Profile cover photo
Profile photo
Phyoe Kyaw
166 followers -
ကျန်နေသေးတဲ့ ဘဝရဲ့ အစိတ်အပိုင်းတိုင်းကို အပြစ်ကင်းကင်းနဲ့ ရှင်သန်နေချင်တဲ့ သူတစ်ယောက်ပါ။ အေးချမ်း၊ တည်ငြိမ်ပြီး အပြစ်ကင်းတဲ့ ဘဝကို လိုလားသူ။
ကျန်နေသေးတဲ့ ဘဝရဲ့ အစိတ်အပိုင်းတိုင်းကို အပြစ်ကင်းကင်းနဲ့ ရှင်သန်နေချင်တဲ့ သူတစ်ယောက်ပါ။ အေးချမ်း၊ တည်ငြိမ်ပြီး အပြစ်ကင်းတဲ့ ဘဝကို လိုလားသူ။

166 followers
About
Posts

Post has attachment
လွတ်လပ်ရေး ကြေငြာစာတမ်း

အောင်စေသတည်း

၁။ မြန်မာသက္ကရာ်ဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ် လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တဝါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန် နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှ ထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တသွေးတသား တမိဘ ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇဝင် ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လဝါ ပမာကဲ့သို့ တဖြာဖြာတဝင်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအသင်္ချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အဝါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏ လွတ်လပ်သော မြန်မာနိုင်ငံတော် သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုင်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့မိ၍ ပဌမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူး၊ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူးမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍လာခဲ့ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘဝသို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်း သူရိယာ လစန္ဒာတို့ကို ဆီးနှင်း မြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေဝါလရောင်သည် ပကတိအရေကို ပြန်၍ဆောင်လေ ဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအုပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓါတ်၏ အရှိန်အတောက်ကို မခံနိုင်ရာကား ခြောက်ဆယ့်တနှစ် တလနှင့် တရက်သော အခိုက်အတန့် ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန် ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝ လွတ်လပ်သော ဘဝထူး ဘဝမြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။


၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့ သို့သော လွတ်လပ်ရေး မဟုတ်။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အဝဝသော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သောလုံ့လ၊ မလျော့သောဝီရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဉာဏ်မျက်စိ၊ ၀ဇီရစိန်သွား ကဲ့သို့ စူးရှသောသတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာတည်း ဟူသော အာဏာထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၄။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသား ဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော် တဝှမ်းကို တသွေး တသားတည်းဟူသော ကြိုးထူး၊ တစိတ်တဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက် အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာ တည်းဟူသော ကြိုးထူး၊ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင် တည်တံ့အောင် ရစ်ပတ် ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုတ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်း မဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာ လတ္တံ့သော အနာဂတ်ကာလ၌၎င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝှမ်း၏ အကျိုးကို ကောင်းစွာဆောင် ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ် တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့် သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည် နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။


ဤ ငါတို့ ကျေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။
Photo
Add a comment...

Post has attachment
ရတနာပူရ။ စတုတ္ထမြို့တည်နန်းတည် ဘိုးတော်မင်းတရားကြီးလက်ထက် အထူးအခြားဖြစ်လာပုံ ၂၉ မျိုး တို့ကို ပြပေအံ့
PhotoPhotoPhotoPhotoPhoto
6/10/18
31 Photos - View album
Add a comment...

Post has attachment
Bombay Burma Trading Corporation က မန်နေဂျာတစ်ဦးဖြစ်သူ Mr P Mashall ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားတဲ့ ၁၉၂၀ ခုနှစ်ခန့်က သစ်ခုတ်လုပ်ငန်းအကြောင်း မှတ်တမ်းဓာတ်ပုံများ

see : http://www.bensquiresphotos.com/Burma
PhotoPhotoPhotoPhotoPhoto
6/10/18
25 Photos - View album
Add a comment...

Post has attachment
မနက်က ဖတ်ပြီးတဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ...

လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ကျော် ၂ဝဝဝ ခန့်က မြန်မာနိုင်ငံ၏ ဘူမိပြမြေပုံ

ထိုအချိန် ထိုအခါက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဘီလူးကျွန်းဖြစ်လာမည့် နန်းတင်မြေနုများ မရှိသေးပါ။ အလားတူ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ တောင်ရင်ကျွန်း(ကြိမ်ခမော်)၊ မြောင်ဦးမြို့များမရှိသေးပါ။ ဝေသာလီကျောက်လှေကားမြို့ ဟုခေါ်ခဲ့ခြင်းသည် လှေသမ္ဗာန်များ ကပ်ဆိုက်ရန် ကျောက်နှင့် လုပ်ထားသောကျောက်လှေကား (သင်္ဘောဆိပ်) ကို အကြောင်းပြု၍ ဝေသာလီ ကျောက်လှေကားဟု ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုခေတ် ထိုအခါက ဝေသာလီမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည်။ အလားတူ ယခုပြည် (သရေခေတ္တရာ)နှင့် တောင်ငူမြို့များသည်လည်း ပင်လယ်ဆိပ်ကမ်းမြို့များ ဖြစ်ခဲ့သည်။ ကုလားတန်မြစ်သည် တစ်ချိန်က ကျောက်တော်တောင်၏ အရှေ့ဘက်က စီးဆင်းခဲ့သည်။ ဧရာဝတီမြစ်သည်လည်း ယခုအခေါ် စစ်တောင်းမြစ်ထဲသို့ တစ်ချိန်က အဖြောင့်စီးဆင်းခဲ့သည်။

အေးသိန်း(သမိုင်းသုတေသီ)

မှ - ဒဏ္ဍာရီထဲမှ သမိုင်းရှာပုံတော် ဆောင်းပါး၊ သူရိယနေဝန်းဂျာနယ်၊ အတွဲ (၁) အမှတ် (၁၉၉)၊ ၁၆ ရက် မေလ ၂၀၁၈ ခု။

So where is Ukkalāpa and Shwedagon then?????
Photo
Add a comment...

