Profile

Cover photo
Mg Ye Naung
Works at TTMY
Attended BSC,Geo;
Lived in Yangon
215,371 views
AboutPostsPhotosVideos

Stream

Mg Ye Naung

Shared publicly  - 
 
ဒီလိုဘဝတွေကပဲအေးချမ်းပါတယ်လေနော် မီးလည်းလိုဘူး အိုင်ပက်လည်းလိုဘူး မာစီဒီးလည်းလိုဘူး လီးဗွီးတူဂဲသားလည်းမလိုဘူးလေနော်
19
5
aungkywe moe's profile photoไบนารี ย่างกุ้ง's profile photoMg Ye Naung's profile photoko moe's profile photo
14 comments
 
အရမ်းသဘောကျတာပဲ ပျော်စရာကြီးနော်

Mg Ye Naung

Shared publicly  - 
 
ထောပတ်သီးစားခြင်းက အရွယ်တင်နုပျိုစေနိုင်
By Planet
ထောပတ်သီးသည် နုပျိုကျန်းမာခြင်းအတွက် သဘာဝ၏ လက်ဆောင်မွန် ဆေးကောင်းဝါးကောင်းတစ်လက် ဖြစ်နေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ခန္ဓာကိုယ်ကို အန္တရာယ် ပေးနိုင်သည့် မော်လီကျူးများကို ထောပတ်သီးက ဖယ်ရှားပေးနိုင်စွမ်း ရှိနေကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။ အထူးသဖြင့် အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေသော ဓာတ်သဘာဝများကို ထောပတ်သီးက နှောင့်နှေးစေသလို နှလုံးနှင့် ကင်ဆာရောဂါများ မဖြစ်အောင် အကာအကွယ် ပေးနိုင်ကြောင်း သိရသည်။ ထိုသစ်သီးမှ ထွက်သော အဆီဓာတ်သည် ခန္ဓာကိုယ်ကို အဆိပ်သင့်စေသော မော်လီကျူးများအား တိုက်ဖျက်ပေးတတ်ပြီး ဓာတုဗေဒ ဘေးထွက်ဆိုးကျိုးများကို ချေဖျက်ပေးနိုင်သည်။ အိုမင်းရင့်ရော်မှုကို တားဆီးပေးသည့် အာနိသင်သည် အာလူးနှင့် မုန်လာဥနီတို့တွင် တွေ့မြင်ရတတ်သော်လည်း ထိုအနေအထားသည် ဆဲလ်အစုအဝေးအတွင်း စိမ့်ဝင်နိုင်လောက်သော ဖွဲ့စည်းပုံမျိုး မရှိချေ။ ထောပတ်သီးကမူ ဆဲလ်အဖွဲ့အစည်းထိ အကျုံးဝင် သက်ရောက်နိုင်သည့် သဘာဝ သတ္တိထူးမျိုး ပိုင်ဆိုင်ထားကြောင်း ဇီဝဓာတုနှင့် မော်လီကျူးဆိုင်ရာ ဇီဝဗေဒ နှစ်ပတ်လည် အစည်းအဝေးတွင် အမေရိကန် သုတေသီ ခရစ္စတီယန် ကော်တက်စ်ရိုဂျိုက ပြောကြားသွားခဲ့သည်။ “တခြား အစားအသောက်တွေက Antioxidant တွေဟာ ဆဲလ်အစုအဝေးထဲ မထိုးဖောက်နိုင်ဘူး။ ဒီတော့ ဆဲလ်က လုပ်ငန်းရပ်ဆိုင်ပြီး သေဆုံးသွားတယ်။ တကယ်လို့ ဆီတွေယိုစိမ့်နေတဲ့ ရေကန်မှာ ကျွန်တော်တို့က ဆီကို သန့်စင်ပြီး ဆီယိုနေတဲ့ အပေါက်ကို မပိတ်ရင် ငါးတွေက သေမှာပဲလေ။ ဒီသဘောပဲပေါ့” ဟု ရိုဂျိုက ဆိုသည်။ ဆဲလ်များ၏ အခြေခံအကျဆုံး အဖွဲ့အစည်းထိ ထောပတ်သီးမှ Antioxidant များက စိမ့်ဝင်နိုင်ခြင်းကြောင့် ဆဲလ်များကို ရှင်သန်ရှည်ကြာစေကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် ထောပတ်သီးသည် သွေးကြောများ ထိခိုက်မှုနှင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေတို့ကို တားဆီးပေးကြောင်းလည်း ရိုဂျိုက ၎င်း၏ သုတေသနအဖွဲ့ တွေ့ရှိမှုများကို အစည်းအဝေးတွင် တင်ပြ ဆွေးနွေးသွားခဲ့ကြောင်း သိရှိရသည်။
Source: DailyMail
9
2

