Profile cover photo
Profile photo
ကမ်း လက်
1,689 followers -
“ကန်ရေကလဲ့လွန်းတော့ လရောင်ကို ငုံ့နမ်းမိကြပေါ့ ...”
“ကန်ရေကလဲ့လွန်းတော့ လရောင်ကို ငုံ့နမ်းမိကြပေါ့ ...”

1,689 followers
About
ကမ်း's posts

Post has attachment
စင်္ကာပူမှာရှိတဲ့ တရုတ်လူမျိုးတွေက နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးတွေမှာ ကန့်သတ်ဟန့်တားမှုမရှိဘဲ လူနည်းစုတွေကို ဦးဆောင်မှု ပေးနိုင်တယ်။
မလေးရှားမှာဆို လီကွမ်းယုလည်း ဒီလို ဇာတ်လမ်းမျိုး မရေးနိုင်ဘူး။ ဒါက သေချာတယ်။
တရုတ်တွေကြားမှာလည်း သဘောတူ၊ မတူကိစ္စတွေရှိတယ်။ လေ့လာ မိသလောက်ကတော့ တရုတ်အများစုက ဘယ်တော့မှ အလုပ်ပျက်ခံပြီး ငြင်းခုံမနေကြဘူး။
နိုင်ငံတစ်နိုင်ငံမှာ အများစုရှိတဲ့လူမျိုးက ဦးဆောင်နေရာကို ရယူနိုင်ရင်၊ ဦးဆောင်စွမ်းရည်ရှိရင် တိုးတက်ဖို့ မြန်တာပါပဲ။
သူက အဓိက မောင်းနှင်အား၊ နေးရှင်းတစ်ခုရဲ့ ပင်မ ကာရိုက်တာ။
ဥပမာ။ အမေရိက၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ ကိုရီးယား။
မလေးရှားကတော့ "ဘူမိပုတြ" ဝါဒနဲ့ မအောင်မြင်လှဘူး။
ဇင်ဝေသော်

Post has attachment
NUS (National University of Singapore) ကျောင်းသားလေးတွေရဲ့ ပထမ ဆီမိနာ။ ဒီနေ့ ညနေ။ ညနေ။ လူငယ်နဲ့ ဗုဒ္ဓဘာသာ လမ်းစဉ်အကြောင်း ပေါ့ပေါ့ပါးပါး ပြောမယ်။

Post has attachment
(မျက်နှာဖုံးပေါ် တင်ထားတဲ့ဝါကျတွေကတော့ စာဟန်၊ စကားပြောဟန် ရောနေလေရဲ့ ဆျာကျော်ရေ။ အဟက်)
ပထမဆုံး ဘာသာပြန်ဝတ္ထု၊
စာရေးဟန်နဲ့ တစ်အုပ်လုံး ပထမဆုံးရေးတဲ့ ဘာသာပြန်ပါ။

Post has attachment
မစ္စတာချိုင်းနားကို ဘာသာပြန်ပြီးတဲ့နောက် တရုတ်ကို ထောက်ခံ/လက်ခံလာမိတယ်။ ပါးပါနပ်နပ် ကိုင်တွယ်နိုင်ရင် (တကယ်က မြန်မာကိုယ်တိုင်ကလည်း အားနည်းချက်တွေ အများကြီးပါ) တရုတ်က အဆိုးကြီး မဟုတ်ပါဘူး။
နောက်ပြီး သူက အာရှတန်ဖိုးကို ကြွေးကြော်မယ့် စူပါပါဝါလည်း ဖြစ်လာနေတယ်။ ဂျပန်ရှိပေမဲ့ ဂျပန်က တရုတ်နဲ့စာရင် ဝိတ်သေးတယ်။ ဖြစ်ချင်သလိုဖြစ် စာချုပ်မချုပ်မိဖို့ပဲ။ ဒေါ်စုကိုယ်တိုင် စာချုပ်ချုပ်တယ်ဆိုတော့ (သူ့ထက်ယုံရမယ့်လူလည်း မြန်မာပြည်မှာမရှိဘူး) လက်ခုပ်တီးပါတယ်။

