉ်သီး
ဗီတာမင်စီကြွယ်ဝစွာပါစေတဲ့အပြင်နှလုံးရောဂါနဲ့ကင်ဆာရောဂါတွေကိုပါကာကွယ်လျော့ချပေးနိုင်ပါတယ်။

ဂရိပ်ဖရု
ဂရိပ်ဖရုသီးကတော့ အသည်းရဲ့လုပ်ဆောင်မှုကိုမြှင့်တင်ပေးနိုင်ပါတယ်။

ထောပတ်သီး
ထောပတ်သီးကိုစားသုံးပေးခြင်းဖြင့် ကိုလက်စထရော ကိုကျဆင်းစေပါတယ်။

သခွားသီး
သခွားသီးမှာတော့ရေဓာတ်ပြည့်ဝစွာပါဝင်တဲ့အတွက် နေ့စဉ်စားသုံးပေးသင့်ပါတယ်။

Ref-Scoopnest.com
goo.gl/tor9NA
Add a comment...

Post has attachment
ကိုယ်အလေးချိန်တက်စေမဲ့စားသောက်မှုပုံစံများ

ခန္ဓာကိုယ်အလေးချိန်ပိုမိုတက်စေပြီး ကြီးထွားအောင်ကူညီပေးမဲ့ အချက်များကိုဖော်ပြပေးလိုပါတယ်။

သင်နေ့စဉ်စားတဲ့ ကယ်လိုရီ ပမာဏကိုတွက်ချက်ရပါမယ်။မိမိနေ့စဉ်စားတဲ့ကယ်လိုရီ ၅၀၀ ခန့်ပိုမိုစားပေးပါ။ တကယ်လို့ ၂ ပတ်အတွင်းမထူးခြားသေးရင် နောက်ထပ် ကယ်လိုရီ ၅၀၀ ခန့်ပိုမိုစားပေးပါ။ လုံလောက်တဲ့ကယ်လိုရီပမာဏစား သုံးဖို့ဟာသင့်ရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးစေဖို့အဓိကလိုအပ်တဲ့အချက်ပါ။

သင်ရဲ့နေ့စဉ်အစားစာကိုသေချာရွေးချယ်ပါ။နို့နှင့်နို့ထွက်ပစ္စည်းများ၊အသား၊ငါး နဲ့ဂျုံစတာတွေကို အဓိကစားသုံးပေးပါ။ ပရိုတင်းနဲ့ကစီဓာတ်ကြွယ်ဝစွာပါတဲ့ အစားအစာတွေကိုပိုမိုစားသုံးပေးပါ။ပဲအမျိုးမျိုး အာလူး ဆန်စတာတွေကလဲသင့်ရဲ့ကိုယ်အလေးချိန်တက်ဖို့ကူညီပေးတဲ့အစားအစာတွေပါ။

ခန္ဓာကိုယ်အလေးချိန်တက်စေဖို့နဲ့ကြီးထွားဖို့ဆိုတာပရိုတင်းဓာတ်များစွာလိုအပ်ပါတယ်။ကြွက်သားတွေကိုဖွံ့ဖြိုးစေပြီးသင့်ရဲ့ကိုယ်အလေးချိန်တက်ဖို့ပရိုတင်းဓာတ်ဟာလိုအပ်ပါတယ်။ဒါပေမဲ့လည်း သင်ကယ်လို ရီတက်စေဖို့စားတဲ့အစားအစာတွေပါကာဗွန်ဟိုက်ဒရိတ် နဲ့အဆီဓာတ်တွေပါဝင်တာကြောင့် ပရိုတိန်းကြီး ပဲစားဖို့မလိုပါဘူး။ကယ်လိုရီပမာဏများတဲ့ သရေစာတွေကိုစားသုံးပေးပါ။ချိစ်ပါဝင်တဲ့မုန့်များ၊ဒိန်ချဉ်နဲ့ Milk shake စတာမျိုးတွေပါ။