Mg Ye Naung

Shared publicly  - 
 
ယောင်္ကျားနဲ့ မိန်းမကွာခြားချက်ကပေါ်လွင်လွန်းလှတာမို့ သဘောကျလို့ပြန်ရှယ်ပေးလိုက်ပါတယ်
10
2
San Htait Htar Oo's profile photoKoko mg's profile photoကိုတေဇာ လင်း's profile photoMg Ye Naung's profile photo
17 comments
 
အင်း ............စိုင်းထီးဆိုင်သီချင်းကိုပိတ်မယ်ဆိုရင် ဘယ်နားက ခလုပ်လဲဗျို့

Mg Ye Naung

Shared publicly  - 
 
အံ့ဖွယ်ခြေစွမ်းနဲ့ ချန်ပီယံလိဂ် ဖိုင်နယ် တက်သွားတဲ့ ချယ်ဆီး
ဧရာဝတီသတင်းဌာန . ၂၅ ရက်နေ့ ဧပြီလ ၂၀၁၂ —
မထင်မှတ်တာတွေဖြစ်လေ့ ရှိတဲ့ မှော်ဝင်ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ယခုအခါမှာလည်း ချယ်ဆီးအသင်းက ဒုတိယပိုင်း တခုလုံး လူ ၁၀ ယောက်တည်းနဲ့ ကစားပြီး လက်ရှိချန်ပီယံဘာစီလိုနာကို အနိုင်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂျွန်တယ်ရီ အထုတ်ခံရမှု၊ ဒုတိယပိုင်းအစမှာ ပယ်နယ်တီ ပေးခဲ့ရမှုတွေကို ကြံ့ကြံ့ခံပြီး အံ့အားသင့်ဖွယ်ရလဒ်ကို ခြင်္သေ့ပြာတပ်ဖွဲ့က အင်္ဂလိပ်ကလပ်တွေကိုယ်စား သယ်ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ဘာစီလိုနာ နည်းပြ ဂါဒီယိုလာကတော့ ပထမ အကျော့က အရှုံးရလဒ်ကို ချေဖျက်နိုင်ဖို့ ဘာစီလိုနာ အသင်းကို (ဂိုး) ဗယ်ဒက်စ်၊ ပူယိုလ်၊ မာရှေရာနို၊ ပီကေး၊ ဖာဘရီဂက်စ်၊ ဇာဗီ၊ ဘက်စကွက်၊ အင်နီယေစတာ၊ ကူအန်ကာ၊ မက်ဆီ၊ ဆန်းချက်စ်တို့ အတွဲနဲ့ တိုက်စစ်အသားပေး ပွဲထွက်လာပါတယ်။ချယ်ဆီးအသင်းမှာတော့ ပထမ အကျော့က လူစာရင်းအတိုင်း မပြောင်းလဲဘဲ (ဂိုး) ပီတာချက်၊ အီဗာနိုဗစ်၊ ကာဟေးလ်၊ တယ်ရီ၊ ကိုးလ်၊ ရာမီရက်စ်၊ လမ်းပတ်၊ မီကယ်၊ မီရာလက်စ်၊ မာတာ၊ ဒရော့ဘာတို့နဲ့ ပွဲထွက်လာပြီး တောရက်စ်ဟာ ယခု ပွဲမှာလည်း အရန်ခုံမှာ ထိုင်နေခဲ့ရပါတယ်။ဘာစီလိုနာဟာ အိမ်ကွင်းအားသာချက်ယူပြီး တိုက်စစ်ဆင်ဖို့ ကြိုးစားပေမယ့် ချယ်ဆီးအသင်းရဲ့ နောက်တန်းဟာ ပွဲစချိန်ကြာလာတာနဲ့ ပိုမိုကျစ်လစ်လာပြီး ဘာစီလိုနာရဲ့ အနီးဘောမှန်သမျှကို ရှင်းထုတ်နိုင်တာကြောင့် မက်ဆီရဲ့ တွဲလုံးဟာ ထိရောက်မှုမရှိဘဲ ဖြစ်ခဲ့ရပါတယ်။ ပထမပိုင်း ၁၂ မိနစ်မှာတော့ နောက်ခံလူ ကာဟေးလ် ဒဏ်ရာ ရရှိသွားတာကြောင့် ဆက်လက် မကစားနိုင်တော့ဘဲ လူစားလဲရာမှာ ဘော့စင်ဝါ ၀င်ကစားပါတယ်။ချယ်ဆီး အသင်းဟာ ပွဲချိန်အတွင်း တိုက်စစ်ကို သိပ်လိုက်မကစားဘဲ ဒရော့ဘာရဲ့ တကိုယ်တော် ထိုးဖောက်မှုကိုသာ အားပြုနေတာကြောင့် ဘာကာအသင်း