Profile

Cover photo
Htun Lwin
Attended RASU
4 followers|4,423 views
AboutPostsPhotosVideos

Stream

Htun Lwin

Shared publicly  - 
 
ပုသိမ် ခလရ ၃၈ တပ်ပိုင်မြေအတွင်း ကျူးကျော်သည်ဟုဆိုကာ အငြိမ်းစား တပ်မိသားစုများအား ပုဒ်မ ၄၄၇ ဖြင့် တရားစွဲ

Published on: April 5, 2014
Written by: သက်ဆွေ(ပုသိမ်)

ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ရွာသစ်ကုန်းရွာတွင်နေထိုင်သည့် အငြိမ်းစား တပ်မိသားစု(၅)စုနှင့် လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ မိသားစု(၁)စု အား အမှတ် ၃၈ ခြေလျင်တပ်ရင်းပိုင်မြေ အတွင်း ကျူးကျော်နေထိုင်သည်ဟုဆိုကာ ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်တရားစွဲထားကြောင်း သိရသည်။

“အဘွားက ဒီမြေမှာမွေးပြီး ဒီမြေမှာပဲ ကြီးခဲ့တာပါ။ အဘွားခင်ပွန်း ရှိတုန်းကတော့ စိုက်ပျိုးစားသောက်ခဲ့တယ်။ နောက် အမျိုးတွေကို လုပ်ကိုင်ခိုင်းတယ်။ ခုတော့ ရောင်းသင့်တာရောင်းပြီး ကျန်တဲ့မြေလေးမှာ စိုက်ပျိုးစားနေတာ ခုတပ်ပိုင်မြေဆိုပြီးသိမ်းတော့ နေစရာတောင် နေရာမရှိတော့ဘူး။ စိုက်ပျိုးတုန်းကလည်း မြေစာရင်းမှာ ဥယာဉ်မြေအဖြစ် အခွန်ဆောင်ပြီး စိုက်ပျိုးခဲ့တာပါ။ တစ်ရွာလုံးကလည်း ဥယာဉ်မြေပါပဲ” ဟု ကွယ်လွန်သူ အငြိမ်းစား စစ်မှုထမ်းဟောင်း၏ဇနီးဖြစ်သူ အသက် ၈၅ နှစ်အရွယ်ရှိ ဒေါ်အေးသွဲ့က ပြောကြားသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလလယ်ခန့်မှ စတင်၍ အဆိုပါမြေနေရာများအား ၃၈ တပ်ပိုင်မြေများဟုဆိုကာ ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်ပြီး၊ ယင်းမြေယာများပေါ်တွင် တပ်ပိုင်မြေဆိုသည့် ကျောက်စာတိုင်များအား လာရောက်စိုက်ထူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရွာသစ်ကုန်းကျေးရွာသည် အမှတ် ၃၈ ခြေမြန်တပ်ရင်း၏ ရှေ့ကားလမ်းတစ်ဘက်တွင်ရှိပြီး၊ ကျေးရွာတွင် အိမ်ခြေ ၁၈၀ ခန့်ရှိရာမှ တပ်ပိုင်မြေအတွင်း ကျရောက်နေသည်ဆိုသည့် နေအိမ်သုံးလုံးနှင့် ဥယျာဉ်သုံးခု အတွင်းရှိ ခြံမြေအချို့နှင့် လယ်မြေများအား ကျူးကျော်သည်ဟုဆိုကာ ဖယ်ရှားခိုင်းခဲ့ခြင်း ဖြစ်သည်။

ဖယ်ရှားဖျက်သိမ်းခံရသည့် အားလုံးသည် ယခင်တပ်မတော်တွင် တာဝန်ထမ်းဆောင်၍ အငြိမ်းစားယူခဲ့သူများ၊ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်၍ တိုက်ပွဲကျခဲ့သူများ၏ မိသားစုများ၊ ရှေ့တန်းတွင် မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့သူ၏မိသားစုများနှင့် လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ စစ်သည်မိသားစုများ ပါဝင်သည်။