Work out လုပ်တဲ့အခါမှာပြင်းပြင်းထန်ထန်ကြိုးစားလုပ်ပေးပါ။ သင့်ရဲ့ခန္ဓာကိုယ်ကိုအဆီတွေ နဲ့မကျစ်မလစ်ပုံစံမျိုးနဲ့ကြီးထွားတာထက် ကြွက်သားတွေဖွံ့ဖြိုးပြီးကျစ်လစ်တဲ့ပုံမျိုးနဲ့ ကြီးထွားလိုရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်။

စိတ်ရှည်ရပါမယ်။ အထက်ပါအချက်တွေကိုလိုက်နာကျင့်သုံးပေမဲ့ချက်ချင်းမသိသာသလိုခံစားနေတာမျိုး မဖြစ်သင့်ပါဘူး။ စနစ်တကျနဲ့မှန်မှန်သာစိတ်ရှည်ရှည်နဲ့ပြုလုပ်သွားမယ်ဆို ကျန်းမားဖွံဖြိုးတဲ့ ခန္ဓာကိုယ်ကို ရလာနိုင်ပါတယ်။အပေါ်ကအချက်တွေကိုလိုက်နာရင် တစ်ပတ်ကို ၂ ပေါင် ကနေ ၃ ပေါင်အထိတက်နိုင်ပါ တယ်။

Ref - ganingweightblogspot

goo.gl/evxwH3
Add a comment...

Post has attachment
မီးဖိုချောင်သုံးပစ္စည်းများဖြင့်အသားအရည်ထိန်းသိမ်းကြမယ်

သင့်ရဲ့အသားအရည်နဲ့အရေပြားပြဿနာတွေကိုဖြေရှင်းပေးဖို့နည်းလမ်းအချို့ကိုမျှဝေပေးလိုပါတယ်။ ပြုလုပ်ရတာလွယ်ကူတဲ့အပြင် လူတိုင်းလုပ်နိုင်တဲ့နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။

သင့်ရဲ့အသားအရည်ကိုတင်းရင်းပြီးငယ်ရွယ်နုပျိုစေရန် ကော်ဖီမှုန့် နဲ့ ပျားရည်ကို စားပွဲတင်ဇွန်း ၂ ဇွန်းစီရောပြီး FaceMask အနေနဲ့ရော Body Mask အနေနဲ့ပါသုံးပြုပေးနိုင်ပါတယ်။

ယခုခေတ်စားနေတဲ့ တောက်ပကြည်လင်တဲ့ Glow Skin မျက်နှာလေးကိုရလိုရင်တော့ သံပရာရည်နဲ့ ဒိန်ချဉ်ကို ရောစပ်ပြီး Face Mask အနေနဲ့အသုံးပြုလို့ရပါတယ်။

ကျန်းမာစိုပြေပြီး ဝင်းမွတ်တဲ့ Healthy Skin ကိုရလိုရင်တော့ နနွင်းမှုန့် နဲ့ အုန်းဆီ ကိုရောစပ်ပြီး Body Mask အနေနဲ့အသုံးပြုလို့ရပါတယ်။

မျက်နှာပေါ်ကဝက်ခြံတွေကိုသက်သာစေချင်ရင်တော့ သစ်ကြပိုးခေါက်မှုန့်နဲ့ ပျားရည်ကိုရောစပ်ပြီး Face Mask အနေနဲ့အသုံးပြုပေးပါ။

မျက်နှာအသားအရေတွေညစ်နွမ်းနေလို့စိတ်ညစ်နေရင်တော့ သံပရာရည်နဲ့ပျားရည်ကိုရောစပ်ပီး Mask အနေနဲ့အသုံးပြုပေးပါက ကြည်လင်လာစေပါတယ်။

Ref-Theindianspot.com
goo.gl/FNNkDJ
Add a comment...

Post has attachment
Coca-Cola ရဲ့မထင်ထားရတဲ့ ကောင်းကျိုးအချို့

ကျတော်တွေ Coca-Cola သောက်သောက်နေတာဟာ အချိုရည်တစ်မျိုးအနေနဲ့လောက်သာ သိခဲ့တာပါ။ ဒါ
ပေမဲ့ ထင်မထားလောက်အောင် Coca-Cola မှာ ကောင်းကျိုးလေးတွေ ရှိခဲ့ပါတယ်။ ကဲဘာတွေဖြစ်မလဲဆို
တာကိုတော့….