ပိုမိုဖိကစားလာရာ ၃၅ မိနစ်မှာ မထင်မှတ်ဘဲ ဘက်စကွက်က ပယ်နယ်တီ ဧရိယာအတွင်းမှ ကန်သွင်းယူသွားတာကြောင့် ဦးဆောင်ဂိုး ရသွားပါတယ်။ တဆက်တည်းမှာပဲ ဂျွန်တယ်ရီဟာ အနောက်ကနေ ဆန်းချက်စ်ကို ဒူးနဲ့တိုက်တာကြောင့် ဒိုင်လူကြီး အနီကတ် တိုက်ရိုက်ပြလိုက်တာကြောင့် ပွဲဟာ ပိုလို့ အရှိန်တက်လာပါတယ်။ပထမ ပိုင်းပြီးခါနီးမှာတော့ ဘာကာအသင်းမှာ အင်နီယေစတာက ဒုတိယ ဂိုးသွင်းလိုက်တကြောင့် ဘာကာအသင်း အားသာချက် ရသွားသော်လည်း ရာမီရက်စ်က ချေပဂိုးကို လူကျွံထောင်ချောက်ကနေ ရုန်းထွက်ပြီး ဂိုးသမားကို ကျော်ကာ လှလှပပ သွင်းသွားကြောင့် ပထမပိုင်းအပြီးမှာ ၂-၁ နဲ့ ရလဒ်ထွက်နေခဲ့ကာ ချယ်ဆီးအသင်းက အဝေးဂိုးနဲ့ အသာရလျက်ရှိခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ ပွဲဟာ ပိုမိုမြန်ဆန်လာပြီး ဘောလုံးဟာ ချယ်ဆီး ဂိုးဘက်မှာပဲ ယိမ်းထိုးနေခဲ့ကာ ၄၈ မိနစ်မှာ ပယ်နယ်တီ ဧရိယာအတွင်း ဒရော့ဘာ လှမ်းဖျက်တဲ့ဘောလုံးက ဖာဘရီဂက်စ်ကို ထိမိတာကြောင့် ပယ်နတီရပေမယ့် မက်ဆီရဲ့ ကန်ချက်က တိုင်ထိပြီး ပြန်ထွက်လာတာကြောင့် ချယ်ဆီးအသင်း ပိုမိုအားတက်ကာ နောက်တန်းမှာ ဖျက်ကစားပါတော့တယ်။ ဒုတိယပိုင်းမှာ မာတာအစား ကာလူး ၊ ဒရော့ဘာအစား တောရက်စ်တို့ ၀င်ကစားပြီး နောက်တန်းမှာ အဖျက်အနေနဲ့ ကစားရင်း ဂိုးရဖို့ ကြိုးစားတာကို တွေ့ရပါတယ်။ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာတော့ တန်ပြန်တိုက်စစ်မှတဆင့် ဖာနန်ဒို တောရက်စ်က ဂိုးသမားကိုပါ လိမ်ခေါက်ပြီး လှလှပပ သွင်းယူသွားခဲ့ကာ ချယ်ဆီးပရိတ်သတ်အတွက် ချိုမြိန်တဲ့ ချန်ပီယံလိဂ်ကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ တောရက်စ်ဟာ ဒီဂိုးကို လူစားလဲကစားရတဲ့ ပွဲချိန် ၁၀ မိနစ်အတွင်းမှာ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခု ပွဲမှာ ၂-၂ ရလဒ် ဖြစ်သွားတာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃-၂ နဲ့ ချယ်ဆီးအသင်းဟာ ဘာစီလိုနာကို အနိုင်ရပြီး ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။ယခုအခါမှာ ချယ်ဆီးအသင်းဟာ တဖက်မှ တက်လာမယ့် ဘိုင်ယန်မြူးနစ် သို့မဟုတ် ရီးရဲလ်မက်ဒရစ် အသင်းတို့နဲ့  ချန်ပီယံဖိုင်နယ်မှာ ကစားရတော့မှာဖြစ်ကာ ချယ်ဆီးပရိသတ်တွေအတွက် အခုရက်သတ္တပတ်ဟာ ပျော်ရွှင်ဖွယ်ရာနေ့တွေ ဖြစ်နေတော့မှာပါ။
By featured, ဆောင်းဦးလင်း
ဘာကာဘက်ကို ခြေပဂိုးသွင်းနေတဲ့ တောရက်စ် (ဓာတ်ပုံ - tribunnews.com)
4
1