Post has attachment
မြေအမျိုးအစားပြ မြေပုံ
PhotoPhotoPhotoPhotoPhoto
6/9/18
15 Photos - View album
Add a comment...

Post has attachment
Add a comment...

မြန်မာ့ဓမ္မသတ်ကျမ်းရင်း ၅၉ ကျမ်း

မြန်မာဘုရင်များလက်ထက် တရားစီရင်ရေးနဲ့ ပတ်သတ်ပြီး ခေတ်အဆက်ဆက် ရေးသားဆက်သွင်းတဲ့ ဓမ္မသတ်ကျမ်းများနဲ့အတူ မြို့ဝန် ခရိုင်ဝန် လွှတ်ဝန် လွှတ်ရုံးငါးရပ် ထောင် တန်း များအကြောင်း လေ့လာမှုမလုပ်ပဲ ဘုရင်က ပုလ္လင်ပေါ်ကနေ သတ်စေ အမိန့်ပေး အောက်က ဝန်ကြီးတွေက မှန်လှပါတွေချည့် အသံတွေကို မြန်မာရာဇဝင် ဇာတ်ကား ဇာတ်လမ်း အငြိမ့် ဇာတ်တွေမှာ ကြည့်နေရတာ အတော် စိတ်ပျက်ဖို့ကောင်းပါတယ်။

မြန်မာမင်းအဆက်ဆက် မြန်မာ့တရားစီရင်ရေး နယ်ပယ်မှာ လွှမ်းမိုးခဲ့တဲ့ ဓမ္မသတ်ကျမ်းရင်း (၅၉) စောင်စာရင်းပါ။

၁။ မနုရှင်ရသေ့ စီရင် မနုစစ် ဓမ္မသတ်

၂။ မနောသာရရှင်ရသေ့ စီရင်
မနောသာရ ဓမ္မသတ်

၃။ မာနုဿိကရှင်ရသေ့မာနူဿိက ဓမ္မသတ်

၄။ မြိုင်ရွာ ရှင်အရိယမဉ္ဇူ စီရင် မာနုဿိက ဓမ္မသတ်

၅။ သုက္ကဒန္တရှင်ရသေ့ စီရင် ဇာလီမင်း ဓမ္မသတ်

၆။ ရဟန္တာထွေး စီရင် ဒွတ္တပေါင်မင်း ဓမ္မသတ်

၇။ မဟာသိဂ္ဂဝမထေရ် စီရင် အတိတျာမင်း ဓမ္မသတ်

၈။ မင်းဆရာနှစ်ဦး စီရင် ပြူစောထီးမင်း ဓမ္မသတ်

၉။ ဓမ္မဝိလာသ ဘွဲခံ ရှင်သာရိပုတ္တရာ စီရင် ဓမ္မဝိလာသ ဓမ္မသတ်

၁၀။ ရဟန်း ပုဏ္ဏာတို့ စီရင် ဝါရူးမင်း ဓမ္မသတ်

၁၁။ ရှင်ဗုဒ္ဓဃာသ စီရင် မနုသာရ ဓမ္မသတ်

၁၂။ ဆရာတော် ၁၂ ပါး စီရင် မနုသာရ ဓမ္မသတ်

၁၃။ တရားသူကြီး ၈ဦး စီရင် မနုသာရ ဓမ္မသတ်ကျော်

၁၄။ တောင်ဘီလာဆရာတော်နှင့် မနုရာဇာ စီရင် ရွှေမျည်းခေါ် မနုသာရ ဓမ္မသတ်

၁၅။ ပုဂံပျံချီအမတ် စီရင် ပျံချီတွဲး ဓမ္မသတ်

၁၆။ အရှင်ညာဏဝိလာသထေရ် စီရင် လေးစောင်တွဲ ဓမ္မသတ်

၁၇။ မြောံဘက် ၉သင်းမြင်းဝန် ဝဏ္ဏဓမ္မကျော်ထင် စီရင်ရွှေမျည်းခေါ် မနောသာရ ဓမ္မသတ် ကျမ်းသစ်ပါဌ်နိသျ

၁၈။ အတွင်းဝန်မင်း မဟာဇေယျသူရဘွဲခံ စီရင် မနုဝဏ္ဏနာဓမ္မသတ်ပါဋ္ဌ်နိသျ

၁၉။ တရားသူကြီး မနုရာဇာ စီရင် ဝိနိစ္ဆယပကာသနီ ဓမ္မသတ် ပါဌ်နိသျ

၂၀။ မဲထီးရွာ ရှင်ခေမာစာရ စီရင် ဝိနိစ္ဆယရာသီ ဓမ္မသတ်ကြီး ၇ တွဲး

၂၁။ ပုခန်းငယ်မြို့ခုံ အတုလကျော်စွာ စီရင် မနုရင်း ဓမ္မသတ် ပါဌ်နိသျ

၂၂။ အိမ်ရှေ့ကျောင်း ရှင်မဟာဗုဒ္ဓင်္ကုရ စီရင် ကိတ္ထိ ဓမ္မသတ်ကျော်

၂၃။ မဟာသီရိမုတ္တမ ဇေယျသင်္ကြန်(ကျုံးဝန်ဘုမ္မဇေယျ) စီရင် မနုကျယ် ဓမ္မသတ်

၂၄။ မြိုင်ရွာ ရှင်အရိယမဉ္ဇူ စီရင် မနုစကားပြေ ဓမ္မသတ်

၂၅။ တရားသူကြီး ဘယကျော်သူ စီရင် ဓမ္မသတ်ပေါင်း ၁၀ စောင်တွဲ

၂၆။ မုံရွေးဆရာတော် အရှင်အရိယာဝံသ နှင့် တရားသူကြီး မောင်ပု စီရင်သော အမွေခွဲပုံကြီး ဓမ္မသတ်