Post has attachment
ဒီနေ့ မစ္စတာချိုင်းနား ဘာသာပြန်ကို အောင်မြင်စွာ အဆုံးသတ်လိုက်နိုင်ပါပြီ။ ကမ္ဘာ့နိယာမပြီးရင် ထွက်လာဖို့ပါပဲ။
မူရင်းစာရေသူ တင် ကလစ်ဆိုးလ်ကတော့ ဒီစာအုပ်ကို ဖတ်ရှုပြီး တရုတ်လူမျိုးတွေဟာ ထင်သလောက် နားလည်ရ မခက်၊ ထင်သလောက် ကြောက်စရာ မကောင်း။ ကျွန်တော်တို့အားလုံးနည်းတူ ချစ်စရာတွေပါပဲဆိုတာကို စာဖတ်သူတွေ သဘောပေါက်မိကြမယ်ဆိုရင် ဒီစာအုပ် ရေးရကျိုး နပ်တယ်လို့ ဆိုထားပါတယ်။
စာအုပ်တင်မကပါဘူး။ စားရေးသူ တင် ကိုယ်တိုင်ကလည်း အတော် စိတ်ဝင်စားစရာကောင်းပါတယ်။ တရုတ်စာ ရေးနိုင် ဖတ်နိုင် ပြောနိုင်။ ဘေဂျင်းတက္ကသိုလ်ထွက် အင်္ဂလိပ်လူမျိုး။ ဘာသာရေးစကားနဲ့ဆို့ရင် တရုတ်သေလို့ ဝင်စားတဲ့ လူမျိုးပါ။
ဇင်ဝေသော်

Post has attachment

Post has attachment
၁။ မစ္စတာချိုင်းနားကို ၂၀၀၆ ခုလောက်က Gina က 'ဖတ်ကြည့်ပါလား၊ စိတ်ဝင်စားစရာကောင်တယ်' ဟု ညွှန်းသဖြင့် ဖတ်မိခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်ကတော့ မိမိတို့နိုင်ငံ၏ အနာဂတ်ကလည်း ဘာမှန်းမသိ၊ မိမိဆီမှာ ကိန်းနေပြီဖြစ်သည့် ဘာသာပြန်ပိုးကလည်း အခုလောက် မထသေးသဖြင့် ဘာသာပြန်ဖို့အထိ စိတ်ကူးမရှိခဲ့ပါ။ သို့သော် စီးပွားရေးတံခါးဖွင့်စ တရုတ်ပြည်၏ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေး နောက်ခံပန်ချီးကားချပ်များကတော့ ထိုအချိန်ကတည်းက ကျွန်တော့်ကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
၂။ လီကွမ်းယု၏ လူတစ်ယောက်ရဲ့ကမ္ဘာ့အမြင် အဆုံးသတ်နေချိန် မစ္စတာချိုင်းနားအကြောင်း ကိုအံ့ထူးနိုင်နှင့် စကားစမိပြီး သူကပဲ ပေါ့ပေါ့ပါးပါး ဒီလိုမျိုးစာအုပ်မျိုးကိုလည်း ဘာသာပြန်သင့်တယ်ဟု အကြံပြုလာသည်။ သူပြောပြီးနောက် စဉ်းစားကြည့်မိတော့ 'အင်း သူပြောတာလည်း မဆိုးဘူး။ လေးလေးလံလံကြီးမဟုတ်ပေမဲ့ တစ်စုံတစ်ရာတော့ စာဖတ်သူတွေ ရနိုင်ပါရဲ့' တွေးမိပြီး ဘာသာပြန်ခဲ့မိခြင်း ဖြစ်ပါသည်။
၃။ မူရင်းစာရေးသူ Tim Clissold ကိုယ်တိုင် ဗုဒ္ဓဘာသာယုံကြည်မှုနှင့်ပြောရလျှင် တရုတ်သေလို့ ဝင်စားလေသလား ပြောရအောင်အောင် တရုတ်ပြည်မကြီးအပေါ် အနုသယ သံယောဇဉ်များ ရှိနေခဲ့သည်။ လူဖြူကျောင်းသား တစ်ယောက်မှမရှိသည့် ထိုခေတ်က ဘေဂျင်းတက္ကသိုလ်လိုနေရာကို သွားရောက်ပြီး တရုတ်စာသင်ယူခဲ့သည့် သူ၏နောက်ခံအကြောင်းတရားကလည်း ကျွန်တော့်အတွက် စိတ်ဝင်းစားမှု ပိုစေခဲ့ပါသည်။

