Profile

Cover photo
ကျန်းမာရေးအမေးအဖြေ
24 followers|2,419 views
AboutPostsPhotosVideos

Stream

 
copy from https://www.facebook.com/groups/carehealth.yangon/
Ko Thet
ကျေးဇူးတင်ပါတယ်ဆရာ
ပထမဆုံး အနေနဲ့  မိတ်ဆွေတစ်ယောက် အတွက်မေးပါရစေခင်ဗျာ
သူကလည်ပင်းနာပြီး အသံဝင်သွားတာ တစ်လကျော်ပါပြီဆရာ
ဆရာဝင်ပြကြည့်တော့ အသံပြွန်နှစ်ခုမှာ တစ်ခု အလုပ်မလုပ်တော့တာလို့  သိရပါတယ်
ကုထုံးလည်းမရှိဘူးလို့ ပြောပါတယ်
ကျေးဇူးပြုပြီး ဘယ်လိုဆောင်ရွက်သင့်ပါသလဲဆိုတာ ဖြေကြားပေးပါခင်ဗျား
ကျေးဇူးအထူးတင်ရှိပါတယ်
နောင်အခါ ဆေးပညာနဲ့ ပတ်သက်ပြီးမေးပါဦးမယ်ခင်ဗျာ


Myo Nyunt
“အသံပြွန် “ ဆိုတဲ့ စကားလုံးက “ပုလွေ” လို အသံထွက်စေနိုင်တဲ့ ”အခေါင်းပါတဲ့ ပြွန် လို့ ဆိုလိုရာရောက်ပါတယ်။ လူရဲ့လည်ချောင်းမှာ အသံအိုး တစ်ခု ပဲ ရှိပါတယ်။ အဲဒီ အသံအိုးမှာ " Vocal cord " ခေါ်တဲ့ .... “နှဲ” ရဲ့ ”လျှာခင်” လို အဖတ်ကလေး နှစ်ဖတ်ရှိပါတယ်။ အဲဒီ အဖတ်ကလေး မှာ သို့ မဟုတ် သူ့ပတ်ဝင်း ကျင်မှာ “နာကျင်ယောင်ရမ်း” နေရင် အသံ ဝင်တတ်ပါတယ်။ အယောင်လျော့ သွားရင် အသံ ပြန်ကောင်းပါတယ်။
အဲဒီမှာ ကင်ဆာ ကြိပ်ဖြစ်ရင် အသံဝင်သွားပါတယ်။ ကင်ဆာကြိပ်ကို လွတ်လွတ်ကင်းကင်း ဖြစ်အောင် ဖြတ်ထုတ် နိုင်ရင် အသံ ပြန်ကောင်းနိုင်ပါတယ်။ အဲဒီ အဖတ်ကလေးတွေကို ပေးတဲ့ အာရုံကြော (Recurrent Laryngeal nerve ) ထိခိုက်ရင် အသံ ဝင်နိုင်ပါတယ်။
အသံဝင်တာ အသံပြောင်းတာ ၊ ဘာကြောင့်ဖြစ်သလဲ ဆိုတဲ့ အပေါ် မှာမူတည်ပြီး ကုသရပါတယ်။ ကုထုံး မရှိဘူးတော့ မဟုတ်လောက်ပါဘူး။ နား နှာခေါင်း လည်ချောင်း ဆရာဝန်နဲ့ ပြကြည့်ပါ။

Ko Thet Thanks a lot par sayar
1
Add a comment...
 
copy from https://www.facebook.com/groups/carehealth.yangon/
အချစ် တမာန်တော်
ကျွန်တော် မနက်အိမ်ရာကထတိုင်း ဇက်ကြောတွေအမြဲနာနေတတ်ပါတယ် ကွန်ပျူတာသုံးတာအချိန်ကြာမြင့်သွားလို့ဖြစ်တာဆိုပြီး ကျွန်ပျူတာသုံးတာကို အခုတလောရပ်နားထားပါတယ် ဒါပေမဲ့နာနေမြဲပါဘဲ နာတာကလည်းအမြဲတမ်းညာဘက်ကြီးဘဲ အဲဒါသက်သာအောင် ဘယ်လိုနေထိုင်ပြုမှုရမလဲဆိုတာ အကြံပြုစေချင်ပါတယ်ခင်ဗျာ


Myo Nyunt အိပ်ချိန်၊ ရေချိုးချိန်မှ လွဲပြီး ကျန်တဲ့ အချိန် တစ်ချိန်လုံး “ကော်လာ” တပ်ထားပါ။ တစ်ပတ် ၊ နှစ်ပတ်လောက် ကော်လာတပ်ထားရင် ကောင်းသွားပါလိမ့်မယ်။

အချစ် တမာန်တော်
ဟုတ်ကဲ့ခင်ဗျာ ကျေးဇူးတင်ပါတယ်နော်
1
Add a comment...
 
copy from https://www.facebook.com/groups/carehealth.yangon/
Yinyin Aung
အရိုးအဆင်ယောင်နာ ဂေါက် ရောဂါ အတွက်
ထိရောက်တဲ့ကုသမူ့ သိချင်ပါတယ်ရှင်...
သောက်ဆေးသောက်နေပါတယ်.. ဆေးသောက်ရင် ဘေးထွက်ဆိုးကျိုးရှိပါသလား .. ရှိတယ်ဆိုရင် ဘယ်လိုဆေးတွေများ ထပ်သောက်ပေးဖို့လိုပါသလဲရှင်