Mg Ye Naung

Shared publicly  - 
 
လမ်းတံတားလုပ်ပိုင်ခွင့်များကို အစိုးရမှပြန်လည်ထိန်းချုပ်

The Voice Weekly , 25 April 2012 —- မြန်မာ တစ်နိုင်ငံလုံးရှိ လမ်းတံတား လုပ်ပိုင်ခွင့်များ ပုဂ္ဂလိကသို့ ရာနှုန်းပြည့် လုပ်ကိုင်ခွင့် ပြုခဲ့ပြီး နောက်ပိုင်း ပုဂ္ဂလိက ကုမ္ပဏီအခိျု့က ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် သတ်မှတ် သဘောတူညီ ထားချက်များကို ချိုးဖောက်မှုများ ရှိလာခဲ့ရာ အစိုးရမှ ပြန်လည် ထိန်းချုပ် လုပ်ကိုင်တော့မည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရှိရသည်။၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့က စတင်၍ လမ်းအသုံးပြုခများအား ပျမ်းမျှ ကောက်ခံရာတွင် ရရှိငွေ၏ ရှစ်ဆယ် ရာခိုင်နှုန်းကို နိုင်ငံတော်မှ ရယူပြီး ကျန်နှစ်ဆယ် ရာခိုင်နှုန်းအား ပုဂ္ဂလိကမှ လည်းကောင်း၊ တံတား အသုံးပြုခ ပျမ်းမျှ ကောက်ခံမှုမှ ရရှိငွေ၏ ရှစ်ဆယ့်ငါး ရာခိုင်နှုန်းကို နိုင်ငံတော်မှ ရယူပြီး ကျန်တစ်ဆယ့်ငါး ရာခိုင်နှုန်းအား ပုဂ္ဂလိကမှ ရယူရန် သတ်မှတ်ထားကြောင်း နိုင်ငံပိုင် သတင်းစာများက ဖော်ပြသည်။အလားတူ တန်ပိုဂိတ်များနှင့် တံတားများအလိုက် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတ်မှတ်သည့် နှုန်းအတိုင်း ကောက်ခံရန် ဧပြီလ ၂၁ ရက်နေ့က အသေးစိတ် ထုတ်ပြန်လိုက်သည်။“ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ ပေးပြီး ကောက်ခံခိုင်းပါတယ်။ ဒါထက် ပိုပြီး ကောက်ခံတဲ့ သူတွေရှိလို့ လာတိုင်ရင် ဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေ ကိုယ်တိုင် စစ်ဆေးပြီး အရေးယူ ဆောင်ရွက် သွားမှာပါ” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူက ရှင်းပြသည်။ယင်းကိစ္စနှင့် ပတ်သတ်၍ The Voice Weekly က လေလံလုပ်ပိုင်ခွင့်ရ ကုမ္ပဏီတစ်ခု ဖြစ်သည့် Max Myanmar သို့ အစိုးရ၏ ထိန်းချုပ်မှုနှင့်ပတ်သက်၍ ဖုန်းဆက် မေးမြန်းခဲ့ရာ “သတ်မှတ်ထားတဲ့ နှုန်းအတိုင်းပဲ ကောက်ခံပါတယ်။ သတင်းစာ တွေမှာလည်း ဘယ်လောက်နှုန်းနဲ့ ကောက်ရမယ်ဆိုတာ ပါပါတယ်” ဟု အဆိုပါ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။သို့ရာတွင် လေလံလုပ်ကိုင်ခွင့် ရထားသည့် ကုမ္ပဏီများကသာ လမ်းပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ရမည် ဟုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ရှင်းပြသည်။ပြီးခဲ့သည့် ဧပြီလအတွင်း ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အောင်ပန်းဂိတ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဥရုတံတား အသုံးပြုခအား ၁ဝဆ နီးပါး ပိုမို ကောက်ခံနေသဖြင့် ၂၀၁၂ ဧပြီ ၃ ရက်နေ့နှင့် ၈ ရက်နေ့များတွင် အရေးယူ ဆောင်ရွက်မှုအဖြစ် လမ်းတံတား လုပ်ပိုင်ခွင့်များအား ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ပါရှိသည်။
2
1
thihawin thiha's profile photo
 