၂၇။ ပိဋကတ်တိုက်စိုး ရမ္မသီရိကျော်ထင် စီရင်သော မဟာဓမ္မဝိနိစ္ဆယ စကားပြေ ဓမ္မသတ်

၂၈။ ရှင်ကေတုဓဇ ( မောင်မြတ်သီး ) စီရင်သော မနုဓမ္မသတ် စာကိုယ်ပါဌ်

၂၉။ ရှင်ကေတုဓဇ စီရင်သော သင်္ခေပတ္တဇောတိက ဋီကာပါဌ်

၃၀။ မနူရင်းပါဌ်နိသျ မိတ်လင်စုံ ဓမ္မသတ်

၃၁။ တောင်ငူ ကရင်ဘလက်ထက် စီရင်သော ပါသာဒ ဓမ္မသတ်

၃၂။ သိန်းခိုခေါ် ဓမ္မသတ်

၃၃။ ပေတာလံမင်းစီရင်သော ပေတာလံမင်း ဓမ္မသတ်

၃၄။ ဒါယဘာဂဝိနိဏ္ဏယ စီရင်သော ဓမ္မသတ်

၃၅။ ဥဒဗါတကမ္မရဏတတ္တမူလ စီရင်သော ဓမ္မသတ်

၃၆။ ဥဒဗါတကမ္မရဏတတ္ထဋီကာင်္ဂ ဓမ္မသတ်

၃၇။ ဒါယတတ္ထမူလ ဓမ္မသတ်

၃၈။ ဒါယတတ္ထဋီကာ ဓမ္မသတ်

၃၉။ ဒါယဘာဂတ္ထ ဓမ္မသတ်

၄၀။ ဒါယာဓိကာရ ဓမ္မသတ်

၄၁။ ဒါယဘာဂသိဒ္ဓန္တ ကုမုဒစန္ဒြိကာ ဓမ္မသတ်

၄၂။ မနု ဓမ္မသတ်

၄၃။ မနု အဆုံးအဖြတ်ဆိုသည့် ဓမ္မသတ်

၄၄။ မနုဝံသပကာသနီ ဓမ္မသတ်

၄၅။ ဝိနိစ္ဆယတ္တဘေဒနီ ဓမ္မသတ်

၄၆။ ပါဏံဝန်ကြီးစီရင်သော ပကိဏ္ဏက ဓမ္မသတ်

၄၇။ စိုင်းရွာ ရှင်အရိယ စီရင်သော မနုစကားပြေ ဓမ္မသတ်

၄၈။ မုံရွေးဆရာတော် ရှင်အရိယာဝံသ စီရင်သော ဝိနိစ္ဆယဘေဒက ဓမ္မသတ်

၄၉။ ပုခန်းကြီး ရှင်သဒ္ဓမ္မ စီရင်သော မောဟဝိနိစ္ဆဒနီ ဓမ္မသတ်

၅၀။ ဓမ္မသတ်ဟောင်း

၅၁။ မနုစာဟောင်း ဓမ္မသတ်

၅၂။ ဓမ္မသတ်ညွှန့်ပေါင်း

၅၃။ စီရင်ထုံးပါ စာဟောင်း ဓမ္မသတ်

၅၄။ လက်ဝဲဘိနံသူ စီရင်သော ဓမ္မဝိနိစ္ဆယ ဓမ္မသတ်

၅၅။ ရှင်သဒ္ဓမ္မပါလ စီရင်သော သစ္စဘေဒနီ ဓမ္မသတ်

၅၆။ သက်ပန်အတွင်းဝန်မင်း ရာဇဗလကျော်ထင် စီရင်သော ရာဇဗလ ဓမ္မသတ်ပါဌ် အနက် ၅တွဲ

၅၇။ ဇယန္တိသန္တိစသုက္ခတေ အစချီ ဓမ္မသတ်

၅၈။ ရတနာပုံတန်း ထိပ်ထက်ပန်း အစချီ ဓမ္မသတ်သံပေါက်

၅၉။ ဒဏ္ဍနီတိ ဓမ္မသတ်

ကျမ်းကိုး ကုန်း​ဘောင်​ခေတ်ဖြတ်စာ​ပေါင်းချုပ် ( ဒုတိယတွဲ) - ဦးထွန်းရီ
(ရှေးဟောင်းစာပေသုတေသီတစ်ဦး)

ဘုန်း မင်းမြတ်
Add a comment...

Post has attachment
နိုင်ငံပိုင်သတင်းစာများကပြောသော #ဒီပဲယင်းအရေးအခင်း ပုံရိပ်များ
PhotoPhotoPhotoPhotoPhoto
5/31/18
15 Photos - View album
Add a comment...

