Profile

Cover photo
စောနန်း ဒေဝီ
6,078 followers|309,129 views
AboutPostsPhotosVideos

Stream

 
ချွေးမလုပ်တဲ့သူက “ပေါ့တော့လဲ အရသာမရှိဘူး၊ ငံတော့လဲ မျိုမကျဘူး။ အမေကဘာဖြစ်ချင်တာလဲ?”
အမေက သူ့သားပြန်လာတာမြင်တော့ဘာမှမပြောတော့ဘဲ ထမင်းဟင်းကို ပါးစပါထဲသွတ်ထည့် လိုက်တယ်။ သူမသူ့ကို မျက်စောင်းထိုးပြီး တစ်ချက်ကြည့်လိုက်တယ်။
သားက တစ်လုတ်လောက်မြည်းကြည့်လိုက်တယ်။ ချက်ချင်းပြန်ထွေးထုတ်လိုက်ပြီး “ငါမင်းကို ပြောထားတယ် မဟုတ်ဘူးလား၊ အမေ့မှာ ရောဂါရှိတယ်၊ အငံစားလို့မရဘူးဆိုတာကို”
“ကောင်းပြီလေ၊ ဒါ ရှင့် အမေဘဲ၊ နောက်ကျရင်ရှင်ဘဲချက်တော့”
ချွေးမ ကတော့ ဆောင့်အောင့်ပြီး အခန်းထဲဝင်သွားတယ်။

သားကတော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်တယ် “အမေ မစားနဲ့တော့၊ သားခေါက်ဆွဲ ချက်ကျွေးမယ်”
“သား မင်း အမေ့ကို ပြောစရာ ရှိတယ် မဟုတ်လား၊ ရှိရင် ပွင့်ပွင့်လင်းလင်းသာပြောပါ၊ စိတ်ထဲမှာ မျိုသိပ် မထားပါနဲ့။”

“အမေ သား နောက်လကျရင် ရာထူးတိုးတယ်၊ အလုပ်တွေ အရမ်းများလာလိမ့်မယ်၊ မိန်းမကလဲ အပြင်ထွက် အလုပ်လုပ်ချင်တယ်ပြောတယ်။ ဒါကြောင့်…”
“သား အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်” အသံလေးက တုန်ရီနေတယ်။

သား ကလဲ ခဏငြိမ်သက်သွားတယ်၊ ဒီထက်ကောင်းတဲ့ အကြောင်းရင်းကို ရှာနေသလို။
“အမေ လူအိုရုံ ကလဲမကောင်းတာ မဟုတ်ပါဘူး၊ အမေသိတဲ့ အတိုင်း မိန်းမအလုပ်လုပ်ရင် အမေ့ကို ကောင်းကောင်းပြုစုနိုင်မှာ မဟုတ်ဘူး၊ ဟိုမှာ က ကျွေမဲ့သူ ပြုစုမဲ့သူ အဆင်သင့်ရှိပြီးသား ဘဲ။ အိမ်မှာထက်တောင် ပို အဆင်ပြေသေးတယ် မဟုတ်ဘူးလား?”

“…….”

ရေမိုချိုးပြီး ခေါက်ဆွဲထုတ်ကို ဘဲ ကမန်းကတန်းပြုတ်စားလိုက်တယ်။ သူ အခန်းထဲဝင်သွားပြီး ပြတင်းပေါက်မှာ ရပ်ပြီး စိတ်ထဲမှာ တွေဝေနေသလိုဘဲ။
အမေဟာ ငယ်ငယ်လေးကတည်းက မုဆိုးမ ဖြစ်ခဲ့တာပါ။ သူ့ကို ကျောင်းပြီးတဲ့ အထိ တစ်ယောက်တည်း ရှာကျွေးခဲ့တာပါ။ ငယ်ရွယ် စဉ် အခါက ပင်ပန်းခဲ့ တာတွေ ကို အကြောင်းပြ ပြီး မိခင်ကို လုပ်ကျွေးစောင့်ရှောက်ရမယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါပေမဲ့ မိန်းမကတော့ အိမ်ထောင်ရေးနဲ့ ချိန်းခြောက်လာတယ်။

အမေ့ကို လူအိုရုံ တကယ်ပို့ရမှာလား? သူ့ကိုယ်သူပြန်မေးတယ်။ သူ မလုပ်ရက်ဘူး။
“မင်းရဲ့ နောက်ပိုင်း ဘ၀ကို ဆက်ပြီးလက်တွဲလျှောက်မှာက မင်းမိန်းမနော်။ မင်း အမေ မဟုတ်ဘူး”လို့ ဦးလေးရဲ့ သားက အမြဲသတိပေးတယ်။
“မင်း အမေ ဒီလောက်တောင်အိုနေပြီ၊ ကံကောင်းရင်တော့ နေနိုင်သေးတာပေါ့၊ အသက်ရှင်နေတုန်းကောင်းကောင်း ပြုစု ပါလား? သစ်ပင်သည်ငြိမ်ချင်သော်လည်း လေကမငြိမ်ပေ။ မိဘကို လုပ်ကျွေးချင်သော်လည်း မိဘက မရှိတော့ပေ ဆိုတာမျိုးတော့ မဖြစ်စေနဲ့ဟေ့” လို့ တချို့ဆွေမျိုးတွေက တော့ သတိပေးကြတယ်။ သူ ဘာမှ ထပ်မစဉ်းစားချင်တော့ဘူး၊ စိတ်ပြောင်းသွားမှာစိုးလို့။

နေမင်းက သူ့ရဲ့ ပူပြင်းလှတဲ့ အရှိန် အ၀ါကို သိမ်းပြီး တောင်ကုန်းရဲ့နောက်ကွယ်ကို ပုန်းခိုသွားပြီ။
မြို့ပြင် စိတ်ငြိမ်တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ အဆင့်မြင့် လူအိုရုံလေး….
ဟုတ်တယ်လေ၊ ပိုက်ဆံများများသုံးထားမှာ သားရဲ့စိတ်ထဲက ပိုဖြောင့်တာပေါ့။
သားက မိခင်ကို တွဲခေါ်ပြီး ဧည့်ခန်းထဲဝင်လိုက်ချိန်မှာ ၄၂ လက်မ တီဗွီ ဖန်သားပြင်မှာ ဟာသကား တစ်ကားပြနေတယ်။ ဒါပေမဲ့ ပရိသတ်တွေဆီက ဘာရယ်သံမှ မကြားရဘူး။
တချို့ အင်္ကျီဆင်တူ ၀တ်ထားတဲ့ အဖိုးကြီးတွေ ဆိုဖာပေါ်မှာ ထိုင်ပြီး ငိုင်နေကြတယ်။ စိတ်ဓာတ်ကျနေတဲ့ ပုံတွေဘဲ။
နောက် လူအိုတစ်ယောက်က ကိုယ့်ဖာသာကိုယ် တီးတိုးပြောနေပြီးမြေကြီးပေါ်ကျနေတဲ့ ဘီစကွတ်မုန့်ကို ကောက်စားနေတယ်။
သားကသိတယ်။ အမေ လင်းလင်းထင်းထင်း ကြိုက်တယ်ဆိုတာကို။ နေရောင် ကောင်းကောင်းရတဲ့ အခန်းတစ်ခန်းကို ရွေးပေးလိုက်တယ်။ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်ရင် မြက်ခင်းပြင်က စိမ်းစိုလို့၊ သူနာပြုတွေက လဲ တွန်းလှည်းတွေကို တွန်းပေးပြီး တချို့လူအိုတွေ ကလည်း လမ်းလျှောက်နေကြတယ်။ ပတ်ဝန်းကျင် တိတ်ဆိတ်လွန်းတာဟာ လူရဲ့စိတ်ထဲမှာ ၀မ်းနည်းသလိုလို ဖြစ်လာစေတယ်။

ဆည်းဆာ သည်လှပသော်လည်းဘဲ မှောင်ရီပျိုးနေပြီ။
“မေ သားပြန်တော့မယ်။”
အမေကတော့ ခေါင်းလေးတစ်ချက်ဘဲငြိမ့်လိုက်တယ်။
သူလှည့်ထွက်သွားတဲ့ အချိန်မှာ အမေက တော့ တောက်လျှောက် လက်ပြနှုတ်ဆက်နေရှာတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး ခြောက်ကပ်ဖြူလျော်နေတဲ့ နှုတ်ခမ်းသားများဟာ မျှော်လင့်ချက်တွေများစွာနဲ့ ကျန်နေရစ်ခဲ့တယ်။
သားလေးက အဲ့ဒီ အချိန်မှာမှ မိခင်ရဲ့ မီးခိုရောင်သန်းနေတဲ့ ဆံနွယ်တွေ၊ ချိုင့်ဝင်နေတဲ့ မျက်ဝန်း အစုံ၊ တွန့်ကြေနေတဲ့ ပါးပြင် ကို သတိထားမိတယ်။ အမေတကယ် အိုနေပါပြီလား။

သူရုတ်ချည်း တစ်ခုကို သတိရလိုက်တယ်။ သူ ၆နှစ်သား အရွယ်တုန်းက အမေဟာ အရေးကြီးကိစ္စနဲ့ ရွာပြန်ဖို့ရှိတော့ သူ့ကို ဦးလေးအိမ်မှာ အပ်ခဲ့တယ်။ အမေသွားခါနီးမှာ အမေရဲ့ ခြေထောက်ကိုဖတ်ပြီး ကြောက်လန့်တကြားအော်ငိုပါလေရော
“မေမေ သားကိုပစ်မသွားပါနဲ့၊ သားကို မထားခဲ့ပါနဲ့နော်။” နောက်ဆုံး အမေကလဲ သူ့ကို မထားရစ်ခဲ့ပါဘူး။