“ကျန်ခဲ့တဲ့လ ၃၁ ရက်နေ့ နေလယ်ပိုင်း အမှတ် ၃၈ တပ်က အင်အားသုံးပြီး အိမ်တွေကို ဖျက်ဖို့လာတာပါ၊ သံတူရွင်းတွေ၊ ရဲတင်းတွေ၊ ဓားတွေ၊ လွှတွေ၊ အစုံနဲ့လာတာ အိမ်တွေကို စဖျက်နေတုန်း ဘာကြောင့်လဲ မသိဘူး၊ မဖျက်တော့ဘဲ သူတို့စိုက်ထားတဲ့ ကျောက်တိုင်တွေကို တစ်တိုင်နဲ့တစ်တိုင် ကြိုးတွေဆွဲပြီး ပြန်သွားတယ်၊ ကျွန်တော်တို့အိမ်တွေကို ဖျက်တာနဲ့ပတ်သက်ပြီး ရဲစခန်းမှာ အမှုသွားဖွင့်တယ်။ ရဲက မှတ်တမ်းပဲ ယူတားတယ် အမှုဖွင့်မပေးဘူး” ဟု ပုဒ်မ ၄၄၇ ဖြင့် တရားစွဲခံထားရသူ တပ်ကြပ် သိန်းလှအောင်က ပြောပြသည်။

“ကျွန်တော်တို့မှာ ဖျက်ရမယ်ဆိုရင် နေစရာလည်း မရှိပါဘူး။ ၀ယ်စရာလည်း ပိုက်ဆံမရှိပါဘူး။ ကျွန်တော်တို့ကို ဒုဗိုလ်မှူးကြီး သက်ထွန်းက ခေါ်တွေ့တုန်းက ပြောလိုက်တယ်။ ရှေ့နေငှားတိုင်ရင် ရှေ့နေကို စစ်တပ်အမိန့်နဲ့ ထောင်ချမယ်။ ယခုအစိုးရက စစ်တပ်၊ စစ်တပ်ကလည်း အစိုးရ၊ အုတ်နံရံကို ခေါင်းနဲ့တိုက်ရင် နင်တို့ပဲခေါင်းကွဲမယ်။ ငါ့ နာမည်သက်ထွန်း စမ်းကြည့်လို့ပြောလိုက်တယ်။ ကျွန်မတို့လည်း ကြောက်လို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းဆီကို တိုင်ကြားစာတွေ ပို့ထားတယ်” ဟု ကွယ်လွန်သူ စစ်မှုထမ်းဟောင်းတစ်ဦး၏ ဇနီးက ပြောကြားသည်။

အဆိုပါ မိသားစုခြောက်ဦးအနက် ငါးဦးအား ပုသိမ်မြို့အမှတ်(၂) ရဲစခန်းတွင် ခလရ ၃၈ မှ တပ်ထောက်ဗိုလ်ကြီး ဘော်နီစိုး က တရားလိုလုပ်ကာ အမှတ်(၂) ရဲစခန်းမှ (ပ) ၅၃/၂၀၁၄၊ ပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုဖြင့် ဧပြီ ၃ ရက်က တရားစွဲဆိုထားပြီး အမှုစစ်အရာရှိ ဒုရဲအုပ် သိန်းမင်းဦးက တရားစွဲဆိုခံထားရသူများအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။
-
ကျူးကျော်သည်ဟုဆိုကာ ဖယ်ရှားခိုင်းသည့် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ဖြတ်ခဲ့ရသော စစ်သည်တစ်ဦး၏နေအိမ်အား တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည် 
1
Add a comment...

Htun Lwin

Shared publicly  - 
 
ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ် စားပါ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီး ဟင်းရွက် တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာဖြစ်နိုင် ခြေ ကို ဖြတ်တောက်နိုင် ကြောင်း

သုတေ သီတွေက ဆိုပါတယ်။ ယခင် လေ့လာမှု အရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥ လိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေ စားတာကြောင့် ကင်ဆာ ဆဲလ်တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါး အသစ်တွေ ထုတ်လုပ် နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ အထူးသဖြင့် ဘရိုကိုလီမှာ ပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ် ကင်ဆာ ဆဲလ်တွေကို ဖျက်ဆီး ပစ်နိုင်တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။ ယခု လေ့လာမှု အရ Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားသူတွေဟာ မစားသူတွေထက် ခံတွင်း ကင်ဆာဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း၊ အစာမျိုပြွန် ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Good Health

Aye Chan Mon# Credit To :မြ၀တီ> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

https://www.facebook.com/photo.php?fbid=597079377050266&set=a.329330483825158.78075.322396224518584&type=1&relevant_count=1
1
Add a comment...