ပြောတာပါပဲလေ ဟေဟေ့

Mg Ye Naung

Shared publicly  - 
 
မြန်မာနိုင်ငံတွင် အလုပ်သမား အဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပြုလုပ်ပြီ

မြန်မာနိုင်ငံတွင်အလုပ် သမားများအဖွဲ့အစည်းများကိုလွတ်လပ် စွာဖွဲ့စည်းခွင့်ပြု လုပ်ပြီးကြောင်း သိရသည်။ ထိုသို့အလုပ်သမားများအဖွဲ့ များအပြင်အလုပ်ရှင်များအဖွဲ့အစည်းများ ကိုလည်ဖွဲ့စည်း ခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့ အနေနဲ့အလုပ် သမားများ အဖွဲ့အစည်း ကိုရန်ကုန်မှာ ပထမဆုံး ဖွဲ့စည်း ခွင့်ပြုတာ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်မှာ ဧပြီလဆန်းက လျှောက်ထားကြ တဲ့အလုပ်သမား အဖွဲ့အစည်း ရှစ်ဖွဲ့နဲ့ အသင်း ချုပ် တစ်ခုထဲက အလုပ်သမား အဖွဲ့အစည်း ခုနှစ်ခုနဲ့ အသင်းချုပ် တစ်ခုဖွဲ့ကိုတရား ဝင်ဖွဲ့စည်းခွင့်ပြုပေး တာဖြစ်ပါတယ်။ ကျန်တဲ့တစ်ဖွဲ့ကိုတော့ သက်မှတ်ထားတဲ့ စည်းကမ်းတွေ မကိုက်ညီတဲ့ အတွက် ဆက်လက် စိစစ် နေပါတယ်” ဟုအလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ မှတ်ပုံတင် အရာရှိချုပ် ဦးမျိုးအောင်ကပြောသည်

ယင်းအလုပ်သမားအဖွဲ့အစည်း များဖွဲ့စည်း လိုသောအလုပ်သမား များအနေနှင့်အသင်း လူဦးရေ(၃၀)ဦး ရှိရမည်ဖြစ်သည့် အပြင်စက်ရုံရှိ အလုပ်သမား အားလုံး၏ဆယ်ရာခိုင်နှုန်းက ထောက်ခံရမည်ဖြစ်ကြောင်း သိရသည်။ ”ကျွန်တော်တို့ အခု ဖွဲ့စည်းခွင့် ပြုလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေ နဲ့ပတ်သက်ပြီး ဘာမှ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး။ သူတိုအဖွဲ့နဲ့ သူတို့လွတ်လပ် စွာလုပ်ကိုင်ခွင့်ပြုပေး မှာဖြစ်ပါ တယ်။ အလုပ် သမား အဖွဲ့ အစည်း များအနေနဲ့အ လုပ်သမား များနှင့် သက်ဆိုင်တဲ့ အစည်းအ ဝေးတွေနဲ့ နိုင်ငံတော် အဆင့် အလုပ်ရုံဆွေး နွေးပွဲများမှာပါ တက်ရောက် ပါဝင်ခွင့်ရဖို့ ကျွန်တော်အလုပ်သမား ဦးစီး ဌာန က ကူညီ ပေးသွား မှာပါ”ဟုယင်းကရှင်းပြသည်။