Myo Nyunt ပထမ Gout ရောဂါ ဆိုတာ ဘယ်လိုရောဂါလဲ လို့ သိရပါမယ်။ လူတွေ နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲမှာ အပင်ကရတဲ့ ဆဲလ်၊ သို့ မဟုတ် တိရိစ္ဆာန်က ရတဲ့ ဆဲလ်တွေ ပါပါတယ်။ အဲဒီ ဆဲလ်တွေ ထဲမှာ နူကလိယ ဆိုတဲ့ ဗီဇ ဝတ်ဆံတွေ ပါပါတယ်။ အဲဒီ နူကလိယ တွေထဲမှာ ... Purine နဲ့ Pyrimidine လို့ခေါ်တဲ့ ဗီဇ ဆိုင်ရာ ဓါတ်ပစ္စည်းတွေ ပါပါတယ်။
Purine ကို အစာခြေဖျက်ရာမှာ ... Uric acid ဆိုတဲ့ ဓါတ်ပစ္စည်း ထွက်လာပါတယ်။ အဲဒီ uric acid ဆိုတဲ့ဓါတ်ပစ္စည်းကို
(1) ခန္ဓာ ကိုယ်က အလွန်များစွာ ထုတ်လုပ်ရင်
(၂) ကျောက်ကပ်က ကုန်စင်အောင် မစွန့်ထုတ်နိုင်ရင်
Gout ရောဂါ ရတတ်ပါတယ်။ အဲဒီအခါမှာ ... ပိုလျှံလာတဲ့ Uric acid တွေဟာ အဆစ်မှာ စုမိပြီး ခရစ်စတယ် ပုံဆောင်ခဲ လေးတွေ အဖြစ်ပြောင်းသွား ကြပါတယ်။ အဲဒီ ခရစ်စတယ်တွေက အဆစ်ကို ရောင်စေတာ ဖြစ်ပါတယ်။
ဒါကို သိပြီ ဆိုရင် ဘယ်လိုကု ရမယ်ဆိုတာ သိ ပါလိမ့်မယ်။
Gout ရောဂါ ရှိသူဟာ ...
(၁) ဆဲလ်များများ ပါတဲ့ အစားကို ရာသက်ပန်ရှောင်ရပါတယ်။ (ကလီစာ ... အထူးသဖြင့် ... အသည်း၊ ငါးဥ၊ ငါးသေးလေးများ၊ ပုဇွန်ဆိတ်များ စတာတွေကိုပါ။)
(၂) အချို့ အစားအစာတွေ မှာ Purine များများ ပါတဲ့ အတွက် လည်း ရာသက်ပန် ရှောင်ရပါတယ် ။ ဥပမာ .. ပဲသီးခြောက်များ၊ မြေပဲ များ၊ ဘီယာ...)
မရှောင်နိုင်လို့ စားမိပြီ ဆိုရင် သွေးထဲက Urid acid ကို ကျစေတဲ့ Allopurinol လိုဆေး မျိုးကို မှီဝဲရပါတယ်။

Yinyin Aung ကျေးဇူးတင်ပါတယ်ရှင့်...အသိမိတ်ဆွေတစ်ယောက်ဖြစ်နေတာပါ... သူကဆေးသောက်နေပါတယ် ဆရာဝန်ညွှန်တယ်လို့ပြောပါတယ်ရှင့် အကိုက်အခဲပျောက်ဆေးတစ်မျိုးလို့ပြောပါတယ်.. အဲဆေးသောက်လို့ တစ်ခါတစ်ခါ အားနည်းသလိုဖြစ်တယ်ပြောပါတယ် သိချင်တာက ဆေးသောက်တယ်ဆိုရင် ဘေးထွက်ဆိုးကျိုးများရှိနိုင်မလားရှင် တကယ်လို့ရှိတယ်ဆို၇င် ဘယ်လိုကာကွယ်ရမလဲ ကာကွယ်ဖို့ အခြားဆေးသောက်စရာများလိုသေးလား သိချင်ပါတယ်ရှင့်

Myo Nyunt အကိုက်အခဲပျောက်ဆေးတွေရဲ့ ပြဿနာကတော့ အစာအိမ်ကို ထိခိုက်တာပါပဲ။
အကိုက်အခဲပျောက်ဆေး ဆိုတာ Gout ရောဂါ ကုဆေး မဟုတ်ပါဘူး။ ဘာကြောင့်နာကျဉ်နာကျဉ် ... နာကျဉ်ကိုက်ခဲတာတွေ သက်သာစေတဲ့ဆေးများဖြစ်ကြပါတယ်။
ဆေးတစ်မျိုးစီမှာမတူညီတဲ့ ဘေးထွက် ဆိုးကျိုး တွေရှိပါတယ်။
အားလုံးသော အကိုက်အခဲပျောက်ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပါဝင်အောင် ရေးသားနိုင်ဖို့ မလွယ်ပါဘူး။ ဆေးတစ်မျိုးရဲ့ ဘေးထွက် ဆိုးကျိုးကို သိချင်ပါတယ်ဆိုရင် ... လွယ်လွယ်ကူကူ ... Google search မှာ ပဲ အဲဒီဆေးနာမည်ရယ် .. ဆက်ပြီး Side effect ဆိုတာရယ် ရိုက်ပြီး ရှာရင် ပို အဆင်ပြေပါလိမ့်မယ်။
1
Add a comment...
 
copy from https://www.facebook.com/groups/carehealth.yangon/
Home Less
ဒေါက်တာအပေါင်းနဲ့ ဆေးပညာကို နားလည်သူများခင်ဗျာ...
ဘီ ကာကွယ်ဆေးကို ကလေး ၃လသားမှာ တစ်ကြိမ် ၄ လသားမှာ တကြိမ်ထိုးထားပါတယ်... အခု ၇ လသားမှာ တစ်ကြိမ်ထပ်ထိုးဖို့ ထိုးလို့ရမရ ကောင်းကျိုးဆိုးကျိုး သိချင်ပါတယ်...