Htun Lwin

Shared publicly  - 
 
ပြည်ပသတင်းသမားများကို ပြည်ဝင်ခွင့်ဗီဇာ ပြန်စည်းကြပ်

By ရွှေအောင်
13 February 2014

မြန်မာအစိုးရက ဂျာနယ်လစ်ဗီဇာထုတ်ပေးတာကို ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။

ဒီလဆန်းက စတင်တဲ့ သတ်မှတ်ချက်အရဆိုရင် ပြည်ပက ၀င်ရောက်ကြတဲ့ သတင်းသမားတွေအဖို့ သတင်းယူခွင့်ကာလ တိုတောင်းသွားစေမှာ ဖြစ်ပါတယ်။

မနှစ် ဇွန်လဆန်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်နဲ့ ဒီဇင်ဘာလထဲ ကျင်းပပြုလုပ်ခဲ့တဲ့ ဆီးဂိမ်းပွဲတွေ ရှိတာကြောင့် ဂျာနယ်လစ်ဗီဇာကို ကာလကြာကြာ ပေးခဲ့ပေမယ့် ဆီးဂိမ်းပွဲအပြီးမှာ ပြန်သုံးသပ်ပြီး အခုလို ပြောင်းလဲ သတ်မှတ်လိုက်တာလို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

အခုအစီအစဉ်အရ ဂျာနယ်လစ်ဗီဇာကို ၃ မျိုးခွဲပြီး ထုတ်ပေးမယ်လို့ သူက ပြောပါတယ်။

“နံပါတ် ၁ ကတော့ ကျနော်တို့ဆီမှာ သတင်းဗျူရိုဖွဲ့ပြီးတော့မှ လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းတွေကို ၆ လအကြိမ်ကြိမ် ပြည်ဝင်ခွင့် ဗီဇာပေးမယ်။ ၂ က အကြောင်းအားလျှော်စွာ သတင်းလာယူတဲ့သူတွေက အများဆုံး ၁ လအထိ ပေးမယ်။ နံပါတ် ၃ က သတင်းတခုအတွက် ဥပမာ အခမ်းအနားတခုအတွက်၊ အာဆီယံ အစည်းအဝေးလိုဟာမျိုးတခုအတွက် အဲဒီ အခမ်းအနား မစခင် ၂ ရက် အခမ်းအနားကျင်းပစဉ်ကာလ ပြီးရင် နောက်ပိုင်း ၂ ရက် အဲဒီလို ပေးမယ်လို့ ပြန်သတ်မှတ်တယ်။”

ပြည်ပသတင်းဌာနတွေက သတင်းထောက်တွေဟာ ပြည်တွင်းအခြေစိုက်ဖွင့်လှစ်ထားတဲ့ သတင်းဗျူရိုက ၀န်ထမ်းတွေလို ကာလရှည်ကြာနေထိုင်ပြီး သတင်းရယူနေကြတယ်။ သတင်းရယူရာမှာလည်း နိုင်ငံခြားသတင်းထောက်များအသင်းနဲ့ အဆက်အသွယ်မလုပ်ဘဲ သီးခြား သတင်းရယူနေကြတာတွေကို တွေ့ရတဲ့အတွက် အခုလို သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ကျင်းပနိုင်ဖွယ်ရှိနေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ရွေးကောက်ပွဲ အကြိုမဲဆွယ်စည်းရုံးရေးကာလ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတဲ့ ထူးခြားတဲ့ မြန်မာနိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်တွေ ရှိနေပါတယ်။

စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးကတော့ ၂၀၁၄ ဟာ မီဒီယာလွတ်လပ်ခွင့်အတွက် စိန်ခေါ်မှုတွေ ရှိနေပြီလို့ သုံးသပ် ပြောပါတယ်။