သူ အလောသုံးဆယ်နဲ့ ထွက်လာလိုက်တယ်၊ တံခါးကိုပါဆွဲပိတ်လိုက်တယ်။
နောက်ပြန် မကြည့်ရဲဘူး။ ဟိုး အတိတ်က အရိပ်တွေ ပြန်ပေါ်လာပြီး စွဲကပ်နေမှာစိုးလို့။

အိမ်ပြန်ရောက်လာတော့ မိန်းမက သူ့အမေပစ္စည်းတွေကို စွန့်ပစ်နေတာ အားရပါးရဘဲ။
၃လက်မ မြင့်တဲ့ ဆုတံဆိပ်လေးတစ်ခု
ဒါဟာ မူလတန်းတုန်းက စာစီစာကုန်းပြိုင်ပွဲ “ကျွန်တော်၏မိခင်” မှာ ပထမရခဲ့တဲ့ အောင်ပွဲ အမှတ်တရလေးပါ။
အင်္ဂလိပ်-မြန်မာ အဘိဓာန် စာအုပ်လေး
ဒါကတော့ အမေ မစားရက် မသောက်ရက် ချွေတာပြီးဝယ်ထားပေးတဲ့ ပထမဦးဆုံးသောမွေးနေ့လက်ဆောင်။
နောက်ပြီး အိပ်ရာဝင်ခါနီးတိုင်း အမေ အမြဲလိမ်းလေ့ရှိတဲ့ ဒဏ်ကြေလိမ်းဆေး။
မင်း အမေကို မလိမ်းပေးတော့ လူအိုရုံ ယူသွားလဲ ဘာထူးမှာတဲ့လဲ?

“တော်ပြီ ဆက်မပစ်နဲ့တော့”လို့ ဒေါသတကြီးအော်လိုက်တယ်။
“ဒါတွေကို မပစ်တော့ ငါ့ပစ္စည်းတွေ ဘယ်မှာထားရမှာလဲ” လို့ မိန်းမကလဲ ပြန်အော်လိုက်တယ်။
“ဒါတွေ အားလုံးဟာ ငါ့ အမေရဲ့ အမွေတွေဘဲ၊ ဘာမှ မထိနဲ့”
“ရှင် ဒါဘာသဘောလဲ?”
“မင်းငါ့ကို ချစ်လို့ ငါကို လက်ထပ်ခဲ့တာ၊ ငါ့အမေကို ကော် နင်ချစ်လို့မရဘူးလား?”

ပြောပြီး သူကားမောင်းထွက်သွားတယ်။

မိုးရွာပြီးတဲ့ ညဟာ အေးစက်လွန်းတယ်။ လမ်းမှာလဲ လူတွေရှင်းလို့၊ သူအဆုံးဆုံထိနင်းပြီး မောင်းလာခဲ့တယ်။
ကားလေးက တောင်ကုန်းပေါ်က လူအိုရုံဆီသို့ဦးတည်လျက်။
ကားကိုရပ်ပြီးဒါနဲ့ လှေခါးပေါ်ပြေးတက်သွားပြီး အမေ့ အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။

သူဝိဥာဏ်မဲ့စွာ ရပ်နေတယ်။
အမေကတော့ ကိုက်ခဲနေတဲ့ ခြေ၂ဖက်ကို နှိပ်နေရှာတယ်။
သားလက်ထဲက ဒဏ်ကြေလိမ်းဆေးကိုမြင်တော့ ၀မ်းသာအားရနဲ့ပြောလိုက်တယ်။
“အမေ မေ့ခဲ့တာ၊ တော်သေးတာပေါ့ သားယူလာပေးလို့”
သူဟာ အမေဘေးနားကို တိုးသွားပြီးဒူးထောက်လိုက်တယ်။
“မိုးချုပ်နေပြီ။ အမေ့ဖာသာလိမ်းမယ်၊ မနက်ဖန်ရုံးတက်ရဦးမယ်၊ ပြန်ပါတော့သားရယ်”

သူ ခဏမှင်သက်သွားပြီး နောက်ဆုံးထိန်းမရတဲ့ မျက်ရည်တွေလျှံထွက်လာပြီး
“သားကိုခွင့်လွတ်ပါ။ သားတောင်းပန်ပါတယ်။ အိမ်ပြန်ရအောင်နော်”

ကိုယ်တွေ တဖြေးဖြေးကြီးလာတာနဲ့ အမျှ မိဘတွေနုနယ်တဲ့ မျက်နှာ တဖြေးဖြေးအိုမင်းခဲ့တာကို မြင်တွေ့နေရတယ်။ နက်မှောင်တဲ့ဆံကေသာ ဖြူရောင်သမ်းလာတယ်၊ လျင်မြန်ဖျက်လပ်မှုက နေ တုံ့နှေးလာတယ်။ ဘယ်လောက်ထိရင်နာစရာကောင်းလဲ။

မိဘဆိုတာ အကောင်းဆုံး တန်ဖိုး အကြီးမားဆုံး အရာတွေကို ထားခဲ့ပေးတယ်။
ဖယောင်းတိုင်မီးလိုဘဲ အဆက်မပျက် ကိုယ့်ကိုယ်ကို လောင်ကျွမ်းပြီး သားသမီးတွေ ကို အလင်းရောင်ပေးခဲ့တယ်။ ကျွန်တော်တို့က ရော်?

သူတို့အတွက် နေရာလေးပေးနိုင်လား? ဒါမှ မဟုတ် လိုအပ်တဲ့ အချိန်မှာမှ သတိရတာလား?

သူတို့တောင်းဆိုတာ တကယ်မများပါဘူး။ “ဖေ မေ ဒီနေ့နေကောင်းလား ထမင်းစားပြီးပြီလား” ဆိုတဲ့ ရိုးရှင်းတဲ့ စကားသံလေးပါဘဲ။

မှတ်ချက်......ရေးသူမသိပါ
 ·  Translate
85
13
Innlnn Innlnn's profile photoZin Min's profile photoAye Phyu's profile photoKo Min Zin Win's profile photo
99 comments
 
လောကမှာဘုရားနဲ့တစ်ကိုင်တဲထားသင့်တဲ့ဖေဖေနဲ့မေမေ
 ·  Translate
Add a comment...
 
တစ်နေ့နေ့တော့ သွားလည်ချင်သေးတယ် အဟီး
 
Bora Bora Island Bora Bora emerged from the waters 3 millions years ago. Like all the other Polynesian islands, this volcanic island slowly sinking in the ocean. It currently presents particular geological characteristics ranging in between a high island and an atoll status. Island has unforgettable turquoise lagoon – where a multi-color aquatic fauna (sting & manta rays, sharks, tropical fishes) can be observed by outrigger canoe, boat or diving explorations. The coral reef includes a string of islets and gorgeous white sand beaches surrounding the main island.
453 comments on original post
45
2
စောနန်း ဒေဝီ's profile photoYan Lay's profile photonaing htoo's profile photoKo Zaw Zaw Ko Oo's profile photo
30 comments
Yan Lay
 
ဒါဆိုခေါ်ာဥိးနော်
 ·  Translate
Add a comment...
 
www.facebook.com/ahlwanmintamee မှ ကြိုဆိုပါတယ်အတ်နိုင်ပါတယ် ဟိဟိ
စောအကောင့် ၁၇၀၀ကျော်ကို ဖိတ်တာ နည်းနည်းလေးပဲ ဝင်လာလို့ ထပ်ဖိတ်တာပါ :-)
 ·  Translate
Facebook is a social utility that connects people with friends and others who work, study and live around them. People use Facebook to keep up with friends, upload an unlimited number of photos, post...
28
2
Innlnn Innlnn's profile photoYan Lay's profile photoa kha lay's profile photowaiyan phyo's profile photo
45 comments
Yan Lay
 
ဒါဆိုတို့ကိုလည်း ခင်ပေးပါနော်
 ·  Translate
Add a comment...
 
မြန်မာနှင့် ကမ္ဘာကို သတ္တိအရာနှင့် သည်းခံခြင်းတရားတို့ အပ်နှင်းခဲ့သူ (သို့မဟုတ်) ဒေါက်တာအောင်ဆန်းစုကြည်

-----------------------------------

ရာစုနှစ်တစ်စိတ်ဆိုသော အချိန်ကာလမှာ အရာများစွာတို့ကို ပြောင်းလဲစေနိုင်ပါသည်။ မွေးကင်းစ ကလေးငယ်တစ်ဦး ပညာပြည့်စုံပြီး လူလားမြောက်နိုင်သည့် ကာလဖြစ်သည်။ စနစ်များ၊ ခေတ်များနှင့် လူနေမှုပုံစံများလည်း ရွေ့လျား သွားနိုင်လောက်သော ကာလဖြစ်သည်။ လူ့အချို့တို့ကို နောက်ဆုံးဇရာ အရွယ်သို့ ရောက်ရှိစေနိုင်ပြီး မိတ်ဆွေအချို့မှာ ရှိနိုင်တော့မည်လည်း မဟုတ်ပါ။ အကောင်းဖက်သို့ ဦးတည် တည်ဆောက်ခဲ့မည့် လူ့အဖွဲ့အစည်းတစ်ခုအတွက် ၂၃ နှစ်တာ ကာလမှာ များစွာ ခရီး ရောက်ခဲ့ပါလိမ့်မည်။ ထို့အတူ…။