Post has attachment
၈.၈.၈၈ သမိုင်းကြောင်း အကျဉ်းချုပ်

၈၈၈၈ အရေး မသိသေး မမှီလိုက်သူများ
သမိုင်း အမှန်သိအောင် ဆုံးအောင် ဖတ်စေချင်

🔻၁၉၈၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်
ဦးနေဝင်း တစ်နိုင်ငံလုံးသို့ ပြောကြားသော မိန့်ခွန်းတွင်၊ သူ အုပ်ချုပ်ခဲ့သည့် ၂၅နှစ်တာ ကာလ အတွင်းတွင် အမှားများ ပြုလုပ်ခဲ့ကြောင်း၊ အချိန်အခါ အား လျော်စွာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းပြည်သို့ ဝန်ခံလိုက်သည်။

🔻စက်တင်ဘာ ၅ ရက်
၂၅ကျပ်၊ ၃၅ကျပ် နှင့် ၇၅ ကျပ်တန် ငွေစက္ကူတို့ကို တရားမဝင်တော့ကြောင်း နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးစိန်လွင် လက်မှတ်ရေးထိုးထားသည့် ကြေငြာချက်ကို ထုတ်ပြန်လိုက်သည်။ နိုင်ငံတော်၏ ငွေကြေးလည်ပတ်မှု ၈၀ ရာခိုင်နှုန်း ရပ်တန့်သွားခဲ့သည်။ တရားမဝင် ကြေငြာခဲ့သော ငွေစက္ကူများအား ပြန်လဲလှယ်ခွင့် မပေးခဲ့ချေ။

🔻စက်တင်ဘာ ၆ ရက်
အစိုးရက တက္ကသိုလ်နှင့် ကောလိပ်အားလုံးကို ပိတ်လိုက်သည်။ အနယ်နယ် အရပ်ရပ်မှ ကျောင်းသားများကို နေရပ်အသီးသီးသို့ ပြန်ပို့လိုက်သည်။

🔻အောက်တိုဘာ ၁၄ ရက်
ပြည်သူ့လွှတ်တော်က ငွေစက္ကူတန်ဖိုးချခဲ့မှုကို ဘဘောတူ အတည်ပြုလိုက်ပြီး ဖျက်သိမ်းခဲ့သော ငွေစက္ကူများအစား ၄၅ကျပ် ၉၀ ကျပ်တန်တို့ဖြင့် အစားထိုးလိုက်သည်။

🔻အောက်တိုဘာ ၂၆ ရက်
တက္ကသိုလ်များ ကောလိပ်များကို ပြန်လည်ဖွင့်ပေးလိုက်သည်။

🔻အောက်တိုဘာ ၂၈ ရက်
နံနက် ၄နာရီခွဲခန့်၌ ရန်ကုန်မြို့သမ္မတ ရုပ်ရှင်ရုံတွင် ဗုံးပေါက်ကွဲခဲ့သည်။

🔻နိုဝင်ဘာ ၂ - ၃ ရက်
စစ်တွေဒေသ ကောလိပ်မှ ကျောင်းသားများ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

🔻နိုဝင်ဘာ ၇ ရက်
ပျဉ်းမနား ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်နှင့် တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်မှ ကျောင်းသားများက ဦးနေဝင်း ဓာတ်ပုံကို မီးရှို့၍ ဆန္ဒပြကြသည်။

🔻ဒီဇင်ဘာ ၁၁ ရက်
ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံပါဝင်ကြောင်း အတည်ပြု ကြေညာလိုက်သည်။

(၁၉၈၈ ခုနှစ်)

🔻မတ်လ ၇ ရက်
ပြည်လမ်းပေါ်ရှိ ချက်သံရုံး အပြင်၌ ည၉နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲသည်။ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက စီးပွားရေး ပြုပြင် ပြောင်းလဲရန်နှင့် အစိုးရ အသစ် ဖွဲ့စည်းရန် အကြုံပြုထားသည့် အိတ်ဖွင့်စာကို ဦးနေဝင်းထံ ပေးပို့ခဲ့သည်။

🔻မတ်လ ၁၂ ရက်
ရန်ကုန်မြို့ ကြို့ကုန်း အနောက်ပိုင်း စန္ဒာဝင်း လဘ္ဘရည်ဆိုင်တွင် စက်မှု တက္ကသိုလ်ကျောင်းသား အချို့နှင့် အရပ်သားများ ခိုက်ရန် ဖြစ်ပွားကြသည်။ ကျောင်းသားတစ်ချို့ ဒဏ်ရာရပြီး ကျန်လူများနှင့် ကျောင်းသားများကို သက်ဆိုင်ရာက ထိန်းသိမ်းလိုက်သည်။

🔻မတ်လ ၁၃ ရက်
ကျောင်းသားအား ရိုက်နှက်ခဲ့သူ တရားခံအား သက်ဆိုင်ရာက လွှတ်ပေးလိုက် သဖြင့် ကျောင်းသား ၂၀၀ ခန့် ရပ်ကွက် ပြည်သူ့ကောင်စီရုံးသို့ သွားကာ ကန့်ကွက်ကြသည်။ ကျောင်းသားများနှင့် လုံထိန်းများ အဓိကရုဏ်း ဖြစ်ပွားကြပြီး လုံထိန်းများ၏ ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့သည်။ ရက်အနညးငယ်ကြာတွင် နောက်ထပ် ၆ယောက်ခန့် ပစ်ခတ်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့သည်။
(မှတ်ချက် - ကိုဖုန်းမော် သေဆုံးသွားသော မတ်လ ၁၃ရက်ကို မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနေ့ဟု သတ်မှတ်ထားခဲ့သည်။)

🔻မတ်လ ၁၄ ရက်
စက်မှုတက္ကသိုလ်ကျောင်းသားများက အခြား တက္ကသိုလ်များသို့ လုံထိန်းများ၏ ကျောင်းသား များအပေါ် ရက်စက်စွာ သတ်ဖြတ်ခြင်းနဲ့ ငွေစက္ကူဖျက်သိမ်းခြင်းကို ရှုတ်ချသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