အဆိုပါ အလုပ်သမား အဖွဲ့အစည်းများ အနေနှင့် အဖွဲ့ရန်ပုံငွေ အတွက် အသင်းဝင်များ အနေနှင့် လစာ၏ နှစ်ရာခိုင်နှုန်း ကိုလစဉ်ထည့် ဝင်ရမည်ဖြစ်ကာ ရန်ပုံငွေရရှိရန် စီးပွာရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် မရှိကြောင်း သိရသည်။ ပထမဆုံး အလုပ်သမားအဖွဲ့ ဖွဲ့စည်းခွင့် ရရှိသောအလုပ်သမား အဖွဲ့များမှာ တိုင်ရီစက်ရုံ၊ အိုပယ် (အထည်ချုပ်) စက်ရုံ ပဉ္စသုန္ဒရီ (အထည်ချုပ်) စက်ရုံ၊ ဘိုဆန်(ပိုက်) စက်ရုံ၊ ပုဝါမင်းသမီး စက်ရုံ၊ အောင်ကြွေပြား စက်ရုံ၊ ဆွေဇင်အေး (အထည်ချုပ်) စက်ရုံတို့ ဖြစ်ပြီး အသင်းချုပ် အနေနှင့် မြန်မာနိုင်ငံ သင်္ဘောသား များအသင်း ချုပ်ဖြစ် ကြောင်း သိရသည်။

ဇော်လင်းထွဋ် (Yangon Media Group)
1
Mg Aung Thu's profile photo
 
အလုပ်သမားခေါင်းဆောင်များလည်းလွတ်လပ်စွာလုပ်ကိုင်နိုင်ပါတော့မည်
In his circles
3,738 people

Mg Ye Naung

Shared publicly  - 
5
မိုးမင်းသား မိုးစက်'s profile photoไบนารี ย่างกุ้ง's profile photoThein Oo's profile photoMg Ye Naung's profile photo
20 comments
 
လွှတ်တော်မှာတောင်းဆိုဖို့လား?ခဏလေးသီးခံပီးစောင့်၊လွှတ်တော်မြေနေရာက ကုန်းမြင်ပီး လေအရမ်းပြင်းထန်တယ်၊လေထန်ကုန်းလို့ပြောရင်မှားမယ်မထင်ဘူး၊အဲ့ဒီလေထန်ကုန်းမှာလေအားလျှပ်စစ်လုပ်ပီးရင ..အဆင်ပြေသွားမှာပါ၊(.....မီးတွေပိုလွန်းလို့နိုင်ငံခြားကိုရောငးအုံးမှာ်

Mg Ye Naung

Shared publicly  - 
 
ကဲ သူများစီးပြီးသားကားအဟောင်းတွေဝယ်စီးပြီးအပြိုင်အဆိုင်ကြွားနေချိန်မှာ တားတားကတော့ အဲလိုကိုယ်ပိုင်လုပ်တဲ့ကားစီးပြီးကြွားလိုက်မယ်
11
Zin Phyo Kyaw's profile photoMay Me's profile photoaungkywe moe's profile photokhine mikko's profile photo
4 comments
 