နိုင်ငံရေးနှင့် လူမှုစီးပွားရေး အဓိကဘာသာတို့ဖြင့် တက္ကသိုလ် ပညာရပ်များဆည်းပူးခဲ့ရာ၊ မိသားစုဘ၀ တည်ဆောက်ခဲ့ရာ နေရာ၊ နောက်ပိုင်းတွင် အချိန် အကြာကြီး ခွဲခွါခဲ့ရမည့်နေရာ ဖြစ်သည့် အောက်စဖို့ဒ် Oxford တက္ကသိုလ်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို အပ်နှင်းသည့်အတွက် များစွာ ကျေနပ်ပြီး ထိခိုက် ခံစားရပါကြောင်း သူမက ဦးစွာ ပြောကြားခဲ့သည်။ အင်္ဂလန်အလယ်ပိုင်းဒေသ၏ ၂၀၁၂ နွေရာသီမှာ ပို၍ နွေးထွေး နေခဲ့ပါသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က စစ်အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီသို့ ကူးပြောင်းသည့်ခရီးတွင် သင်ယူလေ့လာခြင်း အရာဝယ် ဂုဏ်ထူးဆောင် ဘူမိနက်သန်မြေ အောက်စဖို့ဒ် တက္ကသိုလ်အနေဖြင့် မြန်မာမျိုးဆက် ကျောင်းသားများ အားလည်း ပညာသင်ကြားပေးပါရန် မမေ့မလျော့ အကူအညီ တောင်းခံပေးခဲ့သည်။ မျိုးဆက်များအတွက် စိုးရိမ်စိတ်တို့နှင့် ခရီးသွားနေရသူတစ်ဦးပင်။

“ဒီနေ့ဟာ အများကြီးပဲ စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။” သမိုင်းဝင် ၁၇ ရာစုနှစ် Sheldonian Theater ဘွဲ့နှင်းသဘင် ခန်းမဆောင်ထဲတွင် ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ရယူသည့် မိန့်ခွန်းတွင် အသက် ၆၇ နှစ် ရှိပြီဖြစ်သည့် ဒေါ်စုက ပြောကြားခဲ့သည်။

“နေအိမ် အကျယ်ချုပ် ကျခံခဲ့ရတဲ့ ဒီ ခက်ခဲလှတဲ့ နှစ်ကာလများမှာ အောက်စဖို့ တက္ကသိုလ် နေ့ရက် အမှတ်တရများက ကျမကို ကြံ့ကြံ့ခံ ရပ်တည်စေနိုင်ခဲ့ပါတယ်။ ကျမ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ခံနိုင်ရည်စွမ်းအား ရရှိစေခဲ့ပါတယ်။” လောကဓံတရားကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ပေးလိုက်သည့် တက္ကသိုလ်ကျောင်း၏ ကျေးဇူးတရားကို သတိတရ စကားများ။

မြန်မာ့ရိုးရာ ချိတ်ထမီလုံခြည်၊ အနက်ရောင် ရင်ဖုံးအကျီနှင့်အတူ အနီရဲရဲ ပါရဂူဘွဲ့ဝတ်ရုံတို့ကို ၀တ်ဆင်ထားပြီး အနက်ရောင် ကတ္ထီပါ ဘွဲ့ခေါင်းဆောင်း အောက်တွင် ၀ါလွင်လွင် နှင်းဆီပန်းအပြင် ကြက်သရေရှိသော အပြုံးပန်းတို့ဖြင့် ဒေါ်စုသည် ပညာ့သမိုင်းဝင်မည့် ခြေလှမ်းများဖြင့် အမိတက္ကသိုလ်နယ်မြေတွင် ပြန်လည်၍ ခြေချခွင့် ရရှိလေပြီ။ ပညာခေတ်၏ မြန်မာအမျိုးသမီးကြီးကို တက္ကသိုလ် အဓိပတိ (ယခင် ဟောင်ကောင် အုပ်ချုပ်ရေးမှူး) ခရစ်ပတ်တန်က ဘွဲ့လက်မှတ် အပ်နှင်းခဲ့သည်။ ပညာနှင့်အတူ သူမ နုပျိုခဲ့လေပြီ။

သူမ၏ မိန့်ခွန်းပြောကြား အပြီးတွင် ပညာရှင်နှင့် ကျောင်းသား ၁၀၀၀ ကျော်တို့က မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာ အကြာကြီးတီး၍ ဂုဏ်ပြုခဲ့ကြ၏။ ၁၉၆၀ အလယ်နှစ် ကာလများတွင် နိုင်ငံရေး၊ ဒဿနိကဗေဒနှင့် စီးပွားရေး ပညာရပ်များကို သူမ ဆည်းပူးခဲ့ရာ ကမ္ဘာကျော် တက္ကသိုလ်ကျောင်းတော်ကြီးက ဂုဏ်ယူခြင်း၊ ဂုဏ်ပြုခြင်းဟု ခေါ်ဆိုနိုင်ပါသည်။ သူမကြောင့်လည်း ကျောင်းတော်နှင့် ကမ္ဘာကြီးလည်း ဂုဏ်တက်နေပြီ မဟုတ်ပါလော။ မျိုးဆက်တို့အတွက် မဖတ်မဖြစ် အတ္ထုပ္ပတ္တိစာအုပ် တစ်အုပ်ကို ကျောင်းတော်က မွေးဖွားခဲ့ခြင်းပင်။

တက္ကသိုလ် အဓိပတိက လက်တင်ဘာသာစကားဖြင့် ဤသို့ ပြောကြားခဲ့သည်။ “လွတ်မြောက်မှုအတွက် ခေါင်းမငုံ့တဲ့ ချန်ပီယံ၊ သင့်ပြည်သူနဲ့ ကမ္ဘာကြီးကို သတ္တိအရာနဲ့ သည်းခံခြင်းတရားတို့ အပ်နှင်းခဲ့လေပြီ။ ကျွန်ုပ်၏ လုပ်ပိုင်ခွင့်အတွင်းနှင့် တက္ကသိုလ်တစ်ခုလုံး၏ အခွင့်အာဏာအရ ဥပဒေပညာ ပါရဂူ ဂုဏ်ထူးဆောင် ဘွဲ့ကို အပ်နှင်းပါတယ်။” ကမ္ဘာ့ ပညာကျော်တို့၏ တော်ဝင် ကမ္ပည်းမှတ်တမ်းကို မြန်မာ့ရိုးရာ အချိတ်ကြိုးများ၊ မြန်မာ့နှင်းဆီပန်းများနှင့် ယှက်ဖွဲ့ထားလေပြီ။

အင်္ဂလန်တောင်ပိုင်းဒေသ အောက်စဖို့ဒ်နယ်တွင် နှစ် ၂၀ နီးပါး ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ပါသည်။ အင်္ဂလိပ်လူမျိုး ခင်ပွန်းသည် အရှေ့တိုင်းပညာရှင် ဒေါက်တာမိုက်ကယ်အဲရစ်၊ သား ၂ ဦးဖြစ်သူ အလက်ဇန္ဒား (မောင်မြင့်ဆန်းအောင်) နှင့် ကင်မ် (မောင်ထိန်လင်း) တို့နှင့်အတူ နေထိုင်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင် နာမကျန်းဖြစ်နေသော ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး၊ သူမ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်အား ပြုစုရန် အတွက် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ရာစုနှစ် တစ်စိတ်နီးပါး၊ နောင် ၂၃ နှစ်အကြာအထိ အင်္ဂလန်မြေသို့ ပြန် မရောက်နိုင်တော့ကြောင်းကိုမူ စဉ်းစားခဲ့မိလိမ့်မည် မဟုတ်ပါ။ သို့သော် သူမ အဆင်သင့် ရှိနေခဲ့လေသည်။

ခင်ပွန်းနှင့် သား ၂ ဦးတို့ကို ဤကန္တာရနှစ်ကာလများအတွင်း အကြိမ်အနည်းငယ်သာ တွေ့ဆုံခွင့် ရရှိခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ခင်ပွန်းသည် ဒေါက်တာမိုက်ကယ်အဲရစ် ကင်ဆာရောဂါဖြင့် ကွယ်လွန်အံ့ဆဲဆဲတွင် တွေ့ခွင့် မရသွားခဲ့ရှာပါ။ မြန်မာပြည်တွင်းတွင်သာ နေထိုင်ပြီး လွတ်မြောက်မှုနှင့် ဒီမိုကရေစီအရေးတို့အတွက်သာ ဆက်လက် လုပ်ဆောင်ပါရန် လည်း သူက မှာကြားခဲ့သည်။ တိုင်းပြည်အတွင်းမှ ထွက်ခွါသွားပါကလည်း ပြန်လည်ဝင်ရောက်ခွင့် မရတော့မည့် အခြေအနေကို သူမ အထူး စိုးရိမ်ခဲ့သည်။ တိုင်းပြည်နှင့် မိသားစု အကြားတွင် သူမ မည်မျှ ခံစားခဲ့ရပါမည်နည်း။ ကမ္ဘာ့ကြီး၏ ပညာအရာတွင် ရှေ့ဆောင်ဘွဲ့ထူးကို ရယူမည့်နေ့ နံနက်ပိုင်းတွင် ချစ်ခင်ပွန်းသည်၏ အုတ်ဂူသို့ ၁၃ နှစ်အကြာတွင် ပထမဆုံးအကြိမ် သွားရောက် ဂါရ၀ပြုခွင့် ရခဲ့ပါသည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် တတိယအကြိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် အမတ်တစ်ဦး ဖြစ်လာခဲ့သည်။

“ရှေ့ဆက်ရမယ့် ခရီးလမ်းကလည်း လွယ်ကူမှာတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် အောက်စဖို့ဒ် ကျောင်းတော်ကြီးက ကျောင်းတော်သားများရဲ့ အကောင်းဆုံးအရာကိုသာ မျှော်လင့်တယ်ဆိုတာ ကျမ သိပါတယ်။” သူမ၏ မိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။