Home Less တစ်ယောက်မှလည်း မဖြေကြဘူး... စိတ်လေဒယ်...

Ko Yoe Say တတိယအကြိမ် ၅လသားမှာ ထိုးရပါမယ်။ HBV 3အဖြစ် ကာကွယ်ဆေးထိုးစီမံချက်မှာ ပါပါတယ်။ အခုက ခဏ ရပ်ထားပါတယ်။ နောက် ၃နှစ်ကနေ ၅နှစ်အတွင်း Boaster Dose အဖြစ်ထိုးနိုင်ပါတယ်။

Home Less thank for your comment
1
Add a comment...
 
copy from https://www.facebook.com/groups/carehealth.yangon/
February Hnin
accept လုပ်တဲ့အတွက်ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်မမှာ ... ၇ လအရွယ် သားငယ်လေးရှိပါတယ်... သားကို ကာကွယ်ဆေးထိုးသင့်တာတွေကို ထိုးပြီးပါပြီ။ ခုမေးမှာက ဦးဏှောက်အမြှေးရောင်ကာကွယ်ဆေးအကြောင်းပါ။ ရန်ကုန်က ကလေး ဆရာဝန်မကြီးဆီမှာ ၅ လသားတုန်းက ဆကမ နဲ့ တွဲပီး တစ်လုံးထိုးခဲ့ပါတယ် ။ သူက မှာလိုက်တာက ပုဂံရောက်ရင် ( ကျွန်မတို့ အလုပ်နဲ့တာဝန်ကျတဲ့ နေရာပါ) တစ်လပ်ြည့်တဲ့အခါတလုံးထပ်ထိုးပါတဲ့.. တစ်နှစ်ခွဲကျရင် နောက်တစ်လုံးထပ်ထိုးပါတဲ့ ဆရာ.. ဒီလဲရောက်ရော .. ဒီက ကလေးဆရာဝန်မက နောက်ထပ်ထိုးရမှာက တနှစ်မပြည့်ခင်မှာ ၃ ကြိမ် ... တစ်နှစ်ပြည့်ပီးရင် တစ်ကြိမ် ပေါင်းလေးကြိမ်တဲ့ ဆရာ... ကျွန်မမှာ ကလေးကို ပေါ့စေလိုလို့ကြောင်ရုပ်ထိုး..ဆေးကြောင့်လေး ဆိုတာလို ဖြစ်နေပါတယ်... ဆေးဒဏ်ပိမှာစိုးလို့ နောက်ထပ်ထိုးသင့် မထိုးသင့် ဆရာ အကြံဥာဏ်ပေးစေလိုပါတယ်... ခု သားက ၂ ကြိမ်ထိုးပီူပါပြီ... နောက်တစ်ကြိမ်က ၁၈ လကျမှထိုးရမလား ဒါမှမဟုတ် ဒီက ဆရာမ ပြောသလို ခု ၇လသားမှာ ထပ်ထိုးရမလား ဖြေပေးပါဆရာ .....


Myo Nyunt ‎Ko Yoe Say ဖြေပေးရင် ပိုကောင်းမယ်ထင်တယ်။ တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းစတဲ့ အတွေ့အကြုံတွေနဲ့

Ko Yoe Say Can meningitis be prevented?

Basic steps to avoid spread of organisms, such a hand washing and covering your mouth when coughing, will also help in decreasing the risk of spreading meningitis. There are vaccines against Hib (Haemophilus influenzae type B) and against some strains of N. meningitidis and many types of Streptococcus pneumoniae.

The vaccines against Hib are considered very safe and highly effective. By 6 months of age, every infant should receive at least three doses of an Hib vaccine. A fourth dose ("booster") should be given to children between 12 and 18 months of age.

There is also a vaccine that protects against four strains of N. meningitidis, but it is not routinely used in the United States. It is not effective in children under 18 months of age. It is sometimes used to control outbreaks of some types of meningococcal meningitis in the United States. College students are typically given the vaccine prior to residence at college.

Although large epidemics of meningococcal meningitis do not occur in the United States, some countries experience large, periodic epidemics. Overseas travelers should check to see if meningococcal vaccine is recommended for their destination. Travelers should receive the vaccine at least one week before departure if possible.

A vaccine to prevent meningitis due to S. pneumoniae (also called pneumococcal meningitis) can also prevent other forms of infection due to S. pneumoniae. The pneumococcal vaccine is not effective in children under 2 years of age, but it is recommended for all people over 65 years of age and younger people with certain chronic medical problems.