“၂၀၁၄ ရဲ့ မီဒီယာလွတ်လပ်ခွင့်က အရင်က ၂၀၁၂-၂၀၁၃ တုန်းကလို အရှိန်ကောင်းမလား၊ မကောင်းဘူးလားဆိုတာ အများကြီး စိတ်ပူပန်မှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ် နှစ်ဆန်းပိုင်းမှာ သတင်းထောက်တွေ အယ်ဒီတာတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခြင်း ခံထားရတာမျိုးတွေရှိတယ်။ နောက်တခုက မီဒီယာဥပဒေ အတည်ပြုရေးနဲ့ ပတ်သက်လို့လည်း လွှတ်တော်မှာ ဒီလုပ်ငန်းက နှေးကွေးနေတာမျိုးတွေရှိတယ်။ ဒီကြားထဲမှာ အခုလိုမျိုး ဖြစ်လာတယ်ဆိုရင်တော့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ သတင်းလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နေသူပဲဖြစ်ဖြစ် မသေချာ၊ မရေရာ ကာလမျိုးထဲမှာ လျှောက်လှမ်းနေရသလိုမျိုး ဖြစ်နေဦးမှာပဲ။ အဲဒါဆို ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်တဲ့နေရာမှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ ပတ်သက်လို့ ၂၀၁၄ မှာ စိမ်ခေါ်မှုတွေ ကြုံတွေ့လာရမှာပါ။ ”

ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းဌာနအယ်ဒီတာ ဦးကျော်စွာမိုးကတော့ အခုလို ရုတ်တရက် ဗီဇာပြင်ဆင်သတ်မှတ်လိုက်တဲ့အတွက် အလုပ်လုပ်ရတာ အခက်အခဲတွေ့တယ်လို့ ပြောပါတယ်။

“ချက်ချင်း လက်ငင်းကတော့ အခက်အခဲတွေ့သွားတာပေါ့။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ၃ လတို့ ပုံမှန်ရနေတယ်။ ဗီဇာကိုလည်းပဲ ဒီမှာ သက်တမ်းထပ်ပြီး တိုးခွင့်ရှိတယ်။ ဆိုတော့ ဒီက အလုပ်အကိုင် သတင်းခန်းအတွက် အဆင်ပြေတယ်၊ ချောမွေ့တယ်။ ဘာကြောင့် အရင်က ပေးထားတာကို ချက်ချင်းလက်ငင်းကြီး ပြောင်းပစ်လိုက်တယ်ဆိုတာက မေးခွန်းထုတ်စရာပါ။ ဒီပြန်ကြားရေးဝန်ကြီးဌာနအတွက်ရောပေါ့။ ဒါဟာ ဘယ်လိုသဘောမျိုးနဲ့ လုပ်တယ်ဆိုတာ ကျနော်တို့ မသိရဘူး။ ဒီနောက်ကွယ်မှာရော ဘယ်လိုရည်ရွယ်ချက်တွေ ရှိလဲ၊ ဒါကတော့ မေးခွန်းထုတ်စရာပါ။”

မြန်မာနိုင်ငံမှာ တပ်မတော်အစိုးရလက်ထက်တုန်းက စာနယ်ဇင်းသမားတွေအပေါ် အလွန်အမင်း ကန့်သတ်ခဲ့ရာက လက်ရှိအစိုးရ တက်လာပြီးနောက်မှာတော့ ဖြေလျော့မှုတွေ ရှိခဲ့ပါတယ်။

Aye Chan Mon# Credit To :DVB> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

https://www.facebook.com/photo.php?fbid=595611783863692&set=a.329330483825158.78075.322396224518584&type=1&relevant_count=1
1
Add a comment...

Htun Lwin

Shared publicly  - 
 
တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို ဖမ်းဆီးပေးရန် အင်တာပိုကို စပိန်တရားသူကြီး တောင်းဆို

မက်ဒရစ်၊ ဖေဖော်ဝါရီ ၁၁

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို တိဘတ်ဒေသ၌ လူမျိုးတုံး သတ်ဖြတ်မှု ကျုးလွန်ခဲ့သည်ဟု စပိန်တရားရုံးက စွပ်စွဲလိုက်ပြီး သမ္မတဟောင်းကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုကို စပိန်တရားရုံးချုပ် တရားသူကြီး မာရီနိုက တောင်းဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

တိဗက် လူ့အခွင့်အရေး အုပ်စုတစ်ခုက စပိန်တရားရုံး၌ တရားစွဲဆိုထားခြင်းကြောင့် တရုတ်သမ္မတဟောင်း ကျန်ဇီမင်း၊ ဝန်ကြီးချုပ်ဟောင်း လီပန်းနှင့် အခြားသော တရုတ်အရာရှိ သုံးဦးကို မေးခွန်းမေးနိုင်ရန်အတွက် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကို တရားသူကြီး မာရီနိုက တောင်းဆိုလိုက်သည်။