“ဒီကနေ့မှာတော့ ကျမကို ကျောင်းတော်သူတစ်ယောက်အနေနဲ့ မှတ်မိသိရှိ နေဆဲဖြစ်တဲ့အတွက် ရှေ့ဆက်ခရီးလမ်းမှာ ကြုံတွေ့ရဦးမယ့် စိန်ခေါ်ချက်တွေကို ကျမက အကောင်းဆုံးကြိုးစားဖို့အတွက် ခိုင်ကျည်တဲ့ စိတ်ဓါတ်ကို ရရှိလိုက်ပါတယ်။” ကျောင်းတော်နှင့် ပြင်ပလူ့အဖွဲ့အစည်းကို အမိအရ ချိတ်ဆက် ပေးနိုင်ခဲ့ခြင်းဟု ဆိုရပါလိမ့်မည်။

စစ်အုပ်ချုပ်ရေး မတိုင်မီကာလက ပိုင်ဆိုင်ခဲ့ဖူးသော မြန်မာ့တက္ကသိုလ်များ၏ အရည်အသွေးနှင့် အစဉ်အလာတို့ကို ပြန်လည်တည်ဆောက်ခြင်းကိုလည်း သူမ မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

“ဒီလို တစ်ဖန်ပြန်ဖြစ်လာစေဖို့ ကျမရဲ့ ရင့်ကျက်လှတဲ့ အောက်စဖို့ဒ်တက္ကသိုလ်ကြီးက အကူအညီ ပေးနိုင်မယ်ဆိုရင် သိပ်ကို ကျေးဇူးတင်ရမှာပါ။” သူမက တခုတ်တရ ပြောကြားခဲ့သည်။

ဘွဲ့လက်မှတ် ရယူအပြီး သူမနံဘေးတွင် လာထိုင်ခဲ့သူ စုံထောက်ဇာတ်လမ်း စာရေးဆရာ ဂျွန်လာကဲရား (နာမည်အမှန်မှာ ဒေးဗစ်ကောန်ဝဲလ်) ကိုလည်း ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“နေအိမ် အကျယ်ချုပ် ကျခံခဲ့ရစဉ်ကာလမှာ ဂျွန်လာကဲရားရဲ့ စာအုပ်တွေက အများကြီး အကူအညီ ပေးခဲ့တာပါ။” သူမက ရှင်းပြခဲ့သည်။ “ပိုမို ကျယ်ပြန့်လှတဲ့ ကမ္ဘာကြီးနဲ့ အခြားသော တိုင်းနိုင်ငံတွေရယ်၊ အတွေးတွေ၊ အိုင်ဒီယာ စိတ်ကူးစိတ်သန်းတွေဆီရယ်ကို ခရီးနှင် နိုင်ခဲ့တယ်လေ”

၁၉၈၈ ခုနှစ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ဥရောပခရီးစဉ်ကို ၂၀၁၂ ဇွန်လ တတိယပတ်တွင် ထွက်ခွါ လာနိုင်ခဲ့ခြင်း ဖြစ်သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုမိန့်ခွန်း၊ အိုင်အယ်အိုမိန့်ခွန်းတို့ အပါအ၀င် နိုင်ငံ ၅ နိုင်ငံခရီးစဉ် ဖြစ်သည်။ ၁၉၉၁ နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် ၁၉၉၃ ခုနှစ်က အပ်နှင်းခဲ့သည့် အောက်စဖို့ဒ် ဂုဏ်ထူးဆောင် ဘွဲ့တို့ကို ယခုမှ လူကိုယ်တိုင် တက်ရောက် ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာကြီးက သူမကို မေ့မထားခဲ့ပါ။

၆၇ နှစ်မြောက် မွေးနေ့ဖြစ်သည့် ဇွန် ၁၉ ရက်၊ ၂၀၁၂ တွင် သူမ၏ ကျောင်းဖြစ်သည့် အောက်စဖို့ဒ်-စိန့်ဟူ့ကောလိပ် ကျောင်းက မိသားစုနှင့် သူငယ်ချင်းဟောင်းများနှင့်အတူ မွေးနေ့ပွဲ ကျင်းပပေးခဲ့သည်။ မြန်မာပြည်တွင်းနှင့် ကမ္ဘာ့အနှံ့အပြားတွင်လည်း မမေ့မလျော့ ဂုဏ်ပြုကြလျက်၊ ဂုဏ်ယူကြလျက်။ ကတင်ညုတ၊ ကတဝေဒီ မင်္ဂလာတရားနှင့် မည်မျှ ညီညွတ်လိုက်ပါသနည်း။

ဗြိတိသျှပါလီမန်တွင် မိန့်ခွန်း ပြောကြားရန်လည်း အစီအစဉ်ရှိနေသေးသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့ ခေါင်းဆောင် ၄ ဦးသာ ပြောခွင့်ရခဲ့ဖူးသည့် ကြီးကျယ်ခန့်ငြားလှသော သမိုင်းဝင် အထင်ကရ ၀က်မင်စတာ ပါလီမန် နေရာဖြစ်သည်။

ဘီဘီစီနှင့် အင်တာဗျူးတွင် မြန်မာပြည်သူလူထုကို ရှေ့ဆောင်ရန်အတွက် သူမ၏ ကိုယ်ပိုင် ဆန္ဒကို အတည်ပြု ပြောကြားခဲ့ပါသည်။ “လမ်းကြောင်း အမှန်အတိုင်းသာ ပြည်သူကို ကျမက ဦးဆောင်ခွင့် ရရှိခဲ့မယ်ဆိုရင် ပေါ့လေ”။

၂၀၁၀ ခုနှစ်တွင် နှစ်ပေါင်း ၂၀ ကျော် နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာရခြင်းမှာ နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားရန်အတွက်သာ ရည်ရွယ်ချက်ရှိသည်ဟူသော ပြောဆိုချက်များကို သူမက ငြင်းဆန်ခဲ့သည်။

မြန်မာပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေး ကုမ္ပဏီများ အလုအယက် ၀င်ရောက်၍ စီးပွားရှာခြင်းအပေါ် သူမက အထူးသတိပေးထားသည်။ အရပ်ဖက်အသွင်ပြောင်း စစ်တပ်နောက်ခံ အုပ်ချုပ်ရေး ရှိနေဆဲ မြန်မာပြည်၏ အပြောင်းအလဲများကို သတိကြီးကြီး ထားပြီး စောင့်ကြည့်ရဦးမည် ဖြစ်သည်ဟုလည်း ဆိုပါသည်။

ဗြိတိန်သို့ သူမ လာရောက်စဉ်အတွင်း ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာပြည် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် ပြည်သူ သိန်းနှင့်ချီပြီး ပြည်တွင်း ဒုက္ခသည်များအနေဖြင့် အတိဒုက္ခရောက်ခဲ့ရသည်။ ဤဖြစ်ရပ်အပါအ၀င် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး “တရားဥပဒေစိုးမိုးမှု” rule of law မှာ အရေးကြီးကြောင်းနှင့် အဓိက ဆွေးနွေးရန်ကိုလည်း လန်ဒန်စီးပွားရေးနှင့် နိုင်ငံရေးပညာတက္ကသိုလ် LSE ဆွေးနွေးပွဲတွင် သူမက ခေါင်းစဉ်ပေးခဲ့သည်။

ဤသည်မှာ မြန်မာပြည်၏ အနာဂတ်ဟုလည်း ဆိုရပါလိမ့်မည်။ သတ္တိအရာနှင့် သည်းခံခြင်းတရားတို့နှင့်လည်း ပြည်စုံကြရ ပါလိမ့်မည်။

သိန်းနိုင်

၂၁ ဂျွန်လ၊ ၂၀၁၂
 ·  Translate
25
2
Ka Thang's profile photoShwena thar's profile photothu rain's profile photokoko aye's profile photo
7 comments
 
အကြံကောင်းလေးပါ
 ·  Translate
Add a comment...
 
ကိုမရှိတော့ဘူး ဆိုရင်
-----------------------------------------
စော နေမကောင်းတဲ့အခါ

ပူပူပင်ပင်နဲ့

ဆေးသောက်ဖို့

သတိပေးတတ်တဲ့

ကို မရှိတော့ရင်

စော ဝမ်းနည်းတဲ့အခါ

စိတ်ပျော်စေဖို့

ဟာသတွေ ပြောပေးတတ်တဲ့

ကို မရှိတော့ရင်

စော လိုင်းပေါ်က

လူတွေနဲ့ ရန်ဖြစ်တဲ့အခါ

ကူစိတ်ဆိုးပေးမယ့်

ကို မရှိတော့ရင်

စော ဆော့သမျှ

Facebook Game တွေ

ကူဆော့ပေးမယ့်

ကိုကို မရှိတော့ရင်

စော အခက်အခဲတွေကြုံတိုင်း

အကြံဥာဏ် ပေးတတ်တဲ့

ကို မရှိတော့ရင်

စော မသိတဲ့

အွန်လိုင်းပေါ်က

အထူးအဆန်းတွေ

ပို့ပေးတတ်တဲ့

ကို မရှိတော့ရင်

စော သဘောကျတတ်တဲ့

အင်္ကျီလှလှလေးတွေ

ပို့ပေးတတ်တဲ့

ကို မရှိတော့ရင်

စော ရေးသမျှကဗျာတွေ

ဝေဖန်ပေးမယ့်

ကို မရှိတော့ရင်

စော နားထောင်ဖို့

သီချင်းအေးအေးလေးတွေ

ပို့ပေးတတ်တဲ့

ကို မရှိတော့ရင်

စော အိပ်မပျော်တဲ့

ညဥ့်နက် သန်းခေါင်မှာ

ဖုန်းဆက်တဲ့အခါ

သီချင်းဆိုပြမယ့်

ကို မရှိတော့ရင်

တကယ်များ...