REFERENCE:

United States. National Institute of Neurological Disorders and Stroke, National Institutes of Health. "Meningitis and Encephalitis Fact Sheet." Dec. 18, 2009. <http://www.ninds.nih.gov/disorders/encephalitis_meningitis/detail_encephalitis_meningitis.htm>.
·
Ko Yoe Say ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး ဆိုတာကတော့ အခုပြောတဲ့against Hib (Haemophilus influenzae type B)ဖြစ်မယ်ထင်ပါတယ်။ဆေး ထိုးရမဲ့ Dose နဲ့ အကြိမ်အရေအတွက်အရ သည်ဆေးနဲ့ပဲ တူပါတယ်။ခြောက်လအထက်မှာ သုံးကြိမ်ထိုးရပြီး ၁နှစ်နဲ့ တစ်နှစ်ခွဲအကြားမှာ Booster Doseထပ်ထိုးရမယ်လို့ ဆိုထားပြီး ထိရောက်ပြီး ကာကွယ်နိုင်စွမ်း အားကောင်းတယ်လို့ ဆိုထားပါတယ်။ဒါပေမဲ့လည်း ကျွန်တော်တို့နိုင်ငံမှာ အဲသည်လို Meningitis ဖြစ်နိုင်တဲ့ အခြား ရောဂါပိုးတွေအများကြီးရှိနီုင်ပြီး အဲသည်ပိုးတစ်မျိုး ကိုသာ ကာကွယ်နိုင်တာ ဖြစ်ကြောင်းကိုတော့ သိထားသင့်ပါတယ်။ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးဆိုတိုင်း အားလုံးကို ကာကွယ်နိုင်တာမဟုတ်ကြောင်းတော့ သိထားဖို့လိုပါတယ်။
1
Add a comment...
Have them in circles
24 people
 
copy from https://www.facebook.com/groups/carehealth.yangon/
Su Wei
ဆံပင်တွေအရမ်းကျွတ်နေလို့ဘယ်လိုလုပ်လို့ရနိုင်မလဲ အကြံပေးစေချင်ပါတယ်. ဟိုတစ်ခါကမေးပါသေးတယ်မဖြေလို့ထပ်မေးရတာပါ


Myo Nyunt ဆံပင် ကျွတ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ကိုင်ပုံတွယ်ပုံ မဟုတ်ခြင်း ၊ ကောက်လိုက် ဖြောင့်လိုက် လုပ်ခြင်း စတဲ့ အကြောင်းတွေကြောင့် ဆံပင် ကျွတ်ခြင်း ဟာ ကျန်းမာရေးနဲ့ မဆိုင်သလိုပါပဲ။ ဒါပေမယ့်
ဟော်မုန်းအပြောင်းအလဲ ကြောင့် ဆံပင် ကျွတ်ခြင်း၊ ဖျားနာသောကြောင့် ဆံပင် ကျွတ်ခြင်း ၊ ထိပ်ပြောင်တဲ့ မျိုးရိုး ရှိသောကြောင့် ဆံပင် ကျွတ်ခြင်း စတာတွေကျတော့ ကျန်းမာရေး နဲ့ သက်ဆိုင်ပေမဲ့ ကာကွယ် တားဆီး လို့ မရ ပြန်ပါဘူး။
ဗိုက်တာမင် နဲ့ သတ္တုဓါတ် စတဲ့ အာဟာရချို့တဲ့ လို့ ဆံပင် ကျွတ်တာကျတော့ အစာအာဟာရကိုမျှတအောင် စားခြင်း၊ ဗိုက်တာမင်နဲ့ သတ္တုဓါတ်များပါတဲ့ အားဆေး စားခြင်း ဖြင့် ကာကွယ်နိုင်ပါတယ်။
ကင်ဆာရောဂါကု ဆေး များ ကတော့ ဆံပင်ကို ကျွတ်စေပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါ ခံစားရတဲ့ ကလေး တွေဟာ ဆေးကြောင့်ဆံပင် ကျွတ်တဲ့ အတွက် စိတ်ဆင်းရဲကြရတာတွေရှိပါတယ်။
ဒါကြောင့် “ကလေး ကင်ဆာရောဂါရှင် စောင့်ရှောက်ရေး အသင်း” စတဲ့ အသင်းအဖွဲ့ တွေကဦးဆောင်ပြီး ...ဆေးကြောင့် ဆံပင်ကျွတ်လို့ ကတုံး ဖြစ်နေတဲ့ ကလေးတွေ ကို စိတ်ပိုင်းဆိုင်ရာအားပေးတဲ့ အနေနဲ့ .... လူငယ်အချို့ဟာ ..... ကိုယ်တိုင်ကတုံးတုံးခြင်း၊ ကတုံး ဖြစ်နေတဲ့ ကလေးတွေနဲ့ ဓါတ်ပုံတွဲရိုက်ခြင်း စတဲ့ “ကတုံး ကင်ပိန်း“ (Bald Campaign) ကို ... ခေတ်မှီ တိုးတက်တဲ့ မြို့တွေ မှာ ပြုလုပ်ကြပါတယ်။

Su Wei ဘယ်လိုပြန်ထိမ်းလို့ရနိုင်မလဲဟင်

Su Wei ဆံပင်ကို ပြန်ကျန်းမာလာအောင်ဘယ်လို လိုက်နာရမယ်ဆိုတာလေးပြောပေးပါလား ။ ဆံပင်ကအရင်တုန်းကတော်တော်လေးသန်ပါတယ်။ ခု 4လလောက်အတွင်းမှာ ကျွတ်လာတယ် တော်တော်လေး။