🔻မတ်လ ၁၅ ရက်
စစ်တပ် မှ ရန်ကုန် စက်မှု တက္ကသိုကျောင်းဝင်းကို ဝင်စီးလိုက်သည်။ အစိုးရမှ ကျောင်းသားများ အပေါ် အပြစ် ပုံချထားသည့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်သည်။ ကျောင်းသား အများအပြားကို ဖမ်းဆီးလိုက်သည်။

🔻မတ်လ ၁၆ ရက်
ရန်ကုန်တက္ကသိုလ်များ ကျောင်းသားများ လှိုင်ကောလိပ်နှင့် စက်မှု တက္ကသိုလ်သို့ ပြည်လမ်းမ အတိုင်း ဆန္ဒပြ ချီတက်လာသည်။ အင်းလျားကန်အနီးသို့ ရောက်သောအခါ လုံထိန်းများနှင့် စစ်တပ်က ပစ်ခတ်ပိတ်ဆို့ကာ တားဆီးခဲ့သည်။ ကျောင်းသားများစွာ ပစ်သတ်ခံရသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းအတွင်းသို့ လုံထိန်းတပ်ဖွဲ့များ
ဝင်ရောက် လာကြသည်။

🔻မတ်လ ၁၇ ရက်
ကိုဖုန်းမော်၏ အသုဘသို့ ပို့ဆောင် သဂြိုလ်ရန် ထောင်ပေါင်းများစွာသော ကျောင်းသား လူထုက ကြံတော သင်္ချိုင်းအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ကြသည်။ သို့သော် ကိုဖုန်းမော်၏ အလောင်းကို အခြား တစ်နေရာတွင် တိတ်ဆိတ်စွာ သဂြိုလ်လိုက်ကြောင်း သိရသည်။ ကိုဖုန်းမော် သေဆုံးသည့် ကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းရန် ကော်မရှင် တစ်ရပ်ဖွဲ့လိုက်ကြောင်း အစိုးရက ကြေညာလိုက်သည်။ ရန်ကုန် တက္ကသိုလ်အတွင်း ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ကျောင်းသား သမဂ္ဂကို ဖွဲ့စည်းလိုက်သည်။ ကျောင်းသား တစ်ထောင်ခန့်ကို အင်းစိန်ထောင်သို့ ပို့လိုက်သည်။

🔻မတ်လ ၁၈ ရက်
ထောင်ပေါင်းများစွာသော ကျောင်းသားများ ရန်ကုန် မြို့လယ် ဆူးလေ ဘုရားသို့ ချီတက်လာပြီး အခြား ကျောင်းသားများနှင့် ပူးပေါင်းလိုက်သည်။ အစိုးရက တပ်မ ၂၂၊ ၆၆၊ ၇၇ တို့ကို ခေါ်ယူလိုက်ပြီး ဆန္ဒပြသူများကို ထောင်ပေါင်းများစွာ ရိုက်နှက်ဖမ်းဆီး ခဲ့သည်။ ထိုနေ့ကို သွေးစွန်းသော သောကြာနေ့ ဟု လူအများ သတ်မှတ်ပြီး တပ်မှူးဗိုလ်ချုပ် စိန်လွင်မှာ ရန်ကုန်မြို့၏ လူသတ်သမား ဟု အမည်တွင်ခဲ့သည်။ ကျောင်းများ၊ တက္ကသိုလ်များ အားလုံးကို ပိတ်လိုက်သည်။

🔻ဧပြီလ ၉ ရက်
အစိုးရ ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင်က မတ်လတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း၌ ကျောင်းသား ၃ ယောက်သေဆုံးပြီး ၆၂၅ယောက် အဖမ်းခံရကာ ၁၄၁ ယောက်ကို ဆက်လက် ထိန်းသိမ်းထားသည်ဟု ကြေငြာသည်။

🔻မေလ ၁၀ ရက်
မြန်မာ့တပ်မတော်သည် နယ်စပ်ဒေသများတွင် ညှဉ်းပန်းမှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ အမျိုးသမီးများအား အဓမပြုကျင့်မှု၊ ရွာသားများ ပေါ်တာအဖြစ် အတင်းစေခိုင်းကာ လူမျိုးစု သူပုန်များကို တိုက်ခိုက်ရာတွင် လူသားမိုင်းရှင်း ကိရိယာဖြင့် အသုံးပြုမှုများအတွက် တာဝန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

🔻မေလ ၃၀ ရက်
ကျောင်းများ ပြန်ဖွင့်ခဲ့သော်လည်း ကျောင်းတက်သော ကျောင်းသားဦးရေမှာ ၃၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။အစိုးရဆန့်ကျင်သောစာရွက်စာတမ်းများ ပြန်လည် ဖြန့်ဝေကြသည်။ ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများ၏ ထောင်တွင်း ညှဉ်းပန်းနှိပ်စက်ခံ အတွေ့အကြုံများနှင့် ကျောင်းသူများ အား လုံထိန်းများ၏ အဓမ္မကျင့်မှု သတင်းများ ပျံ့နှံ့သွားခဲ့သည်။

🔻ဇွန်လ ၈ ရက်
ဦးအောင်ကြီးမှ နောက်ထပ် အိပ်ဖွင့် ပေးစာကို ဦးနေဝင်းထံ ပို့ခဲ့သည်။ ယခုစာတွင် စီးပွားရေး နိုင်ငံရေး ပြဿနာများအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ဖော်ပြထားသည်။