တကယ်လို့များပေါ့ ကိုရယ်

ကိုသာ စော ဘေးမှာ

နေမပေးတော့ဘူးဆိုရင်လေ

စောရင်ခွင်ဟာ

ကန္တာရလို ခြောက်သွေ့

မျှော်လင့်ခြင်းတွေ

အရောင်အဆင်းမဲ့လို့

ရှိရှိသမျှ သံစဉ်တွေ ဆိတ်သုန်း

ပန်းပွင့်တို့ ညှိုးရော်ကာ

စော ကမ္ဘာတစ်ခုလုံး

ပျက်သုန်း သွားရပါလိမ့်မယ် ကိုရယ်.....


ခင်မင်လေးစားရပါသော

စောနန်းဒေဝီ

sawnandeawi@gmail.com
 ·  Translate
29
1
Khin Nin Wai Khin Nin's profile photoSan Lin Aung's profile photoRabanoon Nanat's profile photoko maung's profile photo
48 comments
 
ကောင်ပါတယ်ခင်ချင်တဲ့သူကိုခင်ခွင့်ပေးပါမအ
 ·  Translate
Add a comment...
 
ကလေးမြို့ဆိုတာကို မသိတဲ့သူတွေများနေလို့ ဝေပေးတာပါ
ဘယ်မှာနေသလဲမေးလို့ ဖြေတိုင်း စတယ်ပဲ ထင်နေတတ်ကြလို့ပါ

Welcome To Kalaymyo

သွေးချင်းစည်းနှောင်ထားတဲ့မြို့
.......................................
by Min Di Min

ဟောဒီကုက္ကိုလ်တန်းတွေ အုပ်မိုးနေသရွေ့
ဒီမြို့ကလေးကနေ
ငါဝိဥာည်တစ်ဖ၀ါးမခွါဘူး
ဘုရားစူး ...
.နောင်ဘ၀တွေရှိခဲ့ရင်တောင်
ဟောဒီမြို့ကလေးမှာပဲ လူဖြစ်ချင်တယ်
ဟောဒီမြစ်သာဟောဒီတောင်ဖီလာနဲ့
ဟောဒီချင်းတောင်တန်းကြီးတွေ
မြို့ကလေးနဲ့အတူရှိနေသမျှ
ငါတို့ရဲ့စိတ်တွေလန်းဆန်းနေဦးမှာပဲ
မြို့ကလေးမှာ ၂၄နာရီမီးမရှိဘူး
ခေတ်မီအားကစားကွင်းတွေမရှိဘူး
လူငယ်တစ်ယောက်အတွက်
ဝန်ဆောင်မှုတွေ မစိုဘူးမြို့ကလေးမှာ မီးပွိုင့်မရှိဘူး
ကာစီနိုမရှိဘူး
ကြယ်ငါးပွင့်တွေမရှိဘူး
ဗိုလ်ချုပ်လမ်းကြီးပေါ်တစ်ခါတစ်ခါ
လှည်းတကျွီကျွီဖြတ်မောင်းလို့
တစ်ခါတစ်ခါ ၁၂ဘီး သစ်တင်ကားကြီးတွေဖြတ်မောင်းလို့
တရုတ်ကတ္တီပါစောင်တွေ ဖြတ်သန်းလို့
အိန္ဒိယက စူးရဲရဲရနံ့တွေဖြတ်သန်းလို့
ရေနံစိမ်းတွေ မှောင်ခိုဈေးဆီဖြတ်သွားလို့
မြို့ကလေးမှာ အဆင်ပြေသလိုရှင်သန်လို့ရတယ်
ခမောက်ဆောင်းပြီးသံတူရွင်းထမ်းသူကနေ ဟန်းဖုန်းနဲ့စီးကရက်သမားအထိ
ဖိုးရွှေရိုးကနေ ၀ါကာဝါကာအထိ
မြန်မာလိဂ်ကနေ ပရီးမီးယားအထိ
လင်းဦးကြက်တွန်သံကနေ သန်းခေါင်ယံလွန်
အိတ်ဇောသံတွေအထိအစကနေ အဆုံးထိရောစပ်ဖွဲ့တည်ထားတဲ့မြို့
ဂလိုဘယ်တစ်ခြမ်းနဲ့လမ်းလျှောက်သွားရင်း
ကိုယ့်ယားနာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုတ်နေတဲ့မြို့
စံပြကျေးရွာနဲ့ ဆိုင်းဘုတ်ကောင်းကောင်းတွေ နည်းတဲ့မြို့
ပေးစာကမ်းစာ ငါးမြားစာတွေနဲ့ အလုပ်မဖြစ်တဲ့မြို့
ပရဟိတအသင်းတွေနဲ့ ကိုယ့်အားကိုကိုးပြီး ပြတ်ပြတ်သားသားရပ်တည်တတ်တဲ့မြို့
ကိုယ့်ယုံကြည်ချက်ကလွဲလို့
ဘာအရောင်မှ အဆိုးမခံတဲ့မြို့
မိခင်နာရင် သားလည်းနာတတ်တဲ့မြို့
ကြက်ခေါင်းဆိတ်မခံစိတ်ဓာတ်နဲ့ အမှားတစ်ခုကိုတုန့်ပြန်ဖို့ဘယ်တုန်းကမှ နောက်မကျခဲ့ဘူးတဲ့မြို့
အမှန်တရား ၈၀%နဲ့ ရေလိုက်ငါးလိုက် ၂၀% ရောစပ်ထားတဲ့မြို့
သန်း ၆၀ ရဲ့ ခံစားချက်တွေနဲ့ တစ်သားတည်းချိတ်ဆက်ထားတဲ့မြို့
ကမ္ဘာမကြေ ...ဒီမြို့ရဲ့လေထုမှာအယောင်ဆောင်သမားတွေအတွက်
အောက်ဆီဂျင်မလုံလောက်ဘူး
ဒါပေမယ့်ချစ်တဲ့ ခေါင်းဆောင်ကောင်းတွေအတွက်
ကျည်မဖောက်နိုင်တဲ့
ရင်ဘတ်ပေါင်း ၃ သိန်းရှိတယ်
မနက်လင်းလာတိုင်း
တက္ကသိုလ်လိုင်းကားတွေက လူးလွန့်ပြီးလှုပ်ရှားကြတယ်
ကျူရှင်ဆရာတွေက
လုံခဲတွေကို မီးပြင်းတိုက်တယ်ဘာပဲဖြစ်ဖြစ်
အားလုံးနဲ့တစ်သားတည်းကျနေတာကိုက
မြို့ကလေးရဲ့ အလှတရားတစ်ခု
မိုက်တယ်လို့ဆိုချင်ဆို
ဘုရားစူးစေ့
ဟောဒီကုက္ကိုလ်ရိပ်တွေ အုပ်မိုးနေသရွေ့
ဒီမြို့ကလေးကနေ ငါ့ဝိဥာည်တစ်ဖ၀ါးမှမခွါဘူး ....

တဇောင်းနီ
 ·  Translate
22
2
myo lwin's profile photoaung myo's profile photoYeyent Nying's profile photoAung Naing's profile photo
28 comments
 
တစ်နေ့အရောက်လာခဲ့မယ်
 ·  Translate
Add a comment...
In her circles
1,314 people
Have her in circles
6,078 people
Say tan's profile photo
kyaw T U N's profile photo
lamin lay's profile photo
shin dham mapira's profile photo
Empty Heart's profile photo
cin wah's profile photo
MayTha Zin's profile photo
Lan Lann's profile photo
Aung soe moe's profile photo
 
★ ကြယ်တွေခတဲ့ည ★

★ လွယ်အိပ်တင်နေကြ
ပုခုံးထက်
အေကေလွယ်တတ်ခဲ့တာ..။

★ လင်္ကာရွတ်ဖတ်
နှုတ်ထွက်တွေလဲ
ချိန်မှတ် ဘယ်ညာ
ဘယ်ညာ...။

★ ကဲ.......ဖူးဖူးရွရွ
နှလုံးသားတွေကရော
သည်ကာလရဲ့ညရောက်တိုင်း
ကတ္တရာလမ်းပေါ်က
ပိုင်ရှင်မဲ့ဖိနပ်ဟောင်းတွေနဲ့
အဖြူအစိမ်းတွေကိုပဲ..
ထပ်တလဲလဲ မြင်ယောင်နေမိတာ။

★ ဒါတွေဟာ
လင်းယုန်ကြီးပြောခဲ့သလို
ခေတ်ကြီးကတင်ပေးလိုက်တဲ့
တာဝန်တွေပေါ့။


★ ရဲရဲသာထမ်း
နောက်မဆုတ်ကြစမ်းနဲ့
ငါတို့နောက်မှာ....
ငါတို့ရှေ့မှာ....
ကြယ်ခတဲ့ညတွေ အသေအချာရှိနေတယ်။ ။

ကြခတ်
(Tuesday, August 04, 2009) photo by jackhan.com
 ·  Translate
33
4
khin maung Nyi's profile photokaung kin's profile photoB Jay's profile photoMoe Ko's profile photo
23 comments
 
ပျော်ရွန်ပါစေမြန်မာပြည်
 ·  Translate
Add a comment...
 
မုန်းတယ်

အညွှန့်ချိုးခံရတဲ့
အချစ်တွေနဲ့
နလံမထူနိုင်တဲ့
ရင်ခွင်က
မျှော်လင့်ခြင်းတွေကို
သော့ခတ်ပြီး
ခပ်တိုးတိုး
ငိုရှိုက်ခြင်းတွေကို
ထွေးထုတ်ရင်း
အဲ့ဒီလူကို
ကျနော် မုန်းလိုက်ပါပြီဗျာ

စောနန်းဒေဝီ
sawnandeawi@gmail.com
 ·  Translate
78
15
ei lay Loo einar's profile photomd yeahyaa's profile photoဧပရယ် မောင်'s profile photoPo po tun7710's profile photo
125 comments
 
ဘယ်သူချိုးတာလဲ
 ·  Translate
Add a comment...
 
မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင်...(78) ချက်ထဲက ဘယ်နှချက် သင် လုပ်နိုင်သလဲ


၁။ facebook password ကို သူမကို ပြောပြပါ...
၂။ သူမကို မရက်စက်ပါနဲ့...
၃။ စိတ်ထိခိုက်အောင် မလုပ်ပါနဲ့...
၎။ သူမကို အနိုင်မကျင့်ပါနဲ့...
၅။ မညာပါနဲ့...
၆။ မရိုက်ပါနဲ့...
၇။ တစ်ခုခုနဲ့ ကောက်ပေါက်တာမျိုးမလုပ်ပါနဲ့..

၈။ သူမဖုန်းကို မချပစ်ပါနဲ့....
၉။ အသံကျယ်နဲ့  အော်ပြီး သူမကို စကားမပြောပါနဲ့...
၁၀။ သူမ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့...
၁၁။ သူမအတွက် အနှောင့်အယှက်ဖြစ်မဲ့ အရာတွေ သူမနဲ့ အတူ မရှိပါစေနဲ့...
၁၂။ မလုပ်ချင်တဲ့ အရာကို အတင်းမခိုင်းပါနဲ့...
၁၃။ ရည်းစားဟောင်းမိန်းကလေးနဲ့ သူမကို နှိုင်းပြီး မပြောဆိုပါနဲ့...
၁၄။ မလုပ်တတ်တဲ့ အရာကို အပြစ်မပြောပါနဲ့...
၁၅။ သူမကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကို မကျွေးပါနဲ့...
၁၆။ တခြားတစ်ယောက်က သူမထက် ပိုတော် ပိုကောင်းတယ်လို့ မပြောပါနဲ့...
၁၇။ အေးတဲ့ ရာသီမှာ သူမရဲ့ လက်ကလေးတွေကို နွေးထွေးစွာ ဆုပ်ကိုင်ထားပေးပါ...
၁၈။ လမ်းသွားတဲ့အချိန်မှာ သူမလက်ကို မြဲမြဲကိုင်ထားပါ...မလွှတ်လိုက်ပါနဲ့...
၁၉။ လမ်းကူးတဲ့အခါ... သူမလက်ကို တင်းကြပ်စွာ ကိုင်ထားပေးပါ...
၂၀။ သူမနဲ့ အတူတူ ဈေးဝယ်ထွက်တဲ့အခါ ပင်ပန်းလိုက်တာလို့ မပြောပါနဲ့...
၂၁။ ဈေးဝယ်ထွက်ရင် ပစ္စည်းကူသယ်ပေးပါ...
၂၂။ အထိမ်းအမှတ်နေ့တွေမှာ အမှတ်တရလက်ဆောင်ပေးပါ...
၂၃။ သူမ ဆာလောင်တဲ့အခါ...သူမနဲ့ အတူတူ စားသောက်ပေးပါ...
၂၄။ ရန်ဖြစ်ရင် အရင်ဆုံး တောင်းပန်ပါ....
၂၅။သူမ ကလေးဆန်တဲ့အခါ အဖော်ပြုပေးပါ...
၂၆။ နေမကောင်းတဲ့အခါ သတိတရ ဆေးတိုက်ပါ...
၂၇။ သူမ ဖုန်းဆက်ရင် ဆက်ဆက် ကိုင်ပါ...
၂၈။ နေမကောင်းတဲ့အခါ သူမဘေးမှာ နေပေးပါ...
၂၉။ ၀မ်းနည်းစရာနဲ့ သူမကြုံတဲ့အခါ...နှစ်သိမ့်ပေးပါ
၃၀။ သူမ ငိုတဲ့အခါ... နွေးထွေးစွာ ဖက်ထားပါ..
၃၁။ သူမ မွေးနေ့ရောက်တဲ့ အခါ.. ပထမဆုံး သူမကို ပျော်ရွှင်စေသူဖြစ်ပါစေ...
၃၂။ သူမကို ပြောတဲ့ အတိုင်း ကတိတည်ပါ...
၃၃။ ဟန်းဖုန်းကို သူမကို ကြည့်ခွင့်ပေးပါ...
၃၄။ ကိစ္စရှိလို့ သူမခေါ်တဲ့အခါ...သွားနိုင်အောင်ကြိုးစားပါ...
၃၅။ ညဘက် ဖုန်းပိတ်မထားပါနဲ့...
၃၆။နေ့တိုင်း သူမကို ဖုန်းဆက်ပေးပါ....
၃၇။ online ပေါ်ရောက်တဲ့အခါ...သူမ ရှိမရှိ အရင်သတိပြုပါ...
၃၈။ တနေရာကို သူမ တစ်ယောက်ထဲသွားတဲ့အခါ... သူမကို ဖုန်းဆက်ပြီး သတိထားသွားဖို့ ပြောဆိုပါ...
၃၉။ သူမ ကြိုက်ရင် ၀ယ်ပါစေ...
၄၀။ သူမကို သေချာစောင့်ရှောက်ပါ...နေမကောင်းမဖြစ်ပါစေနဲ့..
၄၁။ သူမရဲ့ ဖုန်းနံပါတ်ကို ဖုန်းနံပါတ် စာရင်းထဲမှာ နံပါတ် ၁ ရှိပါစေ....
၄၂။ သူမနဲ့ စိတ်တူကိုယ်တူရှိပါစေ...
၄၃။ သူမ မက်ဆေ့ခ်ျ ပို့ရင် ချက်ခြင်း ပြန်ပါ....
၄၄။ သူငယ်ချင်းတွေရဲ့ ရှေ့မှာ သူမကို မျက်နှာသာပေးပါ...
၄၅။ လမ်းအတူတူသွားတဲ့အခါ သူမရဲ့ ဘယ်ဘက်မှာ နေပေးပါ...
၄၆။ ချစ်သူသက်တမ်းဘယ်လောက် ကြာပါစေ...အချစ်တွေ အမြဲ သစ်လွင် လန်းဆန်းနေပါစေ...
၄၇။ အန္တရာယ်ရှိရင် သူမကို မခိုင်းပါနဲ့...
၄၈။ မိုးရွာရင်... သူမကို ထီးဆောင်းပေးပါ...
၄၉။ သူမရဲ့ အကြိုက်ကို မှတ်ထားပေးပါ...
၅၀။ ပျော်ရွှင်တဲ့အခါ သူမနဲ့ အတူ မျှဝေခံစားပါ...
၅၁။ ၀မ်းနည်းစရာရှိရင် သူမကို အသိပေး တိုင်ပင်ပြောဆိုပါ...
၅၂။ သူငယ်ချင်းအားလုံးကို သူမနဲ့ မိတ်ဆက်ပေးပါ...
၅၃။ သူမကို ရယ်မောပျော်ရွှင်အောင် ထားပါ...
၅၄။ ပြောတဲ့အတိုင်း လုပ်ပါ...
၅၅။ တတ်နိုင်ရင် ဟင်းချက်သင်ပြီး သူမကို ကျွေးပါ....
၅၆။ သူမကို ယုံကြည်ပေးပါ...
၅၇။ အမြင်သဘောထားချင်း မကြာမကြာ ဖလှယ်ပါ
၅၈။ သူမအိပ်တဲ့အခါ စောင်ခြုံပြီး နွေးထွေးအောင်လုပ်ပေးပါ....
၅၉။ သူမရဲ့ အတိတ်ကို နားလည်ပေးပါ...
၆၀။ သူမအတွက် လုံခြုံမှု ရှိပါစေ...
၆၂။ သူမစိတ်ဆိုးတဲ့အခါ ပျော်ရွှင်အောင် နှစ်သိမ့်ပြောဆိုပါ...
၆၃။ သူမ အလိုရှိတာကို အတတ်နိုင်ဆုံး ကြိုးစားပေးပါ...
၆၄။ ချိန်းတွေ့တဲ့အခါ..သူမထက် စောရောက်ပါစေ...
၆၅။ ချိန်းတွေ့တဲ့နေရာမှာ သူမကို စောင့်ရတာ အရမ်းကြာလို့ ပြန်သွားတာမျိုး မလုပ်ပါနဲ့...
၆၆။ သူမနဲ့ အတူတူ အဖော်ပြု လည်ပတ်ပေးတဲ့အခါ...အချိန်မရှိဘူးလို့မပြောပါနဲ့...သူမသွားချင်တဲ့နေရာကို ရွေးချယ်ပါစေ...
၆၇။ အချိန်တိုင်း သူမကို သတိရ ပါစေ....
၆၈။ တခြားမိန်းကလေးတစ်ယောက်ကို ၃ စက္ကန့်ထက် ပိုမကြည့်ပါနဲ့...မကြည့်တာအကောင်းဆုံးပါပဲ...
၆၉။ အိမ်ပြန်တဲ့အခါ သူမကို အိမ်ဝ အထိလိုက်ပို့ပေးပါ...
သူမအိမ်ပေါ်ရောက်မှ ပြန်ပါ...
၇၀။ အိမ်ပြန်ပို့ပေးတဲ့အခါ ကောင်းသောညပါလို့ နှုတ်ဆက်ဖို့ မမေ့ပါနဲ့...
၇၁။ သူမလုပ်တဲ့အရာကို ကူညီလုပ်ပေးပါ... သပ်သပ်ရပ်ရပ် ကူညီလုပ်ဆောင်ပေးပါ...
၇၂။ စားကောင်းတဲ့ အစာကို သူမကို ကျွေးဖို့ သတိရပါ...
၇၃။ မနက်အိပ်ရာထဖို့ သူမကို နှိုးပေးပါ...
၇၄။ မနက်စာ ၀ယ်ကျွေးပါ...
၇၅။ သူမ အိပ်ရာထခဲ့ရင် သွားတိုက် မျက်နှာသစ်ဖို့ အဆင်သင့်ပြင်ထားပေးပါ...
၇၆။ သူမ အိပ်ရာမထချင်ဘူးဆိုရင်...မနက်စာကို ကိုယ်တိုင် ခွံ့ကျွေးပါ...
၇၇။ဘ၀မှာ သူမကို အရေးကြီးဆုံးနေရာမှာထားပါ...
၇၈။ သူမဟာ သင့်ကြောင့် ကံအကောင်းဆုံး မိန်းကလေးဖြစ်ပါစေ...