Myo Nyunt ဘာကြောင့် ဖြစ်တယ်ဆိုတာ မသိရင် .. ဘယ်လို ပြန်လုပ်ရမယ်ဆိုတာ မသိ နိုင်ပါဘူး။ ဆံပင် ကျွတ်တဲ့ ကိစ္စ လောက်ကို ... ခန္ဓာကိုယ်ထဲက အခြားရောဂါတွေကို ရှာဖွေသလို... ဓါတ်မှန်ရိုက်တာ၊ သွေးစစ်တာ ဆီးစစ်တာ စသည်ဖြင့် ရောဂါ ရှာသလို ရှာနိုင်ပေမယ့် ဘယ်သူမှ အဲဒီလောက်အားမစိုက်ကြပါဘူး။ တနည်းအားဖြင့်ပြောရရင် ဆံပင် ကျွတ်တာ ကို ရောဂါ တစ်ခုလို အလေးအနက်ထားပြီး ရောဂါ ရှာဖွေရေး ... ကုသရေး မလုပ်ကြပါဘူး။ ဘာကြောင့်လဲဆို ဆံပင် ကျွတ်တာဟာ ... ရောဂါတစ်ရပ်လို့ မယူဆလို့ပါပဲ။ လူတစ်ယောက်ချင်းမှာ ဆံပင် ဘာကြောင့်ကျွတ်ရပါသလဲ ဆိုတဲ့ အကြောင်း ရင်းခံ ဟာ တူညီကြမှာလည်း မဟုတ်လို့ ။ လူတစ်ယောက်ချင်းစီ အတွက် ကုထုံးကလဲ တူညီ မှာ မဟုတ်ပါဘူး။
သို့ပေမယ့် ယေဘူယျ သဘောကတော့ရှိပါတယ်။
ဆံပင် ဆိုတာ လူ့ အရေပြား ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါကြောင့် အရေပြား ကျမ်းမာရင် ဆံပင် လည်း ကျန်းမာ လိမ့် မယ်လို့ ယေဘူယျ အားဖြင့် ယူဆနိုင်ပါတယ်။ အရေပြားကမန်းမာအောင် ...
(၁) တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ခြင်း
(၂) အာဟာရကို မျှတအောင်စားခြင်း (အထူးသဖြင့် ဘီတာ ကယ်ရိုတင်း ပါတဲ့ လပ်ဆပ်သော အသီးအရွက်များ ကို အမြဲ ပါဝင်အောင်စားခြင်း)
(၃) ကိုယ်လက် လှုပ်ရှား အားကစားတစ်ခု ကို မှန်မှန်လုပ်ခြင်း
(၄) စိတ် ဖိစီး မှု နည်းအောင်နေခြင်း တို့ ဖြင့် မိမိကိုယ်မိမိ စောင့်ရှောက်နိုင်ပါတယ်။

Su Wei ကျေးဇူးတင်ပါတယ်

Su Wei ဆံပင်ကိုသန်စွမ်းစေနိုင်တဲ့ဓါတ်စာ တို့ ဆောင်ရန်ရှောင်ရန်လေးတွေလဲသိချင်ပါတယ်...။

Myo Nyunt ဆံပင် ဆိုတာ လူ့ အရေပြား ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါကြောင့် အရေပြား ကျန်းမာရင် ဆံပင် လည်း ကျန်းမာ လိမ့် မယ်လို့ ယေဘူယျ အားဖြင့် ယူဆနိုင်ပါတယ်။ အရေပြားကျန်းမာအောင် ...
(၁) တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ခြင်း
(၂) အာဟာရကို မျှတအောင်စားခြင်း (အထူးသဖြင့် ဘီတာ ကယ်ရိုတင်း ပါတဲ့ လပ်ဆပ်သော အသီးအရွက်များ ကို အမြဲ ပါဝင်အောင်စားခြင်း)
(၃) ကိုယ်လက် လှုပ်ရှား အားကစားတစ်ခု ကို မှန်မှန်လုပ်ခြင်း
(၄) စိတ် ဖိစီး မှု နည်းအောင်နေခြင်း တို့ ဖြင့် မိမိဆံပင်ကိုမိမိ စောင့်ရှောက်နိုင်ပါတယ်။
1
Add a comment...
 