(၁) အစားချေပျက်နိုင်ခြင်း
သိပံ္ပပညာရှင်တွေနဲ့ ဆရာဝန်တွေရဲ့ စမ်းသပ်ချက်တွေအရ Gastric Phytobezoar ဖြစ်နေတဲ့လူတွေအတွက် အကောင်းဆုံးကုသနိုင်တဲ့ နည်းလမ်းတွေမှာ Coca-Cola ပါဝင်တယ်လို့ သိရှိရပါတယ်။ အစာအိမ်လမ်းကြောင်းမှာ အစာကျေဖို့ ခက်ခဲနေတဲ့ ပြဿနာကို Coca-Cola ကဖြေရှင်းပေးနိုင်ပါတယ်။

(၂) သကြားဓာတ်ရရှိခြင်း
ဆရာဝန်အများစုရဲ့ အကြံပေးမှုတွေအရမှာဆိုရင် သကြားဓာတ်လိုအပ်နေတဲ့ သူတွေကိုဆိုရင် အခွံမာသီးများ စားစေခြင်း သစ်သီးအချို့ကို စားစေခြင်းနဲ့ လိုအပ်နေတဲ့ သကြားဓာတ်ကိုပြန်လည် ရရှိစေရန် တိုက်တွန်းတက်ကြပါတယ်။ ဒါပေမဲ့ ရှောင်လွှဲလို့မရတဲ့ အခြေအနေတစ်ခုခုဖြစ်လာခဲ့ရင်တော့ Coca-Cola
သောက်ခြင်းကနေ သကြားဓာတ် လျော့နည်းခြင်းကို မိနစ် ၃၀ ကနေ ၁ နာရီ အထိရရှိစေပါတယ်။

(၃) မူးဝေအော့အန်ခြင်းကို ပျောက်ကင်းစေခြင်း
တခါတလေ မှာဖြစ်တတ်တဲ့ ခေါင်းမူးခြင်း၊ အော့အန်လာခြင်းတွေကို သက်သာစေ ချင်တယ်ဆိုရင်တော့ Coca-Cola တစ်ခွက်လောက် သောက်လိုက်ခြင်းက အနည်းနဲ့ အများသက်သာစေပါတယ်။

(၄) သံချေးနဲ့ အညစ်အကျေးများကိုဆေးနိုင်ခြင်း
ဒီတစ်ချက်ကတော့ လုံးဝကို အံ့အားသင့်စေနိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။ သံချေးတက်နေတဲ့ အရာဝတ္ထုတွေ ကို Coca-Cola နဲ့ သန့်ရှင်းလို့ရနိုင်ပါတယ်။ ဘေစင်တွေ ချေးကပ်နေ ရင်လည်း Coca-Cola နဲ့ သန့်ရှင်းဆေးကြောနိုင်ပါတယ်။

မှတ်ချက်။ Coca-Cola ဟာ ဒူးရင်းသီးနဲ့ လုံးဝလုံးဝ ကိုမတည့်ပါဘူး၊ ဒူးရင်းသီးနဲ့ Coca-Cola ကိုတွဲဖက်စားသောက်မိမယ်ဆိုရင် အသက်အန္တရာယ်ကို ဆိုးရွားစွာထိခိုက်စေတဲ့ အတွက်ပဲဖြစ်ပါတယ်။ နောက်တစ်ချက် Coca-Cola နဲ့ ပူရှိန်းတွေနဲ့လည်း မတည့်တဲ့ အထဲမှာပါဝင်တဲ့ အတွက် သတိထားစေချင်ပါတယ်။

Ref - bt
goo.gl/N2E4oM
Add a comment...