သို့သော်လည်း စပိန်အာဏာရ ပြည်သူ့ပါတီက ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့်နှင့် ပတ်သက်နေသည့် တရားသူကြီးများ၏ စွမ်းရည်ကို ကန့်သတ်နိုင်ရေး ဥပဒေထုတ်ပြန်ရန် အလျင်အမြန် ကြိုးပမ်းနေခြင်းကြောင့် တရုတ်သမ္မတဟောင်း အမှုမှာ တိုးတက်မှု ရရှိနိုင်မည် မဟုတ်ချေ။

လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်လျှင် နယ်နိမိတ်များကို ကျော်လွှားပြီး တရားစွဲဆိုနိုင်သည်ဟု ကမ္ဘာအနှံ့ တရားစီရင်ပိုင်ခွင့်မူတွင် ဖော်ပြထားသည်။

ယင်းမူကို အသုံးပြုပြီး ချီလီ အာဏာရှင်ဟောင်း သြဂတ်စတိုပီနိုချေကို ၁၉၉၈ ခုနှစ်တွင် လန်ဒန်မြို့၌ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ကျန်းမာရေး အခြေအနေကြောင့် ပီနိုချေကို ချီလီနိုင်ငံသို့ ပြန်သွားခွင့်ပြုခဲ့သည်။

တိဗက်ပြည်သူများအပေါ် အလွဲသုံးစားမှု၊ နှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့သူများအပေါ် တရုတ်သမ္မတ ကျန်ဇီမင်းက ကြီးကြပ် တာဝန်ယူခဲ့ရကြောင်း စပိန်တရားသူကြီး မာရီနို၏ အမိန့်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော အပြုအမူများနှင့် ပတ်သက်၍ တရုတ်နိုင်ငံက လွန်စွာမကျေမနပ် ဖြစ်ရကြောင်း၊ အဆိုပါအရေးမှာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စပိန်နိုင်ငံကို ပြောကြားလိုက်သည်။

တရုတ်နှင့် စပိန်နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမှာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တိုးပွားလာခဲ့သော်လည်း စပိန်နိုင်ငံ၏ စီးပွားရေးမှာ ပဋိပက္ခများနှင့် ကြုံတွေ့နေရခြင်းကြောင့် လက်ရှိတွင် စီးပွားရေးဆက်ဆံမှု တုံ့ဆိုင်းလျက် ရှိသည်။

တရုတ်ကွန်မြူနစ် တပ်ဖွဲ့များက တိဗက်ဒေသကို ၁၉၅၀ ပြည့်နှစ်တွင် သိမ်းပိုက်လိုက်ပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ ဆင်းရဲမှု၊ ကုပ်သွေးစုပ်မှု၊ စီးပွားရေး ကျပ်တည်းမှုများ ကြုံတွေ့နေရသော ဟိမဝန္တာဒေသကို ငြိမ်းချမ်းစွာ လွတ်မြောက်စေလိုက်ခြင်း ဖြစ်သည်ဟု တရုတ်တို့က ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့သော သိမ်းပိုက်မှုကို တိဗက်လူမျိုးများက လက်ခံခြင်းမရှိဘဲ အချို့သော တိဗက်များက တရုတ်သိမ်းပိုက်မှုကို လက်ရှိအချိန်ထိ ဆန့်ကျင်ကန့်ကွက်လျက် ရှိသည်။

တိဗက်ထောက်ပံ့ရေး အုပ်စုနှစ်ခုနှင့် စပိန်နိုင်ငံသား ခံယူထားသည့် တိဗက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တက်ဘန်ဝန်ချန်က တရုတ်သမ္မတဟောင်း ကျန်ဇီမင်းနှင့် အခြားသော ခေါင်းဆောင်များကို ၂၀၀၆ ခုနှစ်မှစတင်ပြီး စပိန်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