where

Mg Ye Naung

Shared publicly  - 
 
တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို
ရန်ကုန် (မဇ္ဈိမ) . ၂၅ရက်နေ့ ဧပြီလ ၂၀၁၂ —- ရန်ကုန်တိုင်းတွင်း လျှပ်စစ်မီး ပြည့်ဝစွာ ရရှိစေရေးအတွက် ယခင်က တရုတ်နိုင်ငံသို့ ရောင်းချ ထားသော လျှပ်စစ်ဓါတ်အားများထဲမှ မဂ္ဂါဝပ် ၁၀၀ ကို ပြန်ဝယ်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက လွှတ်တော်ကိုယ်စားလှယ်များကို ဖြေကြားလိုက်သည်။ဗုဒ္ဓဟူးနေ့က ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၊ ဒုတိယနေ့တွင် တက်ရောက်လာကြသော ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် ဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း
ဖြစ်သည်။“လျှပ်စစ်သုံးစွဲမှုဟာ ဒီနှစ်မှာ ပိုများလာတဲ့အတွက် အလှည့်ကျ ဓါတ်အားပေးတဲ့ စနစ်ကို ဆောင်ရွက်ခဲ့ရတာပါ။ အလှည့်ကျ စနစ်ကို ကျော်လွှားနိုင်ဖို့အတွက် စက်မှုဇုန်တွေကို ပေးတဲ့ လျှပ်စစ်ကို လျှော့ပြီး ပြည်သူသုံးအတွက်
ဖြန့်ဝေပေးလျက် ရှိပါတယ်။ ယခင်က ပိုလျှံလို့ တရုတ်ကို ရောင်းချထားတဲ့ လျှပ်စစ်ဓါတ်အား ၁၀၀ မဂ္ဂါဝပ်ကိုလည်း
ပြန်ဝယ်ယူပြီးတော့ မိမိပြည်သူတွေအတွက် ဖြည့်ဆည်း ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်”ဟု ဦးဉာဏ်ထွန်းဦး က ဖြေကြားသွားခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါ်ကြည်ကြည်မာ၏ “၂၄ နာရီ မီးရရှိရေးကို မည်သို့ဆောင်ရွက်မည်ကို သိလိုသော မေးခွန်း” နှင့် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါက်တာ ဒေါ်ညိုညိုသင်း၏ “ရန်ကုန်တွင် ယနေ့
ပေးဝေနေသော လျှပ်စစ်မီး ပေးဝေရေးမှာ အလှည့်ကျဟု သိရပြီး ယင်းထက် သာလွန်ကောင်းမွန်သော အစီအစဉ် ရှိမရှိ” မေးသော မေးခွန်းတို့အပေါ် ဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုသည် ယခင်က မဂ္ဂါဝပ် ၅ဝဝ နှင့် ၆ဝဝ ကြား သုံးစွဲခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်တွင် တနေ့လျှင် မဂ္ဂါဝပ် ၇ဝဝ ထိ သုံးစွဲကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီးက ဗုဒ္ဓဟူးနေ့ လွှတ်တော်တွင် ပြောကြားသွားသည်။ရန်ကုန်မြို့ပေါ်အား အုပ်စု လေးစုခွဲ၍လည်းကောင်း၊ မြို့ပြင်အား အုပ်စုနှစ်စု ခွဲ၍လည်းကောင်း ဧပြီ ၂ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး အလှည့်ကျပေးလျက် ရှိသည်။အမှတ် ၁ လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း က “ကျနော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့” ဟု ၂ဝ၁၁ ခုနှစ် စက်တင်ဘာက နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုခဲ့ဖူးသည်။ယခုကဲ့သို့ ရန်ကုန်တိုင်းအတွက် လျှပ်စစ်သုံးစွဲရန် တရုတ်နိုင်ငံထံ ရောင်းချပြီးဖြစ်သော လျှပ်စစ်မဂ္ဂါဝပ် ၁ဝဝ အား မည်သည့်ဈေးဖြင့် မည်သို့ ပြန်လည် ဝယ်ယူမည်ကိုမူ မသိရှိရသေးပေ။ရန်ကုန်တိုင်းဒေသကြီး ပြင်ပတွင် ရှိသော ကျွန်းချောင်း၊ မန်း၊ ရွှေတောင်၊ မြန်အောင်၊ သထုံ မြို့နယ်တို့တွင် ရှိသော စွမ်းအားပြည့် မလည်ပတ်နိုင်သည့် သဘာဝဓါတ်ငွေ့ဖြင့် လည်ပတ်ရသော ဓါတ်အားပေး စက်ရုံများကိုလည်း ပြန်လည် လည်ပတ်နိုင်ရေး သဘာဝဓါတ်ငွေ့ ထပ်မံတိုးချဲ့ရရှိစေရေး စီမံနေသည်ဟုလည်း ဦးဉာဏ်ထွန်းဦး က ဆိုသည်။တိုးတက်လာမည့် စက်ရုံ၊ အလုပ်ရုံ၊ လူနေအိမ်နှင့် အဆောက်အအုံများအတွက် လျှပ်စစ် ဓါတ်အားပေး စက်ရုံသစ်များ ကိုလည်း ထပ်မံတည်ဆောက်ရန် ဆောင်ရွက်နေကြောင်းလည်း ပြောကြားသွားခဲ့သည်။
မင်းသက်
ရန်ကုန်တိုင်းအစိုးရ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦး အား ပထမအကြိမ် ရန်ကုန်တိုင်းလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့ ဖြစ်သည့် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
6
2
thihawin thiha's profile photoaungkywe moe's profile photoshwewar lay's profile photoWinhtun Min's profile photo
5 comments
 