Post has attachment
ချစ်စဖွယ်ကျန်းမာစိုပြေတဲ့ နှုတ်ခမ်းဖူးဖူးလေး ရရှိနိုင်မဲ့အလွယ်နည်းလမ်းလေးတွေ


နူးညံ့လှပပြီးဖူးဖူးပြည့်ပြည့်နှုတ်ခမ်းသားတစ်စုံကိုတော့မိန်းကလေးတိုင်းလိုချင်ကျပါတယ်။ဒါကြောင့် အလွယ်တကူနဲ့အဆင်ပြေစေမဲ့နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

1.Vaseline

Vaseline ကိုလိမ်းပေးခြင်းဟာနှုတ်ခမ်းသားကိုအစိုဓာတ်ပေးကာနူးညံ့စေတဲ့အပြင်နှုတ်ခမ်းသား ကိုပြည့်တင်းစေပါတယ်။

2.Honey & Brown Sugar

ပျားရည်နဲ့သကြားညိုကိုရောပြီး နှုတ်ခမ်းသားကိုပွတ်တိုက်ပေးပါက ဆဲလ်သေတွေ ကိုလျော့နည်းစေပြီး နှုတ်ခမ်းသားခြောက်တာတွေ အဖက်လန်တာတွေ အတွက်လဲ အထူးသင့်လျော်ပါတယ်။ပုံမှန်လုပ်ပေးပါ နှုတ်ခမ်းသားညိုမဲတာကိုပျောက်ကင်းစေပြီး ပန်းနုရောင်သန်းကာလှပစေမှာပါ။

3.Olive & Sugar

သံလွင်ဆီနဲ့သကြားကိုရောပြီးလိမ်းပေးခြင်းဟာလည်းနှုတ်ခမ်းသားကိုချောမွေ့ပြီးတောက်ပစေပါတယ်။

4.Coconut Oil

အုန်းဆီဟာနှုတ်ခမ်းသာညိုမဲပြီးခြောက်သွေ့တာအတွက်အထူးသင့်လျော်ပြီး စိုပြေနူး ညံ့စေပါတယ်။ ဆဲလ်သေတွေကိုဖယ်ရှားနိုင်ပြီး နှုတ်ခမ်းသားကိုနူးညံ့စေပါတယ်။

5.Lemon Juice

သံပရာရည်ကိုနှုတ်ခမ်းပေါ်သုတ်လိမ်းပေးပါကလည်းနှုတ်ခမ်းသားကိုတောက်ပြောင်စေပြီး လှပစေပါတယ်။

6.Lip Balm

ညအိပ်ရာမဝင်ခင် နှုတ်ခမ်းပေါ်ကို Lip Balm သုံးပေးပါ။ နူးညံ့ပြီး နှုတ်ခမ်းသားခြောက်ပြီး အ ဖက်လန်တာ မျိုးတွေကိုဖယ်ရှားပေးနိုင်ပါတယ်။

Ref-consumerhealthdigest
goo.gl/5vkKEr
Add a comment...

Post has attachment
အသင့်စားအစားအစာတွေရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးများ

ယနေ့ခေတ်မှာ အသင့်စားအစားအစာတွေပေါများလာပြီး လူတွေကလဲ အချိန်ကုန်သက်သာစေပြီး ဝယ်ရတာလွယ်ကူတာကြောင့် အသင့်စားအစားအစာတွေကို နှစ်ခြိုက်စွာစားသုံးနေကျပါပြီ။များ သောအားဖြင့် အသင့်စားအစားစာတွေမှာ အဆီ၊ ဆား နဲ့ သကြားတွေများစွာပါဝင်ပြီး ကယ်လိုရီ ပမာဏလဲမြင့်မားစွာပါဝင်ပါတယ်။ အသင့်စားအစားအစာတွေဟာ ပုံမှန်အိမ်မှာ ဒါမှမဟုတ် စားသောက်ဆိုင်မှာ ချက်ပြုတ်ထားတဲ့အစားအစာတွေထက် ဆား၊သကြားနှင့် အဆီပမာဏပိုမိုပါဝင်ပြီး တာရှည်ခံစေရန်လူတွေပြုလုပ်ဖန်တီးထားတဲ့တခြားမလိုအပ်တဲ့ Chemical တွေပါဝင်တဲ့အပြင် တစ်ခါတစ်ရံ ဘက်တီရီးယားတွေကိုပေါက်ဖွားစေနိုင်ပြီး ကျန်းမာရေးကိုထိခိုက်စေပါတယ်။ အစားအစာတွေကိုကြော် လိုက်ရင်သူ့မှာပါဝင်တဲ့ လိုအပ်တဲ့အာဟာရဓာတ်တွေကိုဆုံးရှုံးစေပြီး အသင့်စားအစားစားတွေမှာ ကြော်ထားတဲ့ အစားအစာတွေပိုမိုများပြားပြီး အသီးအရွက်နဲ့အသီးအနှံစတာတွေကိုတော့ အနည်းငယ်ပဲပါဝင်တာမြင်တွေ့ရပါတယ်။ဘယ်လိုပင် အသင့်စားအစာတွေဟာ ကျန်းမာရေးနဲ့ မသင့်တော်သောလည်း မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ် ကမ္ဘာတစ်ဝှမ်းမှာ အသင့်စားအစားတွေကို ဆိုင်ကြီးတွေမှာ ရောင်းချပြီး လွယ်ကူမြန်ဆန်ပြီးအရသာရှိတဲ့အတွက်လူတွေဟာလဲ နှစ်ခြိုက်စွာ စားသုံးနေကျပါတယ်။အချိန်မပေးနိုင်တဲ့သူတွေအတွက်ကြာရှည်စွာအထားခံတဲ့အပြင် ရွေးချယ်စရာတွေ လဲပေါများပြီး အလွယ်တကူစားလို့ရပါတယ်။ဈေးဆိုင်တွေ စူပါမားကတ်တွေမှာအလွယ်တကူဝယ်ယူလို့ရသလိုချက်ပြုတ်ရမဲ့အချိန်လဲပေးစရာမလိုတဲ့အားသာချက်တွေကြောင့် စားသုံးနေကျဆဲပါပဲ။

Ref – apessay
goo.gl/5o215h
Add a comment...

Post has attachment

အလှအပအတွက် အာလူးရဲ့အသုံးဝင်ပုံများ

အာလူးစားသုံးခြင်းဟာအာဟာရဓာတ်ကြွယ်ဝပြီးကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေတဲ့အပြင် ဟင်းလျာပေါင်း များစွာချက်ပြုတ်လို့ရတဲ့ အရသာရှိတဲ့အစားအစာပါ။ ဒါပေမဲ့ သင် မသိသေးတဲ့အာလူးရဲ့ အလှအပအ တွက်အသုံးဝင်တဲ့နည်း လမ်းကောင်းတွေ ရှိပါသေးတယ်...

အာလူးကိုအခွံမခွာပဲတစ်နာရီခန့်ပြုတ်ပေးပါ။ ထို့နောက်အာလူးတွေကိုဖယ်ထုတ်လိုက်ပြီး အဆိုပါပြုတ်ရည် ကိုအအေးခံထားပါ။ ခေါင်းလျော်လျင်အဆိုပါပြုတ်ရည်ဖြင့်လျော်ပေးပါ။ သင့်ရဲ့ဆံသားတောက်ပပြီး လှပနေစေ မှာဖြစ်ပါတယ်။

အာလူးကိုကျိတ်ချေပြီးရရှိတဲ့အရည်နဲ့ရှားစောင်းလက်ပတ်အရည်ကိုရောနှောပြီးဦးရေပြားကိုနှိပ်နယ်လိမ်းပေးပါက ဆံပင်ကျွတ်ခြင်းကိုသက်သာပျောက်ကင်းစေပါတယ်။

အာလူးကိုကျိတ်ချေပြီးရရှိတဲ့အရည်နဲ့ပျားရည်ကိုရောနှောပြီး Mask အဖြစ်မျက်နှာပေါ် လိမ်းပေးပါ။ မိနစ် ၂၀ အကြာဆိုရေနွေးနွေးဖြင့်ဆေးကြောလိုက်ပါ။ ဝက်ခြံနဲ့အမဲစက်တွေ ကိုမှေးမှိန်စေတဲ့သဘာဝ Mask ပဲဖြစ်ပါတယ်။

အာလူးကိုပါးပါးလှီးပြီးရေခဲသေတ္တာထဲအချိန်အနည်းငယ်ထည့်ထားပါ။ ညအိပ်ခါနီး အချိန်မျက်ကွင်းတစ်ဝိုက် ဧရိယာကိုအဆိုပါအာလူးဖြင့်ကပ်ပေးပါက မျက်ကွင်းညိုခြင်း ကိုသက်သာစေပါတယ်။

Ref – Heindiaspot
goo.gl/KK2Mb5
Add a comment...