Post has attachment
မြို့တော်ဝန်နှင့် တွေ့ဆုံ၊ နောက်ဆုံး ရုပ်မြင်သံကြားသတင်း အရိုက်ခံရသည်အထိ စောင့်လိုက်ရသည့်အချိန်က ဆယ်ရက်သာ ကြာခဲ့သည်။ သာမန် အားဖြင့်ဆိုလျှင် မြို့တော်ဝန်အဆင့်ကို အသာထား လက်ထောက်ဒါရိုက်တာ တစ်ယောက်နှင့် တွေ့ခွင့်ရဖို့ပင် လပေါင်းများစွာ ကြာမြင့်နေတတ်သည်။ မြို့တော်ဝန်ကတော့ အပြင်လူတစ်ယောက်အနေဖြင့် တွေ့ခွင့်ပင် မရှိ။ နိုင်ငံတော်ကောင်စီက အမေရိကန် ရင်းနှီးမြှုပ်နှံသူများနှင့် ပတ်သက်သည့် သတင်းကိုသာ ကြားနေရပြီး တိုးတက်မှု တစ်စုံတစ်ရာ မတွေ့မြင်ရဟု ဖိအားပေးလာသဖြင့် ဒုတိယမြို့တော်ဝန်က ကျွန်တော်တို့နှင့် အမြန်တွေ့ဆုံပြီး ရုပ်မြင်သံကြားသတင်း ရိုက်ကူးလိုက်ခြင်းသာ ဖြစ်ကြောင်း နောက်မှ ကျွန်တော်တို့သိလိုက်ရသည်။ အစိုးရအရာရှိများ နိုင်ငံရေးသဘော အရ ရုတ်တရက် လာရောက်တွေ့ဆုံပြီး မကြာမီ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခြင်းမျိုးက တရုတ်ပြည်မှာ အထူးအဆန်းတော့ မဟုတ်။ သို့သော် ကျွန်တော်တို့အတွက် အမြတ်ရလိုက်ပါသည်။

Post has attachment

Post has attachment
နိုင်ငံခြားရေးဝန်ကြီးကတော့ ဟုတ်ပြီ။ ဒါဆို သမ္မတအထက်ကဆိုတဲ့ စကားကိုလည်း မေ့ထားလို့ မရပြန်ဘူး။ ဒီတော့....
လူတစ်ယောက်က သမ္မတတာဝန်နဲ့ ကြီးလေးလှတဲ့ နိုင်ငံခြားရေးတာဝန် နှစ်ခုကို ပူးတွဲ တာဝန်ယူထားနိုင်ပါ့မလား။
အခိုက်အတန့်အားဖြင့် ရတယ်ဆိုနိုင်ပေမဲ့ သက်တန်းစေ့ တာဝန်ဆိုရင် ဘယ်လိုလဲ။
ဒေါ်စုကမယ့် ကကြိုးကိုပဲ စောင့်ကြည့်ကြရမယ့်သဘောပါပဲ။
သမားရိုးကျ မဆန်လှတဲ့ နိုင်ငံရေး။ လူနဲ့ ရာထူး စတာတွေကတော့ မြန်မာ့နိုင်ငံရေးမှာ နေရာယူနေတော့မယ်။
Wait while more posts are being loaded