🔻ဇွန်လ ၁၃ ရက်
မတ်လတွင် အသတ်ခံရသူများအတွက် အောက်မေ့ဘွယ် အခမ်းအနား ကျင်းပရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မတ်လ၏ ဖြစ်ရပ်မှန်များကို ဇွန်လ ၁၇ရက် နောက်ဆုံးထားပြီး မထုတ်ပြန်ပါက ပြဿနာများ ပိုမိုကြီးထွား လာလိမ့်မည်ဟု ကျောင်းသားများက ရာဇသံပေးလိုက်သည်။

🔻ဇွန်လ ၁၅ ရက်
ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ အစည်းအဝေးပွဲများ ဆန္ဒပြ ပွဲများ စတင်ပေါ်ပေါက်လာသည်။

🔻ဇွန်လ ၁၆ ရက်
ကိုမောင်မောင်ကျော်၊ ကိုမိုးသီးဇွန်တို့၏ ဟောပြောပွဲများ တက္ကသိုလ် ကျောင်းဝင်းများ အတွင်း ပေါ်ပေါက်လာသည်။

🔻ဇွန်လ ၁၇ ရက်
ရန်ကုန် တက္ကသိုလ် အတွင်းမှ သင်တန်းများ အားလုံး ရပ်စဲလိုက်သည်။ ဆန္ဒပြပွဲနှင့် ဟောပြောပွဲများ ပြည်လမ်း ဆေးတက္ကသိုလ်သို့ ရောက်သွားခဲ့သည်။

🔻ဇွန်လ ၂၀ ရက်
ရန်ကုန်မြို့ရှိ ထောင်ပေါင်းများစွာသော ကျောင်းသားများနှင့် ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။ ရန်ကုန်တက္ကသိုလ်ရှိ စည်းဝေးပွဲများသို့ သံဃာတော်များပါ တက်ရောက်သည်။ အစည်းဝေးမှ ကျောင်းထုတ်ခံရသော ကျောင်းသားများကို ကျောင်းပြန်တက်ခွင့် ပေးရန်နှင့် မတ်လအတွင်း သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများ ကို ဖော်ထုတ်အပြစ်ပေးရန် တောင်းဆိုကြသည်။ ရန်ကုန် တက္ကသိုလ်ကို ရဲနှင့် စစ်တပ်က ညနေ ၆နာရီတွင် ဝိုင်းရံပိတ်ဆို့လိုက်သည်။

🔻ဇွန်လ ၂၁ ရက်
ထောင်ပေါင်းများစွာသော ကျောင်းသားများက ပြည်လမ်းရှိ ဆေးတက္ကသိုလ်မှ ရန်ကုန်မြို့လယ်သို့ ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြကြသည်။ ဟံသာဝတီ လမ်းဆုံ အရောက်တွင် လုံထိန်းများက မျက်ရည်ယို ဗုံးများ၊ သေနတ်များဖြင့် စတင်ပစ်ခတ်ကြသည်။ ကျောင်းသားများကလည်း ဂျင်ကလိများဖြင့် ပြန်လည်ပစ်ခတ်ကြသည်။အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ ကျောင်းသား ပြည်သူ ၈၀ခန့်နှင့် လုံထိန်း ၂၀ခန့် သေဆုံးကြသည်။ အစိုးရ အာဏာပိုင်များက ဇွန်လ ၂၁ရက်နေ့မှ သြဂုတ် ၁၉ရက်နေ့အထိ လူစုလူဝေး မပြုလုပ်ရန် နှင့် ညနေ၆နာရီမှ နံနက် ၆နာရီထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်လိုက်သည်။ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ တက္ကသိုလ်များ အားလုံးကို ပိတ်လိုက်သည်။

🔻ဇူလိုင်လ ၁ ရက်
အစိုးရမှ ညမထွက်ရအမိန့်ကို ည၈နာရီ မှ နံနက် ၄နာရီသို့ ပြင်ဆင်လိုက်သည်။

🔻ဇူလိုင်လ ၇ ရက်
မဆလ ပါတီ၏ အရေးပေါ် ညီလာခံကို ဇူလိုင်လ ၂၃ရက်နေ့တွင်ကျင်းပ ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ မတ်အတွင်း ဖမ်းဆီးထားခဲ့သော ကျောင်းသားများကို ပြန်လွှတ်ပေးမည်ဟု ကြေညာခဲ့သည်။

🔻ဇူလိုင်လ ၉ ရက်
ညမထွက်ရ အမိန့်ကို ပြန်လည် ရုတ်သိမ်းသည်။ ကျောင်းထုတ်ခံရသော ကျောင်းသားများလည်း သက်ဆိုင်ရာတက္ကသိုလ်အသီးသီးတွင် ကျောင်းပြန်တက်ခွင့်ကို ပြန်လည် လျှောက်ထားနိုင်ကြောင်း ကြေညာခဲ့သည်။

🔻ဇူလိုင်လ ၁၈ ရက်
မတ်လအတွင်း ဖြစ်ခဲ့သော အဓိကရုဏ်းတွင် ဖမ်းဆီးခဲ့သော ဆန္ဖပြသူများ ၄၁ ဦးသည် ထောင်ကားပေါ်တွင် အသက်ရှုကျပ်ကာ သေဆုံးခဲ့မှု အတွက် တာဝန်ရှိသည်ဟု ပြည်ထဲရေး ဝန်ကြီးဦးမင်းခေါင်က ဝန်ခံပြောကြားပြီး ရာထူးမှ နှုတ်ထွက်သွားသည်။

🔻ဇူလိုင်လ ၂၂ ရက်
ပြည်မြို့၌ အရေးပေါ် အခြေအနေကြေညာပြီး အုပ်ချုပ်ရေး တာဝန်အားလုံးကို တပ်မတော်သို့ လွှဲပေးလိုက်သည်။