Post has attachment
ပတ္တမြားအကြောင်းတစ်စေ့တစ်စောင်း

ပတ္တမြားဆိုတာနဲ့ ပတ္တမြားမြေမိုးကုတ်ကိုပြေးမြင်ကျမှာပါ။ ဒီတစ်ခေါက်ဖော်ပြပေး မှာကတော့….. ကမ္ဘာ့အကောင်းဆုံး ပတ္တမြားကို မိုးကုတ်မြို့ကနေထွက်ရှိပြီး တန်ဖိုးအားဖြင့်လဲမြင့် မားပါတယ်။ ပတ္တမြားဘုန်းတောက်လို့ဆိုသည့်အတိုင်း ဝတ်ဆင်တဲ့သူအပေါ် ဘုန်းတန်ခိုးကြီးမားစေပြီး တောက်ပတဲ့အနီရောင်အဆင်းရှိတဲ့ ပတ္တမြားဟာ အလွန်လဲလှပပါတယ်။ The sunrise ruby လို့အမည်ရတဲ့ 25.59 ကာရက်ရှိ မိုးကုတ်မြေမှ ပတ္တမြားကိုဒေါ်လာ 30,335,698 ဖြင့် 2015 မေလမှာလေလံ တင်ရောင်း ချခဲ့ပြီး အကောင်းဆုံးပတ္တမြား လို့သတ်မှတ်ထားပါတယ်။ ဇူလိုင်လဖွားများအတွက် အဆောင်ကျောက်လဲဖြစ်ကာ မာခြင်းအဆင့် ၉ ရှိပြီး စိန်ပြီးပါက ဒုတိယအမာဆုံး ဖြစ်သော်လည်း စိန်ထက် လေးလံသော ကျောက်မျက်ရတနာ ဖြစ်ပါတယ်.. ပတ္တမြားတွင် လိမ္မော်နီရောင်၊ ခရမ်းရောင်၊ ပန်းရောင် ၊ အနီရောင်စသည့် ရောင်ခြယ်လေးများ ပါဝင်နေသော်လည်း အနီရောင်စစ်စစ် ရဲရဲနီနေသော ပတ္တမြားကသာ အရည်အသွေးအကောင်းဆုံး နှင့် တန်ဖိုးအကြီးဆုံး အဖြစ်သတ်မှတ်ကြပါတယ်.. အကောင်းဆုံး အရည်အသွေးရှိ ပတ္တမြားတစ်လုံးကို တွေ့ရှိရန်မှာ စိန်ကောင်းတစ်လုံးကို တွေ့ရှိဖို့ထက် ပိုပြီး ခက်ခဲကြောင်း သိရှိရပါတယ်… အနီရောင် ပတ္တမြားသည် အမျိုးသားများအတွက် စိတ်အားထက်သန်ပြင်းပြမှုကို ဖော်ဆောင်တာကြောင့် အမျိုးသားများနဲ့ ပိုပြီးလိုက်ဖက်တယ်လို့ ဆိုပါတယ်.. ပတ္တမြားကို ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးလိုက်တဲ့အခါ အနီရောင်မှ ပန်းရောင်သို့ပြောင်းလဲသွားပြီး အေးသွားလျှင်မူလ အနီရောင်သို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရပါတယ်.. ပတ္တမြားဟာ ၏အနှစ်၄၀ပြည့် ကိုယ်စားပြု အထိမ်းအမှတ် ရတနာတစ်ပါးလည်း ဖြစ်ပြီး. ၎င်းကို ဝတ်ဆင်ထားသူ၏ စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်မြောက် လာဖို့တွန်းအားပေးနိုင်စွမ်းရှိတယ်လို့ အချို့က ယုံကြည်လက်ခံကြကြောင်း သိရပါတယ်.. အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ခါနီးတွင် ပတ္တမြားအရောင်မှာ ပိုပြီး ရင့်လာကြောင်း အန္တရာယ်တို့မှ လွန်မြောက်သွားသောအခါ မူလအရောင်သို့ ပြန်ပြောင်းသွားတတ်ကြောင်း မှတ်သားရပါတယ်။