မှတ်ချက်။။။။။။။။။။။။။။။။။။။ဆိုဒ်တခုကတွေ့လို့ကြိုက်လို့ယူလာတာပါ...........း)
 ·  Translate
32
9
koaung aung's profile photokyaw Zin Min's profile photophyo lay's profile photoStar Myo's profile photo
111 comments
 
u ရေးထားတဲ့စာကိုပြောတာပါ
 ·  Translate
Add a comment...
 
စောရဲ့ မြို့ပါ
 ·  Translate
43
3
aung myo's profile photoYee Nwe's profile photoKa Thang's profile photoKanpetlet Marcia's profile photo
65 comments
 
လာလယ်လို့ရမလား
 ·  Translate
Add a comment...
 
တရုတ်နှင့်အန္ဒိယမြန်မာပြည်ကို ဘာကြောင့်လိုအပ်နေတာလဲ
.................................................................................
 
ကျွန်တော့်အနေနဲ့ အခုလုပ်တဲ့ ရေဝေတောတောင်ပွဲမှာ ပြောတာ ပညာရှင်မဟုတ်ပါဘူး။ ကျွန်တော် စာတော့ရေးတယ်၊ စာရေးသူ ဆိုတော့ လမ်းပေါ်က လူပေါ့။  ဒါပေမယ့် ကျွန်တော်တို့မှာ ဘာရှိလဲ ဆိုတော့ ခံစားမှုတွေ ရှိတယ်။ နောက်ပြီး ကျွန်တော်တို့မှာ တွေးခေါ်မှုတွေရှိတယ်။ အဲဒီနှစ်ခုအပြင် နောက်တစ်ခုကတော့ သမိုင်းတွေးခေါ်ခြင်းပေါ့။ ကျွန်တော်တို့ အတိတ်က ဘာလဲ။ ပစ္စုပ္ပန်က ဘာလဲပေါ့။ အဲဒါနဲ့ပဲ ကျွန်တော်တို့ပြောမယ့် အရာတွေဟာ ဆက်စပ်နေတယ်။
 
ကျွန်တော်တို့ မြန်မာပြည်က အန္ဒိယနဲ့ တရုတ်ပြည်ကြားမှာ ရှိနေတယ်။ တရုတ်၊ အန္ဒိယ တို့ထက် စာရင် နိုင်ငံအနေနဲ့ သေးသေးလေး။ အဲဒီနိုင်ငံတွေ နှစ်ခုကြားက ရေမြေ တောတောင် သဘာဝ ပတ်ဝန်းကျင်ကောင်း ရှိနေသလို သယံဇာတကလည်း ကြွယ်ဝတယ်။ အဲဒီရေမြေ တောတောင်ဟာ ဒါတို့ပြေ၊ ဒါတို့မြေ သာပြောနေတယ်။ ကျွန်တော် တို့ တစ်ကယ်ရော ပိုင်သလား။ ကျွန်တော်ဘာသာ နောက်နေတာ ရှိတယ်။ တောစောင့်နတ်၊ တောင်စောင့်နတ်တို့နဲ့ သမာဒေ၀ နတ်ကောင်းနတ်မြတ်တို့ ပိုင်တာလားပေါ့၊ ဒါမှမဟုတ်လည်းကြီးတွေက ပိုင်တာလား။ ဒါမှ မဟုတ်လည်း ပြည့်ရှင်မင်းက ပိုင်တာလားပေါ့။ ကျွန်တော်တို့ကရော ဘာပိုင်သလဲပေါ့၊ ကျွန်တော်တို့က လမ်းပေါ်ကလူတွေလေ။
 
တရုတ်ပြည် ယူနန်တက္ကသိုလ်က ပါမောက္ခတစ်ယောက်ဆီက စာအုပ်လေးတစ်အုပ် ကျွန်တော်ရတယ်။ သူရေးတဲ့ 'The Policy Of China, India To Watch Burma'စာအုပ် တစ်အုပ် (၂၀၁၀) ပြည့်နှစ်ကထွက်တယ်။ အဲဒီ စာအုပ်ထဲမှာ သူတို့ တရုတ်ပြည်နဲ့ အန္ဒိယအနေနဲ့ မြန်မာပြည်လေးကို လိုအပ်ပါတယ် တဲ့။
 
တရုတ်ပြည် မြန်မာနိုင်ငံကို လိုအပ်တဲ့ အကြောင်းအချက်က တရုတ်ပြည်က အန္ဒိယပြည်ကို ထွက်ပေါက်ရမှာ မို့လို့တဲ့။ မြန်မာပြည်ကနေပြီး အန္ဒိယကို ထွက်ပေါက်ရရင် Special Dimension တစ်ခု တိုးလာတယ်တဲ့။ အပြည်ပြည်ဆိုင်ရာ Dimension တစ်ခု တိုးလာတယ်တဲ့။ ဒါကြောင့် မြန်မာပြည်မှာ အန္ဒိယကို သွားတဲ့ ကုန်းလမ်းလည်း ရှိမှာပဲ၊ ရေလမ်းလည်း ရှိမှာပဲတဲ့။ ဒါကြောင့် မြန်မာပြည်မှာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေပါ ရအောင်လုပ်မှာပဲတဲ့။ အဲဒါဆို ပြီးပြည့်စုံပြီပေါ့။
အဲဒါ အင်မတန် အရေးကြီးတယ်။ အဲဒါ ကျွန်တော်တို့ အပေါ်ထားတဲ့ သူ့သဘောထား ပထမတစ်ချက်ပေါ့။
 
နောက်တစ်ချက်က သူတို့ရဲ့ စွမ်းအင် လိုအပ်ချက်အတွက် မြန်မာပြည်ဟာ အရေးကြီးပါတယ်တဲ့။ (၂၀၀၈) ခုနှစ်မှာ တရုတ်ပြည်ရဲ့ စွမ်းအင် (၅၀) ရာခိုင်နှုန်းကို နိုင်ငံခြား ကနေတင်ပို့ရပါတယ်တဲ့။ (၂၀၂၀) ပြည့်နှစ်မှာ သူတို့ရဲ့ စွမ်းအင်လိုအပ်ချက်က (၆၀) ရာခိုင်နှုန်း တင်သွင်းရလိမ့်မယ်တဲ့။ အဲဒီ တင်သွင်းရတဲ့ ပမာဏရဲ့ (၈၀) ရာခိုင်နှုန်းက မလကာရေလက်ကြားကို ဖြတ်ရမှာ။ ဒီမလကာ ရေလက်ကြားကို ဖြတ်ရင် တရုတ်ပြည်နဲ့ မတည့်တဲ့အင်အားစုက လွှမ်းမိုးထားရင် သူတို့ ဒုက္ခရောက်မှာတဲ့။ မြန်မာပြည်ကို ဖြတ်ပြီး ရေနံသယ်ရာ လမ်းကြောင်း ဖန်တီး နိုင်ခဲ့ရင် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက စွမ်းအင်တွေကို ဈေးချိုချိုနဲ့ ရလာမှာတဲ့။ အဲဒီတော့ မြန်မာပြည်ဟာ သူတို့ အတွက်တော့ အရေးကြီးတယ်တဲ့။
 
နောက်တစ်ခုက မြန်မာပြည်မှာရှိတဲ့ သဘာဝဓာတ်ငွေ့က (၂၅) ဘီလီယံ ကုဗပေ ရှိသတဲ့။ သူတို့ တရုတ်ပြည်ရဲ့ result ကလည်း အဲဒီလောက်ဘဲ ရှိတော့ မြန်မာပြည်က အင်မတန် ချမ်းသာတယ်တဲ့။ နှစ်ခုရှိပါတယ်။ တစ်ခုကသူတို့ရဲ့ အန္ဒိယကို သွားဖို့ထွက်ပေါက်၊ နောက်တစ်ခုက သူတို့ရဲ့ စွမ်းအင် လုံခြုံမှုအတွက်၊ နောက် တတိယ အချက် ရှိသေးတယ် တတိယ အချက်က စီးပွားရေးတဲ့။ ငါတို့ တိုင်းပြည်လေးက သေးပေမယ့် စိုက်ပျိုးလို့လည်းရတယ်၊ ကျောက်မျက်တွေလည်းရှိတယ်၊ သဘာဝ သတ္တုတွင်းထွက်တွေရှိတယ်၊ သစ်ပင်တွေ ရှိတယ်ပေါ့။ အဲစာအုပ်လေးထဲမှာ ရေးထားတယ်။ ရေအားလျှပ်စစ်လည်း ရှိတယ်။ နောက်တစ်ခုက နှစ်နိုင်ငံ နယ်စပ်က ကီလိုမီတာ (၂၁၀၀) လားမသိဘူး ရှိတယ်။ တရုတ်ပြည်ချည်းကိုပြောရင် ကျွန်တော်တို့ တရားမျှတချင်မှ မျှတမယ်။
 