စပိန်တရားရုံးများမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ လူပုဂ္ဂိုလ်များကို တရားစွဲဆိုခြင်း၊ ဖမ်းဆီးခြင်း၊ မေးခွန်းထုတ်ခြင်းတို့ မကြာခဏ ပြုလုပ်နေပြီး တရုတ်သမ္မတဟောင်း အရေးမှာ နောက်ဆုံး ပေါ်ထွက်လာသည့် အမှုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့သည် အဖွဲ့ဝင်နိုင်ငံ ၁၉၀ မှ တရားရုံးများ၏ အမိန့်ကို အခြေခံပြီး အနီရောင် သတိပေးချက်ကို ထုတ်ပြန်လေ့ရှိကာ ယင်းသတိပေးချက် ထုတ်ပြန်ပါက အဖွဲ့ဝင်နိုင်ငံများရှိ ရဲများက ကြေညာချက် ထုတ်ပြန်ခံထားရသူကို ဖမ်းဆီးနိုင်ခွင့်ရှိသည်။

Aye Chan Mon# Credit To :The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

https://www.facebook.com/photo.php?fbid=594989617259242&set=a.329330483825158.78075.322396224518584&type=1&relevant_count=1
1
Add a comment...
 
Spanish Court: Former Chinese Leaders Must Face Charges of Crimes Against Humanity

http://world.time.com/2014/02/11/spain-arrest-jiang-zemin-tibet/
1
Add a comment...

Htun Lwin

Shared publicly  - 
 
Home
0, 0
1
Add a comment...
Have him in circles
4 people
aung naing Htun's profile photo
Aung Ko's profile photo
THAN HTAIK LWIN's profile photo

Htun Lwin

Shared publicly  - 
 
ပန်းသီး စားခါနီးရင် သတိထားပါ

ပန်းသီး အခွံတွေပါ စားတတ်တဲ့ သူတွေအဖို့ သတိထားရမယ့် အချက် ဖြစ်ပါတယ် ပန်းသီးတွေရဲ့အခွံကို ဖယောင်းတွေ သုတ်ထားလေ့ ရှိတယ် ဒါကြောင့် ဘယ်အသီးပဲ စားစား မစားခင် အရင် စစ်ဆေး ကြည့်ပါ ။

ဖယောင်းကို အအေး ခံနိုင်အောင်နဲ့ Preservation ( တာရှည်ခံ နိုင်ရန် ရည်ရွယ်ချက်ဖြင့် ) အနေနဲ့ အသုံးပြု ကြပါတယ် ။

အထူးသဖြင့် မြန်မာနိုင်ငံ မှာတော့ သိပ်မသိသာ ပေမယ့် အနောက်နိုင်ငံ တွေမှာ တစ်နှစ်ထက် ခံအောင်ဆိုပြီး အသီးတွေကို ဒီလိုနည်းတွေနဲ့ အသုံးပြု ကြပါတယ် ပုံသဏ္ဍန် အရ ကြည့်မယ် ဆိုရင်လည်း တောက်ပြောင်နေပြီး လတ်ဆတ်နေအောင် ဖြစ်ပါတယ် ။ Becox wax ကို သုတ်လိမ်း ထားရင် ဘတ်တီးရီးယား တွေကို မ၀င်အောင်လည်း ကာကွယ် ပေးနိုင်ပြီး ခြောက်သွေ့ခြင်းလည်း မဖြစ်ပေါ် စေပါဘူး ။

ဒါကြောင့် ပုံမှာ ပြထားတဲ့ အတိုင်း ပန်းသီးမစားခင် ဖယောင်းတွေကို အရင်ခြစ်ထုတ် ပစ်ကြပါ။ ဒီစာလေးကိုလည်း မသိသေးသူများကို မျှဝေပေးကြပါ အထူးသဖြင့် USA လို အနောက်နိုင်ငံ တွေမှာ ဒီနည်းလမ်းကို အသုံးများပါတယ် ။

သက်တန့်ချို

Aye Chan Mon# Credit To :မြ၀တီ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

https://www.facebook.com/photo.php?fbid=597077813717089&set=a.329330483825158.78075.322396224518584&type=1&relevant_count=1
1
Add a comment...

Htun Lwin

Shared publicly  - 
1
Add a comment...