🔻ဇူလိုင်လ ၂၃ ရက်
မဆလ ပါတီ အရေးပေါ် ညီလာခံကို ကျင်းပသည်။ ဥက္ကဌ ဦးနေဝင်းက မိန့်ခွန်းပြောပြီး သူနှင့်အတူ မဆလပါတီ ဒုဥက္ကဌ ဦးစန်းယု၊ အထွေထွေ အတွင်းရေးမှူး ဦးအေးကို၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစိန်လွင်၊ ဗဟိုကော်မတီအလုပ်အမှုဆောင်ဝင်များ ဖြစ်သည့် ဦးကျော်ထင်နှင့် ဦးထွန်းတင်တို့ အနားယူတော့မည်ဟု ကြေညာသည်။ တစ်ပါတီစနစ် သို့မဟုတ် ပါတီစုံစနစ် ကျင့်သုံးရန် တင်သွင်းခဲ့သည်။

🔻ဇူလိုင်လ ၂၆ ရက်
မဆလပါတီ ဗဟို ကော်မတီ အစည်းအဝေးကျင်းပပြီး ဦးစိန်လွင်အား ပါတီဥက္ကဌသစ် အဖြစ် တင်မြှောက်လိုက်သည်။ ဦးစန်းယုအား နှုတ်ထွက်ခွင့်ပြုသော်လည်း ဦးကျော်ထင်၊ ဦးအေးနှင့် ဦးထွန်းတင်တို့ကို ပြန်လည် ၇ွေးကောက်တင်မြှောက်ကြသည်။ ဝန်ကြီးချုပ် ဦးမောင်မောင်ခနှင့် ပြည်သူ့ အကျိုးဆောင်အဖွဲ့ ဥက္ကဌ ဦးမြင့်မောင်တို့ကို ရာထူးမှ ပယ်ရှားလိုက်သည်။

🔻ဇူလိုင်လ ၂၇ ရက်
ပြည်သူ့ လွှတ်တော် အစည်းအဝေးကျင်းပပြီး နိုင်ငံတော် ကောင်စီဥက္ကဌနှင့် နိုင်ငံတော် သမ္မတ အဖြစ် ဦးစိန်လွင်ကို တင်မြှောက်သည်။ ဦးထွန်းတင်အား ဝန်ကြီးချုပ်၊ ဦးကျော်တင်အား နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူး၊ ဒေါက်တာမောင်မောင် အား နိုင်ငံတော် ပြည်သူ့ ဥပဒေ အကျိုးဆောင် ဥက္ကဌ အဖြစ် ရွေးချယ်တင်မြောက်လိုက်သည်။

🔻ဇူလိုင်လ ၂၈ ရက်
ရွေတိဂုံစေတီတော်တွင် ကျောင်းသားများနှင့် ပြည်သူလူထုများ ဆန့်ကျင် ဆန္ဒပြ စုရုံးကြသည်။ မြေထဲမြို့ တွင် ညမထွက်ရ အမိန့်ထုတ်လိုက်သည်။

🔻ဩဂုတ်လ ၁ ရက်
ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်က ဩဂုတ် ၈ရက် နေ့တွင် ဗမာနိုင်ငံလုံး အထွေထွေ သပိတ်ကြီး ဆင်နွှဲရန် လှုံ့ဆော်သည့် စာရွက် စာတမ်းများ ဖြန့်ဝေကြသည်။

🔻ဩဂုတ်လ ၂ ရက်
ရွှေတိဂုံစေတီတော်၌ ကျောင်းသားများ အစည်းအဝေး ကျင်းပကာ ဟောပြောပွဲများ ပြုလုပ်ကြသည်။

🔻ဩဂုတ်လ ၃ ရက်
ရန်ကုန်မြို့တွင် မာရှယ်လော စစ်ဥပဒေကို ညနေ ၆ နာရီ ထုတ်ပြန် ကြေညာခဲ့သည်။ ထိုအမိန့်ကို ဖီဆန်၍ လူတစ်သောင်း မြို့တွင်းသို့ လှည့်လည်ဆန္ဒပြကြသည်။

🔻ဩဂုတ်လ ၅ ရက်
ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားသည်။ စစ်ဥပဒေကို ဖီဆန်မှုဖြင့် ပြည်သူလူထု ရာပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။

🔻ဩဂုတ်လ ၆ ရက်
အထက် မြန်မာနိုင်ငံတောင်ရှိ မြို့များတွင်လည်း ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ ရေနံချောင်း သနပ္ပင်နှင့် ပဲခူးမြို့နယ်တို့တွင်လည်း
ညမထွက်ရ အမိန့်များ ထုတ်ပြန်လိုက်သည်။

🔻ဩဂုတ်လ ၈ ရက်
ရန်ကုန်မြို့ လမ်းမပေါ် နေရာတိုင်း၌ လူတန်းစား ပေါင်းစုံပါဝင်သော အထွေထွေ သပိတ်ကြီးကို ဆင်နွှဲကြသည်။ တနိုင်ငံလုံးရှိ ဆန္ဒပြ လူထုကြီးက ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး၊ မဆလ ပါတီနှုတ်ထွက်ရေး နှင့် ဆိုရှယ်လစ် စီးပွားရေး
စနစ်ကို အဆုံးသတ်ရန် တောင်းဆိုကြသည်။ တစ်နိုင်ငံလုံး အနယ်နယ် အရပ်ရပ်တွင် ဆန္ဒပြပွဲများ တပြိုင်တည်း ကျင်းပကြသည်။