ပတ္တမြားသည် ဝတ်ဆင်သူအား-

၁. ပျော်ရွှင်ချမ်းမြေ့ခြင်းကို ယူဆောင်ပေးနိုင်ခြင်း
၂. အမျိုးသားများ ကာယသုခရရှိစေ၍ ကျန်းမာသန်စွမ်းစေခြင်း
၃. ခွန်အားပြည့်ဝကာ ဆွဲဆောင်မှုကောင်းစေခြင်း
၎. မိတ်ဆွေတိုးပွားစေခြင်း
၅.ပစ္စည်းဥစ္စာ များကို စောင့်ရှောက်ပေးခြင်း
၆.မကောင်းသော ဘေး၊ မကောင်းသော လွှမ်းမိုးခံရခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်း
၇. ဆိုးဝါးသော ရာသီဥတုဘေးဒဏ်ကျရောက်စေခြင်းမှ ကာကွယ်နိုင်ခြင်း စသည့် အစွမ်းသတ္တိများ ရှိသည်ဟု သိရပါသည်။

Ref – သုတကမ္ဘာ
goo.gl/SV7vJS
Add a comment...

Post has attachment
Both Bungalow and Deluxe types are available. Promotion price till end of September. Book now!

Contact Number: 9440046117
Add a comment...

Post has attachment
မကြာခင်ဈေးကွက်ထဲရောက်လာတော့မည့် လူရဲ့အရေပြားပေါ်က ဖုန်း

လက်ကောက်ဝတ်အရေပြားကို မျက်နှာပြင်အဖြစ် ထိတွေ့အသုံးပြုလို့ရမယ့် လက်ကောက်ဝတ်ဖုန်းတစ်မျိုး ဈေးကွက်ထဲရောက်လာတော့ပါမယ်။ Cicret လို့ခေါ်တဲ့ ဒီလက်ကောက်ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို အစားထိုးဖို့ ရည်ရွယ်ထုတ်လုပ်ထားတာလို့ ဆိုပါတယ်။

လက်ကောက်ထဲမှာ အသေးစားပရောဂျက်တာကို ထည့်ထားတာ ဖြစ်ပြီး အရေပြားမျက်နှာပြင်ကို ထိတွေ့အသုံးပြုနိုင်ဖို့ ဆင်ဆာ ၈ ခုအသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဘလူးတု၊ ဝိုင်ဖိုင်တို့အပြင် USB ပေါက်ပါ ပါဝင်တယ်လို့ ဆိုပါတယ်။ ဖုန်းခေါ်ဆိုခြင်း၊ အီမေးအသုံးပြုခြင်း၊ ဗီဒီယိုကြည့်ခြင်း စတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။

လက်ကောက်ကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး လာမယ့် ဇွန်လထဲမှာ ဈေးကွက်ထဲရောက်လာနိုင်ပါတယ်။ 16 GB နဲ့ 32 GB ဆိုပြီး နှစ်မျိုးဖြစ်ပါတယ်။ အရောင်ကိုတော့ ၁၀ မျိုးရွေးချယ်နိုင်ပြီး ရောင်းဈေး လက်ကောက်ကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး လာမယ့် ဇွန်လထဲမှာ ဈေးကွက်ထဲရောက်လာနိုင်ပါတယ်။ 16 GB နဲ့ 32 GB ဆိုပြီး နှစ်မျိုးဖြစ်ပါတယ်။ အရောင်ကိုတော့ ၁၀ မျိုးရွေးချယ်နိုင်ပြီး ရောင်းဈေး အမေရိကန်ဒေါ်လာ ၄၀၀ လောက်ကျမယ်လို့ဆိုပါတယ်။

ဗွီဒီယိုကို ဒီလင့်(ခ်)မှာ ကြည့်ပါ။ https://www.youtube.com/watch?v=9J7GpVQCfms

http://ow.ly/Sojb3038WMU http://ow.ly/i/m1IPK
Photo
Add a comment...
Wait while more posts are being loaded