အန္ဒိယပြည်ကလည်း ကျွန်တော်တို့ကို လိုအပ်တာပဲတဲ့။ မဏိပူရတို့ အန္ဒိယပြည်ကို ရောက်ဖို့က ကုလားတန်မြစ်ဘက်စုံ စွမ်းအင်စီမံကိန်း လုပ်တာ၊ စီးပွားရေးလမ်းကြောင်း ပွင့်ဖို့လုပ်တာ။ ကျွန်တော်တို့က အဲလို နေရင်းက ကုန်းလမ်းတံတားကြီး ဖြစ်နေတယ်။
ကျွန်တော် ဒီစာအုပ်ကို ဖတ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်တာတွေဟာ ကျွန်တော်တို့ နိုင်ငံလေးကို လိုအပ်နေကြတယ်ပေါ့။
 
နောက်တစ်ခုလည်းရှိသေးတယ်။ ကျွန်တော်တို့မှာ မေခနဲ့မလိခ ဆိုတာရှိတယ်။ မလိခ ကတော့ မြန်မာပြည်က လာတာ။ မေခက ဟိုဘက် တရုတ်ပြည်က လာတာ။ အဲဒီတော့ မေခနဲ့ မလိခ နှစ်ခုကြားက ဆက်နေတဲ့နေရာက မလိအင်မိုင်ဇွပ် ဒေသမှာ သစ်တောတွေ ကုန်သွားပြီ။ အဲဒီအပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း တွေလုပ်တယ်။
 
တစ်နှစ်တုန်းက (၂၀၀၉) ခုနှစ်အောက်တိုဘာလ ဖြစ်မယ်။ အင်တာနက် သတင်းတစ်ပုဒ် ရှိတယ်၊ အဲဒီထဲမှာ ဘာပါလဲဆိုတော့ မြန်မာပြည်ကနေပြီးတော့ တရုတ်ပြည် အနောက်တောင်ပိုင်းမှာရှိတဲ့ မဟာဓာတ်အားလိုင်းထဲကို လျှပ်စစ်ဓာတ်အား (၃) ထရီလီယံ (၀ပ်) တင်သွင်းလိုက်တိုင်း သူတို့ဆီမှာ ကျောက်မီးသွေး သုံးစွဲမှု ပမာဏ တော်တော်များများလျော့သွားပါတယ်တဲ့။ ကာဗွန် ထုတ်လွှတ်မှု လည်းလျော့သွားပါတယ်တဲ့။ သူတို့ကတော့ ကောင်းနေတာပေါ့လေ။ အဲဒီစာအုပ်ထဲမှာ ပါပါတယ်။
 
နောက်ပြီး သူတို့က မြစ်ညှာဘက်မှာ ဆည်မဆောက်ဘူးတဲ့။ ဘာလို့လည်းဆိုတော့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့တဲ့။ biodiversity ဘာညာတွေကြောင့် မဆောက်ပါဘူးတဲ့။ အဲဒီတော့ ကျွန်တော်တို့က တော်တော်လေးတော့ သတိထားဖို့ ကောင်းနေပြီ။ ကျွန်တော်တို့ စကားပြောသလိုဘဲ လမ်းပေါ်ကလူဆိုတော့ သိပ်နားမလည်ဘူး။
 
ဒါပေမယ့် ဧရာဝတီမြစ်ကြီး ပျောက်သွားမှာကိုတော့ ကျွန်တော်တို့က ကြောက်တယ်၊ ဧရာဝတီမြစ်ဆိုတာ ကျွန်တော်တို့ကို စိတ်ရွှင်စေတဲ့ မြစ်ကြီးဘဲ။ အဲဒီ မြစ်ကြီး နောက်ရှိမလားပေါ့။ ကျွန်တော်ငယ်ငယ်တုန်းက မြစ်ကြီးနား ရောက်တာပေါ့။
 
 
ကျွန်တော်ဆရာဝန်ပေါက်စဘ၀က အဲဒီ ဧရာဝတီမြစ်ဘေးမှာ ညနေစောင်း ဆိုရင်လေ ကျေးတွေပျံတယ်၊ ညနေစောင်းနော်။ မနက်ခင်းဆို ကောင်းကင်ကြီး တစ်ခုလုံး သက်ရှိ သက်တန့်တွေနဲ့ အဲဒီအရပ်ကို အင်မိုင်ဇွပ် လို့ခေါ်တဲ့ ရေ၀င်တဲ့အပေါက်လို့ခေါ်တယ်။ အဲဒီ အပေါက်က ရေမ၀င်ရင် ကျွန်တော်တို့ ဘယ်လို လုပ်မလဲပေါ့။ ကျွန်တော်တော့မသိဘူး၊ မစဉ်းစားတတ်ဘူး။ ကျွန်တော်သိပ်နားမလည်ဘူး။  
 
ကျွန်တော်စဉ်စားတာက ဘာလို့လဲပေါ့။ နောက်တစ်ခု ကျွန်တော် စဉ်းစားမိတာ ရှိတယ်။ ကျွန်တော်တို့ နိုင်ငံတော်သီချင်းဆိုကြတယ်။ ဒါတို့ပြည်၊ ဒါတို့မြေ၊ တို့ပိုင်တဲ့မြေလို့ အခုတော့ ကျွန်တော်တို့ ပိုင်သေးလား။ ကျွန်တော်တို့ ပိုင်ထားရတဲ့ သယံဇာတတွေကို အရင်တုန်းကလည်း ဒီသယံဇာတတွေကြောင့်ပေါ့လေ။ ကျွန်ဖြစ်ခဲ့ရတယ်။ အဲဒီတုန်းက ဘယ်လိုခေါ်လဲ ဆိုတော့ Rape Of Burma တဲ့။ ဗမာပြည်သယံဇာတကို အနိုင်ကျင့်ခြင်းပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ရတယ်။
 
အခုဟာက သယံဇာတ လိုချင်လို့ ကိစ္စမရှိဘူး။
အဲဒီ သယံဇာတလိုချင်တဲ့ နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာတွေ ပါလာတယ်။ ကျွန်တော် တစ်ခါ ပြောဖူးတယ် Ecological Rape Of Burma သယံဇာတတင်မဟုတ်တော့ဘူး။ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ပါ အနိုင်ကျင့်ခံနေရတာပေါ့။ အဲဒီလိုမျိုး ယူတာ မကောင်းဘူးပေါ့။ ကျွန်တော်တို့ဆီကို လာတာ သယံဇာတကို ယူတာ ကိစ္စမရှိဘူး။ Ethically ဖြစ်ရင်ကောင်းတာပေါ့။ ကျွန်တော်တို့ဆီက လူတွေကလည်း နားလည်ပြီးတော့ ဒါတွေ လာယူတဲ့ သူတွေကလည်း ကျွန်တော်တို့ အတွက်ပါ ထည့်စဉ်းစားဖို့ လိုတာပေါ့။ ကျွန်တော်တို့ စဉ်းစားတာက ကျွန်တော်တို့ လုပ်တဲ့အထဲမှာ သူတို့ ပါပါလာရင် ကောင်းတာပေါ့။ ပါအောင် ကျွန်တော်တို့ ဘယ်လို ခေါ်မလဲ။
 
ကျွန်တော်တို့ အားလုံးက ဒီမြေက လူတွေပဲလေ။
 
 ကိုတာ
http://www.eastwindburma.net/bur/2010-12-26-16-14-31/2010-12-26-16-...
 
ချစ်သောမြန်မာပြည်သူပြည်သားအပေါင်းအားဝေမျှပေးပါ.ရွှေအိမ်စည်တောင်းဆိုပါတယ်။
http://www.facebook.com/notes/shwe-eaim-si/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%A1%E1%82%8F%E1%80%AD%E1%81%B5%E1%80%9A%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%80%98%E1%80%AC%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7%E1%80%9C%E1%80%AD%E1%80%AF%E1%80%A1%E1%80%95%E1%80%B9%E1%80%B1%E1%80%94%E1%80%90%E1%80%AC%E1%80%9C%E1%80%B2/403157759695363
 ·  Translate
46
12
Naing Yu's profile photoMg Mg la Min's profile photoKo Min Zin Win's profile photoKo Zaw Zaw Ko Oo's profile photo
48 comments
 
Yes, you are right
Add a comment...
 
နင့်ဆန္ဒအတိုင်းသာ
..............................

နင့်ရှေ့က လမ်းတွေထဲမှာ

နင့်အတွက်

နောင်တမဲ့စွာနဲ့

ပျော်ရွှင်နိုင်မယ့်

အကောင်းဆုံးလမ်းကိုသာ

ရွေးချယ်လိုက်ပါ။

အဲ့ဒီလမ်းမှာ

ငါမရှိရင်လည်း

နင်ပျော်ရွှင်စေဖို့

တောင်းဆုတိုးတိုး ရွတ်ဆိုရင်း

စကားသံတိတ် နှုတ်ဆိတ်လို့

တိတ်တိတ်လေးပဲ

ကျန်နေခဲ့ပါ့မယ်။



ခင်မင်လေးစားရပါသော

စောနန်းဒေဝီ

sawnandeawi@gmail.com
 ·  Translate
24
5
kaung kin's profile photoEi Phyu Phyu Aung's profile photoบอล တိုး's profile photoZar Zar's profile photo
21 comments
you mee
 
နေဝင်ဆည်းဇာဆိုရင်တော ဒီဓာတ်ပုံနဲ့စာသသနဲ့လိုက်ပါတယ်
 ·  Translate
Add a comment...
People
In her circles
1,314 people
Have her in circles
6,078 people
Say tan's profile photo
kyaw T U N's profile photo
lamin lay's profile photo
shin dham mapira's profile photo
Empty Heart's profile photo
cin wah's profile photo
MayTha Zin's profile photo
Lan Lann's profile photo
Aung soe moe's profile photo
Links
Contributor to
Basic Information
Gender
Female