Htun Lwin

Shared publicly  - 
 
"1G, 2G, 3G, 4G (LTE), GSM နဲ့ CDMA တို့ရဲ့ကွာခြားချက် များနဲ့ လုပ်ဆောင်ပုံ"

1G ဆိုတာ first generation radio ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကိုအတိုချုပ်ခေါ်ဆိုထားခြင်းပဲဖြစ်ပါတယ်။ နောက်ထပ်ပြောရမယ်ဆိုရင် 1G ဆိုတာ GSM (Global System for Mobile Communication) Standards တွေပေါ်မှာစတင်တည်ဆောက်ထားပြီး data signal များဟာ Analog Signal များပဲဖြစ်ပါတယ်။ Data Transfer Rate အနေနဲ့ကတော့ 28kbps မှ 56kbps အထိသာရှိပါတယ်။ ဖုန်းပြောဆိုရန်သာအသုံးပြုနိုင်ပြီး တစ်ခြား SMS ပေးပို့ခြင်း Internet အသုံးပြုခြင်းတွေကိုတော့ ပြုလုပ်နိုင်ခြင်းမရှိပါဘူး။

2G ဆိုတာ second generation digital ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကိုအတိုချုပ်ခေါ်ဆိုထားခြင်းပဲဖြစ်ပါတယ်။ နောက်ထပ်ပြောရမယ်ဆိုရင် 2G ဆိုတာ GSM (Global System for Mobile Communication) Standards တွေပေါ်မှာစတင်တည်ဆောက်ထားပြီးသူ့အရင်1G အဆင့်မြှင့်တင်ထားခြင်းပဲဖြစ်ပါတယ်။ 1G မှာတုန်းကဆိုရင် data signal များဟာ Analog Signal တွေပဲဖြစ်ပြီး 2G မှစတင်ကာ Analog Signal ကို Digital Signal တွေအဖြစ်စတင်ပြောင်းလဲခဲ့ပါတယ်။ 2G Network ကိုအသုံးပြုတဲ့ mobile phone တွေဟာဆိုရင် SMS ပေးပို့ခြင်း ဖုန်းခေါ်ဆိုခြင်းစတဲ့ဝန်ဆောင်မှုတွေကိုပဲလုပ်ဆောင်နိုင်ပါတယ်။ 2G ကိုမြှင့်တင်ထားတဲ့ 2.5G (GPRS), 2.75G (EDGE) မှစတင်ပြီး Picture Message or MMS (Multimedia Message) ပေးပို့ခြင်း Internet အသုံးပြုခြင်း အစရှိတဲ့ဝန်ဆောင်မှုတွေကို စတင်လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။

2G မှာအဓိကအားဖြင့် နည်းပညာ၂ခုကိုအသုံးပြုပါတယ်။ TDMA (Time Division Multiple Access) နှင့် CDMA (Code Division Multiple Access) ဆိုပြီး နည်းပညာ၂ခုကိုအသုံးပြုပါတယ်။ ကမ္ဘာ့ ၈၀ရာခိုင်နှုန်းရဲ့ mobile phone အသုံးပြုသူများဟာ GSM (TDMA Based) Network ကိုအသုံးပြုကြပြီး ကျန်တဲ့ ၂၀ရာနှုန်းကတော့ CDMA Network ကိုအသုံးပြုကြပါတယ်။ ဒီနေရာမှာ Mobile ဆက်သွယ်ရေး Network ကို၂မျိုးခွဲခြားထားနိုင်ပါတယ်။ GSM (TDMA Based) နဲ့ CDMA ဆိုပြီး ဖြစ်ပါတယ်။ 2Gမှာအမြင်ဆုံး Data Transfer Rate မှာ 9.6 to 14.4 kbps (kilobits per second) ထိသာရှိပါတယ်။

3G ဆိုတာ third generation digital ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကိုအတိုချုပ်ခေါ်ဆိုထားခြင်းပဲဖြစ်ပါတယ်။ 3G Network မှာဆိုရင် VOIP (Voice Over Internet Protocol), Mobile Internet Access, Video Calls, Mobile TV အစရှိတဲ့ ဝန်ဆောင်မှုတွေကို မိမိရဲ့ mobile phone မှတစ်ဆင့်အသုံးပြုနိုင်ပြီး Data Transfer Rate အနေနဲ့ 500 kbps မှစတင်ကာ 3.1 Mbps အထိရရှိနိုင်ပါတယ်။