copy from https://www.facebook.com/groups/carehealth.yangon/
Thein Su Moe
ကူညီပါဦး။ ကျနော် ကလေး အရမ်းလိုချင်နေလို့ပါ။ ကျနော်တို့ အိမ်ထောင်သက်တမ်းက
တစ်နှစ်ကျော်ရှိနေပါပြီ။ အစောပိုင်းက လက်မှတ်ထိုးထားပြီး မင်္ဂလာမဆောင်ခင်ပေါ့ အတူတူ နေ
ဖြစ်ကြတယ်။ အဲဒီတုန်းကတော့ pill 72 ပဲ သောက်ဖြစ်ခဲ့တယ်။ အဲဒါသောက်တာ တစ်လလောက်
ကြားသွားတယ်။ နောက်တော့ အတူတူနေဖြစ်နေကြတာပဲ ဆိုပြီး သုံးလဆေး တစ်ကြိမ်နဲ့ တစ်လဆေး တစ်ကြိမ် ထိုးဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဘာဆေးမှ မသောက်၊ မထိုးတော့ ပါဘူး။ အဲလို ဆေးမထိုး၊ ဆေးမသောက်တာ ခြောက်လလောက်ကြာတော့မှ ဗိုက်ရတယ်။ ရတဲ့ ဗိုက်ကလည်း နှစ်လနဲ့ ပျက်ကျသွားတယ်ဗျာ။ လူကြီးတွေပြောတာတော့
ဆိုင်ကယ်အစီးများလို့တဲ့။ ပျက်ကျတုန်းကတော့ တော်ဝင်ဆေးခန်းမှာ သားအိမ်ကို ခြစ်ပြစ်လိုက်
ပါတယ်။ သူများတွေ ပြောကြတာကတော့ သားအိမ်ခြစ်ထားရင် ကလေးရလွယ်တယ်လို့ ပြောပါတယ်။ သားအိမ်ခြစ်ပြီးတဲ့ ပထမ တစ်လမှာတော့ ကျနော်တို့
အကာအကွယ်နဲ့ အတူနေခဲ့ကြပါတယ်။ အခု အကာအကွယ်မဲ့ နေနေတာ တစ်လလောက် ပြည့်ပါပြီ။ ကလေးရှိတဲ့ လက္ခဏာ မပြသေးပါဘူး။ ကျနော်က များ spam များ အထွက်နည်းနေလားလို့ပါ။ နှစ်ရက်သုံးရက်လောက်ခြားလိုက်ရင်တော့ မဆိုးပါဘူး။ ထွက်တာများပါတယ်။ အဲလိုလည်း ရက်ခြားပြီး နေဖြစ်ပါတယ်။ ကလေး မြန်မြန်ရဖို့အတွက်
ကူညီပေးပါဦး။ ကျေးဇူးတင်ပါတယ်။


Myo Nyunt တစ်ကြိမ် ကိုယ်ဝန် ရှိဖူးတယ် ။ ၂လ နဲ့ ပျက်ကျ ခဲ့တယ် ဆိုသောကြောင့် ၊ မိခင်လောင်းဘက်မှာရော ဖခင်လောင်းဘက်မှာပါ .. အားနည်းချက် မရှိတာသေခြာသွားပါတယ်။ ပဋိသန္တေ တားဆေး စသည် မသုံးရင် မကြာခင် ကိုယ်ဝန်ရလာမှာ ဖြစ်ပါတယ်။ ပူပင်ရန်မရှိပါ။ ကိုယ်ဝန်ရလာသော အခါကျမှ သာ .. ယခင်တစ်ကြိမ်ကလို ပျက် မကျအောင် သားဖွားမီးယပ် ဆရာဝန်နဲ့ စောစော စီးစီး ပြပြီး စောင့်ရှောက်ဖို့သာ လိုပါတယ်။

Thein Su Moe ကျေးဇူးတင်ပါတယ် ဆရာ။ အခုလို အွန်လိုင်းကနေ ဖြေပေးနေတာ အရမ်းထိရောက်ပါတယ်။ သိချင်တာလေးတွေကို အင်တာနက်သုံးရင် လွယ်လင့်တကူ မေးခွင့်ရတဲ့အတွက် အတော်လေးကို အဆင်ပြေပါတယ်။
1
Add a comment...
 
copy from https://www.facebook.com/groups/carehealth.yangon/
Hnin Shwe Yee Win
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက ဘယ်ချိန်မှာထိုးရင် အသင့်တော်ဆုံးလဲ
အဲဒီရောဂါအကြောင်းနည်းနည်းရှင်းပြပေးပါရှင်


Myo Nyunt သားအိမ်ခေါင်းကင်ဆာ အများစုဟာ HPV ခေါ် တဲ့ ဗိုင်းရပ် ပိုးကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ဗိုင်းရပ် ပိုးဟာ လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်ပါတယ်။ အပြည့်အဝကာကွယ်နိုင်အောင် လိင်ဆက်ဆံခြင်းမပြုမီ ကာကွယ်ဆေးထိုးရပါတယ်။ အမေရိက မှာတော့ Cervarix (GlaxoSmithKline) and Gardasil (Merck) ဆေး နှစ်မျိုးထဲက တစ်မျိုးမျိုးကို သုံးပါတယ်။ အသက် ၁၁ နှစ်။ ၁၂ နှစ် မိန်းကလေးများကို ထိုးပေးပါတယ်။ ၆ လစီ ခြားပြီး ၃ကြိမ် ထိုးရတယ်လို့ ဆိုပါတယ်။ အသက် ပို ကြီးတဲ့ မိန်းကလေး များ လည်း (ငယ်စဉ်က ဆေး အပြည့် မထိုးရသေးရင်) ကာကွယ်ဆေး ဆေးထိုးရတာတွေရှိပါတယ်။

Hnin Shwe Yee Win အဲဒီရောဂါက ယောက်ျားတွေကို (သို့) ယောက်ျားတွေဆီမှ တစ်ဆင့်လည်း ကူးနိုင်တယ်လို့ ကြားဖူးပါတယ် ယောက်ျားတွေမှာ ကူးခံရင် ဘယ်လို လက္ခာမျိုးတွေပြပါသလဲ သူတို့ကျရောဘယ်လိုကာကွယ်ရမှာပါလဲ