အဲဒါပြောတာပေါ့ ပါးစပ်ကတော့  ပါဏာတိပါတာ ရွတ်ပြီး လာကိုက်တဲ့ ခြင်ကျတော့ ဖျန်းခနဲ့ပဲ...

Mg Ye Naung

Shared publicly  - 
 
နှစ်သိန်းတန်ဖုန်းများ သတ်မှတ်ဈေးထက် တင်ရောင်းပါက မြန်မာ့ဆက်သွယ်ရေးကအရေးယူမည်

The Voice Weekly , 24 April 2012 —- မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း၍ ယခုလမှ စတင်ကာ ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးသည့် GSM ဖုန်းများကို ဈေးတင် ရောင်းပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အကြောင်းကြား ထားကြောင်း ယင်းဖုန်းကတ်များ ဖြန့်ဖြူးနေသည့် E-lite ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက ပြောကြားသည်။ယင်းကဲသို့ အကြောင်းကြားထားသည် ဆိုသည်မှာ မှန်ကန်ပါကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အတွက် တာဝန်ရှိသူ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။“သတ်မှတ်ဈေး အတိုင်း ရောင်းရမှာပေါ့၊ ဆက်သွယ်ရေး ပစ္စည်းကို ဈေးတင် ရောင်းလို့မရဘူး၊ ဥပဒေတွေ ရှိတယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အတွက် တာဝန်ရှိသူ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားပြီး ဖုန်းရောင်းသည့် စာချုပ် ကျောဘက်တွင် ဖော်ပြထားသည်ကို တွေ့နိုင်မည် ဖြစ်ပြီး မည်သို့ အရေးယူမည်ကိုမူ အသေးစိတ် မပြောကြား သေးပေ။ဖုန်းအရောင်းဆိုင် များတွင် ဈေးနှုန်းများ သတ်မှတ်ဈေးထက် ကျော်လွန်နေခြင်းမှာ မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ပေးထားသည့် E-lite နှင့် ရတနာပုံ ကုမ္ပဏီတို့က အရောင်းဆိုင်များနှင့် ပေါင်းကာ ဈေးကစားခြင်း၊ ဈေးတင်ခြင်းများ ပြုလုပ်နေသည်ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်လျက် ရှိသည်။
ဓာတ်ပုံ - မိုးမခ
1
Kyaw Thi Ha's profile photoMg Aung Thu's profile photoTheingi Nwe oo's profile photo
3 comments
 
အဲ့ဆိုထောင့်ငါးရာတန်ဆိုရင်ဘယ်လိုလုပ်မလဲ ၁၀ဆက်မကတော့ဘူး  တရားလား?
People
In his circles
3,738 people
Work
Occupation
တောက်တိုမည်ရ
Employment
  • TTMY
    CrabsWorld, present
Places
Map of the places this user has livedMap of the places this user has livedMap of the places this user has lived
Previously
Yangon
Links
Contributor to
Story
Tagline
“မကောင်းလျှင် ကင်းကင်းနေ-မကင်းလျှင် ကောင်းကောင်းနေ“
Introduction
ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်
Bragging rights
ပညာအရည်အချင်းခေသူမဟုတ်
Education
  • BSC,Geo;
    2003
Basic Information
Gender
Male
Other names
thadee4