4G ဆိုတာ fourth generation digital ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကိုအတိုချုပ်ခေါ်ဆိုထားခြင်းပဲဖြစ်ပါတယ်။ 4G Network မှာဆိုရင် 3G Network မှာအသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုတွေအပြင် High Definition (HD) Video Streaming, 3D Video Streaming နဲ့ Cloud Computing အစရှိတဲ့ဝန်ဆောင်မှုတွေကို mobile phone မှတစ်ဆင့်အသုံးပြုနိုင်ပါတယ်။ Data Transfer Rate အနေနဲ့ကတော့ 3Mbps မှ 100Mbps အထိရရှိနိုင်ပါတယ်။

ဒီ 4G မှာမှ 4G LTE-Advanced ဆိုတာရှိပါသေးတယ်။ ဒီ 4G LTE-Advanced ကတော့နိုင်ငံတိုင်းမှာမရရှိနိုင်သေးတဲ့အပြင် အခုမှစမ်းသပ်ကာလပဲရှိပါသေးတယ်။ 4G LTE-Advanced ဟာဆိုရင် Data Transfer အနေနဲ့ 100Mbps မှ 1Gbps အထိရရှိမှာဖြစ်ပါတယ်။

ဒီနေရာမှာထူးခြားချက်တစ်ခုအနေနဲ့ကတော့ 2G မှစတင်ပြီး 3G, 4G အစရှိတဲ့ Network တိုင်းဟာ TDMA (Time Division Multiple Access) နှင့် CDMA (Code Division Multiple Access) ဆိုပြီး နည်းပညာ၂ခုကိုအသုံးပြုကြတာဖြစ်ပါတယ်။ အသုံးပြုတဲ့ နည်းပညာပေါ်မူတည်ပြီး ရရှိနိုင်မယ့် Data Transfer Rate ကွားခြားသွားနိုင်သလို အသုံးပြုတဲ့ Handset အမျိုးအစားလည်းကွာခြားသွားပါတယ်။

TDMA Based နည်းပညာကိုအသုံးပြုတဲ့ GSM Network တွေမှာ အသုံးပြုတဲ့ Handset တွေကို CDMA Based နည်းပညာကိုအသုံးပြုတဲ့ CDMA Network တွေမှာအသုံးပြုလို့မရပါဘူး။ ဘာလို့ဒီလိုဖြစ်ရသလဲဆိုတော့ သူတို့အသုံးပြုတဲ့ Frequency Band ကြောင့်ပါ။ CDMA ဟာ Frequency Band အားဖြင့် ၂မျိုးသာရှိပါတယ်။ 450MHz နဲ့ 800 MHz ဆိုပြီး။ ပြီးတော့ CDMA ရဲ့ Frequency Band ဟာ Single Frequency Band အမျိုးအစားဖြစ်ပါတယ်။ ဆိုလိုတာက 450MHz မှာအသုံးပြုတဲ့ Handset ဟာ 450MHz Network မှာပဲအသုံးပြုလို့ရပါတယ်။ 800 MHz မှာသွားသုံးလို့မရပါဘူး။ GSM ရဲ့ Frequency Band ကတော့ Multiple Frequency Band အမျိုးအစားဖြစ်ပြီး 850/900/1800/1900 MHz အစရှိသဖြင့်ရှိပါတယ်။ ဒါကြောင့် GSM ဖုန်းတစ်လုံးဟာ မည်သည့် Frequency Band နဲ့မဆိုအသုံးပြုနိုင်ပါတယ်။
အခုလောက်ဆိုရင် IT4M စာဖတ်ပရိတ်သက်တွေလည်း Mobile ဆက်သွယ်ရေး Network အမျိုးအစားတွေရဲ့ကွာခြားပုံတွေကို သိရှိပြီဖြစ်မယ်လို့ထင်ပါတယ်။

Info Tech For Myanmar မှ ကူးယူဖော်ပြပါသည်။

Aye Chan Mon# Credit To :သုတဘဏ် > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

https://www.facebook.com/photo.php?fbid=594844517273752&set=a.329330483825158.78075.322396224518584&type=1&relevant_count=1
1
Add a comment...
People
Have him in circles
4 people
aung naing Htun's profile photo
Aung Ko's profile photo
THAN HTAIK LWIN's profile photo
Basic Information
Gender
Male
Education
  • RASU
    Geology, 1972 - 1975
    B.Sc.
Links
YouTube