Myo Nyunt ဗိုင်းရပ် ရောဂါပိုးဆိုတာ ကူးစက်ခံရသူရဲ့ ဆဲလ် ထဲမှာ နေကြတဲ့ပိုးတွေပါ။ ဒါကြောင့် ပဋိဇီဝဆေးတွေနဲ့ သတ်လို့မရပါဘူး။ သို့ပေမဲ့ ရောဂါပိုးတစ်မျိုးအကြောင်း စဉ်းစားတဲ့အခါ။ လူတစ်ယောက် ကိုယ်မှာ ပိုးဝင်ပြီဆိုပါစို့ ....
(၁) အဲဒီပိုး အရေအတွက် နဲ့ အဖျက်စွမ်းအား
(၂) လက်ခံလူရဲ့ ကိုယ်ခံစွမ်းအား
ဒီနှစ်ချက်ပေါ် မူတည်ပြီး
(၁) အချို့ မှာ ရောဂါ ရပါတယ်။
(၂) အချို့လူတွေမှာ (ပိုး အရေအတွက် နဲ့ အဖျက်စွမ်းအား နည်းနေလို့ဖြစ်ဖြစ်၊ လက်ခံလူရဲ့ ကိုယ်ခံစွမ်းအား ကောင်းနေလို့ဖြစ်ဖြစ်) ရောဂါ မဖြစ်ပါဘူး၊ ရောဂါ မဖြစ်ပေမယ့် ပိုးကတော့ ရှိနေတတ်ပါတယ်။ အဲဒီလိုလူတွေကို Carrier လို့ခေါ်ကြပါတယ်။
အမျိုးသားတစ်ယောက်မှာ HPV ပိုးရှိနေ ပေမဲ့ သူက Carrier ဖြစ်နေရင် ။ ပိုးရှိကြောင်း လက္ခဏာ ရှိမှာ မဟုတ်ပါဘူး။ ဘယ်လိုမှ မသိနိုင်ပါဘူး။
ဒီလိုပဲ အမျိုးသမီးမှာ ကိုယ်ခံအားကောင်းနေရင် HPV ပိုး ဝင်ရောက်ခံရသော်လည်း ရောဂါ မဖြစ်ပါဘူး။
ကာကွယ်ဆေးထိုးခြင်း ဟာ ... ပိုးဝင်သော်လည်း ရောဂါ မဖြစ်ရအောင်။ ကိုယ်ခံအားကောင်းအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ပိုးမဝင်အောင် တားဆီးခြင်း မဟုတ်ပါ။ ပိုးကို သတ်ခြင်း လဲ မဟုတ်ပါ။
1
Add a comment...
 
copy from https://www.facebook.com/groups/carehealth.yangon/
Nyi Kyaw
Member ဖြစ်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျနော့မှာ နဲနဲလှုပ်ရှားတာနဲ့ ချွေးအရမ်းထွက်တဲ့ပြဿနာ( Hyperhidrosis )ရှိပါတယ်။ အဲဒီအတွက်တော်တော်လေးစိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ လူမူရေးတွင်မက အလုပ်လုပ်ရာမှာလည်း ကသိကအောင့်ဖြစ်ရပါတယ်။ အင်္ကျီကိုလည်း ကော်တွန်ကိုရှာဝယ်ဝတ်ရတဲ့အတွက် ဈေးကြီးပေးရတယ်။ ရေချိုးပြီးတာနဲ့ချွေး ပြန်စို့တယ်။ ဘာလုပ်ရမလဲ အမြန်ဆုံးအကြံပေးကြပါဦးခင်ဗျာ။


Myo Nyunt
ချွေးထွက်လွန်ခြင်းမှာ နှစ်မျိုးရှိပါတယ်။ Primary Hyperhydrosis ဟာ လူဦးရေ ၂% မှာတွေ့ရပြီး ၊ လက်၊ ခြေ နဲ့ ချိုင်း မှာ ချွေးထွက်နေတတ်ပါတယ်။ အချို့ လည်း မျိုးရိုးလိုက်တာတွေ့ရပါတယ်။
နောက်တမျိုးကတော့ အရင်းခံ အကြောင်းတစ်ခုခုကြောင့် ဖြစ်တာမျိုးပါ။ စိတ်လှုပ်ရှားလွယ်တာ၊ အရက်သောက်တာ၊ ဆေးတစ်ခုခုကို စွဲနေတာ၊ လည်ပင်းအကြိပ် ဟော်မုန်းများနေတာ၊ ကင်ဆာရောဂါရှင် တချို့နဲ့ တီဘီ ရောဂါသည်တချို့ နှလုံးရောဂါ၊ အမျိုးသမီးများ သွေှးဆုံးချိန် စသည်တို့အကြောင်းခံ ဖြစ်တတ်ပါတယ်။
များသောအားဖြင့်တော့ ချွေးထွက်တဲ့ အကြောင်းကြောင့် ဆရာဝန်ကို ပြသပြီးကုသမှု ခံယူကြလေ့ မရှိပါဘူးတဲ့။
အချို့က Aluminium Chloride Hexahydrate ပါတဲ့ ချိုင်းလိမ်း၊ချွေးတိတ် Lotion ကို သုတ်လိမ်းကြပါတယ်။
အချို့ ကတော့ Glycopyrrolate စားဆေးကို စားကြပါတယ်။ သူက အာခေါင်ခြောက်တယ်လို့ဆိုပါတယ်။
အချို့ကတော့ ချိုင်းမှာ လျှတ်စစ်နဲ့တို့ ကုရတဲ့ ကုထုံးကို သုံးပါတယ်။
အချို့ကတော့ Botox ထိုးဆေး ချိုင်းမှာ ထိုးပါတယ်။
အချို့ကတော့ ရင်ခေါင်းထဲက Sympathetic အာရုံကြောကို ဖြတ်ပစ်ကြပါတယ်။
အချိုက ကျတော့ သူ့ဖါသာ ပျောက်ကင်း နိုင်ခြေကို မျှော်လင့်ကြပါတယ်။
1
Add a comment...
 
copy from https://www.facebook.com/groups/carehealth.yangon/
Home Less
ကျွန်တော့ အမျိုးသမီး မီးဖွားပီးကတည်းက ဓမ္မတာ မလာတာ အခုဆို ကလေး အသက် ၆ လလဲကျော်နေပါပီ.... တချို့က ၆ လ ထိ ထိန်တတ်တယ်ပြောလို့ပါ ။ ယခုထိ မလာသေးတာ ဘာဖြစ်လို့ပါလဲခင်ဗျာ။ နယ်မှာ ဖြစ်နေတော့ OG တွေဘာတွေနဲ့ ပြဖို့ကလဲ အဆင်မပြေလို့ပါ။ ကျေးဇူးပြုပြီးဖြေကြားပေးပါဏီး

Myo Nyunt ကလေးမွေးပြီး၊ အထူးသဖြင့်၊ ကလေးကို နို့တိုက်လျှင် မိခင်ရဲ့ ကိုယ်မှာဖြစ်ပေါ်နေတဲ့ ဟော်မုန်းအပြောင်းအလဲများကြေင့် ရာသီသွေး မပေါ် ခြင်း ဖြစ်တတ်ပါတယ်။ သာမန်အားဖြင့် ၆ လ လောက် ကြာတတ်တယ်ဆိုပေမယ့်။ လူတစ်ယောက်နဲ့ တစ်ယောက် ဟော်မုန်း ပြောင်းလဲခြင်း ပုံစံ နဲ့ အချိန်ကာလ မတူ ညီနိုင်တဲ့ အတွက် ၆ လ မပြည့်ခင် သွေးပြန်ပေါ်ချင်ပေါ်မယ်၊ နှစ်ပြည့်တဲ့ အထိ လဲ ထိန်ချင် ထိန်နေမယ်။ ဒါကြောင့် စိုးရိမ်စရာမ၇ှိပါ။

Thwe Lay ကလေးမွေးပြီး ၆လအတွင်း ကလေးမရလိုလျှင်..တားဆေးသောက်စရာလိုပါသလား...

Myo Nyunt ကလေးကို အချိန်ပြည့်နို့တိုက်နေတယ်ဆိုရင် ၊ နို့တိုက်မိခင်ရဲ့ ခန္ဓာ ကိုယ်မှာ ဖြစ်ပေါ်နေတတ်တဲ့ ဟော်မုန်း အနေအထားဟာ၊ သားဥကြွေခြင်း မဖြစ်နိုင်တဲ့ အနေအထားမို့ ကလေး မရတတ်ဘူးဆိုပါတယ်။ ဒါကြောင့်လည်း ကလေးကို အချိန်ပြည့်နို့တိုက်တယ်ဆိုရင် များသောအားဖြင့် ကလေးမွေးပြီး ၆ လ အတွင်း ပဋိသန္ဓတားဆေး သုံးလေ့မရှိကြပါဘူး။

Thwe Lay Thanks a lot Sayar
1
Add a comment...
People
Have them in circles
24 people
Contact Information
Contact info
Email
Story
Tagline
ကျန်မာရေးအကြောင်း မေးမြန်းနိုင်ရန်
Introduction
facebook မှကျန်းမာရေးအမေးအဖြေ group ကို gmail အသုံးပြုသူများအတွက် လွယ်ကူစေရန်ရည်ရွယ်ပါသည်။

ကျန်းမားရေး အမေးအဖြေ group ရဲ့ရည်ရွယ်ချက်ကတော့ မြန်မာပြည်သူတို့ ကျန်းမာရေး နဲ့ပတ်သတ်လို့ သိချင်တာ၊ သိသင့်တာတွေ Facebook မှာ ရှာဖွေနိုင်ဖို့ရည်ရွယ်ပါတယ်။

- မိတွေ့ကြုံနေရသော ကျန်းမာရေး အခတ်အခဲများကို ဆွေးနွေးရန်
- နီးစပ်ရာ ဆေးပညာအသိုင်းအဝိုင်းအား group သို့ ဖိတ်ခေါ်ရန်
- ကျန်းမာရေ အခတ်အခဲရှိသူတို့အား ကူညီစောင့်ရှောက်ရန်၊ ဖိတ်ခေါ်ဆွေးနွေရန်

group member မဟုတ်သူများ facebook အသုံးမပြူသူများ နှင့် မိမိ profile ကိုမသိစေလိုသော် မေးခွန်းမေးလိုသူများအတွက် carehealth.yangon@gmail.comမှ တစ်ဆင့် group ပေါ်သို့ post များကို carehealth မှသင့်ကိုစား မေးမြန်းပေးမှာဖြစ်ပါတယ်။
ဆွေးနွေးလာသော facebook comment များကိုလည်း email reply ပြန်လည်ပေးပို့ ပေးမှာဖြစ်ပါတယ်။