🔻ဩဂုတ်လ ၉ ရက်
ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ တပ်မ ၂၂ မှ စစ်သားများ ရန်ကုန်မြို့တွင် လူထုကို ပစ်ခတ်ကြသည်။ ရာပေါင်းများစွာ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အဖမ်းခံရသည်။ ကျောင်းများအားလုံး ပိတ်လိုက်သည်။ ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။

🔻ဩဂုတ်လ ၁၀ ရက်
ရန်ကုန်မြို့ ဆန္ဒပြသူများအား စစ်သားများက ဘရင်း ကယ်ရီယာများ ပေါ်မှ ပစ်ခတ်သဖြင့် အမြောက်အမြား သေဆုံးခဲ့ပြန်သည်။ ရန်ကုန် ဆေးရုံကြီး အတွင်းသို့ စတင်ပစ်ခတ်ခဲ့သည်။ မြောက်ဥက္ကလာပတွင် ဒေါသထွက်နေသော လူအုပ်ကြီးက ရဲအချို့အား ခေါင်းဖြတ်သတ်လိုက်သည်။

🔻ဩဂုတ်လ ၁၂ ရက်
ဥိးစိန်လွင် ရာထူးမှ ဆင်းသည်။ ပြည်သူများ သံပုံးများ တီးကာ ကခုန်ကြသည်။ ရန်ကုန်ဆေးရုံကြီးအတွင်းတွင် သေနတ်ဒဏ်ရာ ရသူများဖြင့် ပြည့်နှက်လျှက်ရှိသည်။

🔻ဩဂုတ်လ ၁၉ ရက်
ဒေါက်တာမောင်မောင်အား မဆလ၏ ဥက္ကဌ အသစ်အဖြစ် ခန့်လိုက်သည်။ ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဌ ဦးတင်အောင်ဟိန်းဦးဆောင်သည့် ပြည်သူ့ဆန္ဒလေ့လာရေး ကော်မရှင်ကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းလိုက်သည်။

🔻ဩဂုတ်လ ၂၀ ရက်
ဆန္ဒပြသူများက ဒေါက်တာ မောင်မောင်၏ အစိုးရသစ် နှုတ်ထွက်ပေး၇န်၊ အထွေထွေ ရွေးကောက်ပွဲမျးာ ပြုလုပ်ပေးရန် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် တောင်းဆိုကြသည်။

🔻ဩဂုတ်လ ၂၄ ရက်
မာရှယ်လော စစ်ဥပဒေကို ရုတ်သိမ်းလိုက်သည်။ ဒေါက်တာမောင်မောင်က တစ်ပါတီစနစ်သို့ ပါတီစုံစနစ် ကျင့်သုံးရန် ပြည်သူ့ဆန္ဒယူပွဲ ပြုလုပ်ပေးရန်
ကတိပြုလိုက်သည်။

🔻ဩဂုတ်လ ၂၆ ရက်
ရွှေတိဂုံစေတီ အနောက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်က ထောင်ပေါင်းများစွာသော လူထုကြီးအား မိန့်ခွန်းပြောကြားခဲ့သည်။ အထွေထွေ သပိတ်ကြီးကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အားလုံးရပ်ဆိုင်းသွားခဲ့သည်။

အင်းစိန်ထောင်တွင် အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ တစ်နိုင်ငံလုံးရှိ ထောင်အသီးသီးတွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၉၀၀၀ ခန့် လွတ်မြောက်သွားခဲ့သည်။

🔻ဩဂုတ်လ ၂၇ ရက်
ကာကွယ်ရေး ဝန်ကြီးချုပ် စစ်ဦးချုပ်ဟောင်း ဦးတင်ဦး ရန်ကုန်ဆေးရုံရှေ့တွင် မိန့်ခွန်းပြောကြားခဲ့သည်။

🔻ဩဂုတ်လ ၂၈ ရက်
ဗမာလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ဖွဲ့စည်းတည်ထောင်လိုက်သည်။ မင်းကိုနိုင်အား ဥက္ကဌအဖြစ် တင်မြှောက်ကြသည်။ ဦးနုက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ်ကို တည်ထောင်လိုက်သည်။

ဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့သည်။ အစိုးရက လမ်းမပေါ်ရှိ ဆန္ဒပြပွဲများ နှင့် အစည်းအဝေးပွဲများ ကို ပြုလုပ်ခွင့်ပေးခဲ့သည်။

🔻စက်တင်ဘာလ ၁၇ ရက်
ကုန်သွယ်ဝန်ကြီးဌာန ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သော စစ်သား ၂၄ဦး လက်နက်ချပြီး ကုန်သွယ်ရေး ဝန်ကြီးဌာန အဆောက်အဦးကို ရဟန်းပျိုသမဂ္ဂနှင့် ကျောင်းသားများက သိမ်းပိုက်လိုက်သည်။ အစိုးရက နှုတ်ထွက်ပေးရန် နှင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် ငြင်းဆန်ခဲ့သဖြင့် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာသည်။ ကျောင်းသားများ စတင်ပြီး တောခိုကြသည်။

🔻စက်တင်ဘာလ ၁၈ ရက်
ဗိုလ်ချုပ်ကြီး စောမောင်က စစ်တပ်မှ အာဏာကို လွှဲယူလိုက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို ဖွဲ့လိုက်ကြောင်း ကြေညာသည်။ ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။ အပြင်မထွက်ရ အမိန့်ကို ဆန့်ကျင်ကြသည်။ စစ်တပ်မှ ပစ်ခတ်ခဲ့သည်။

🔻စက်တင်ဘာလ ၁၉ ရက်
ဆန္ဒပြသူများ နှင့် စစ်တပ်များ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားခဲ့သည်။ မြို့ပေါ်ရှိ ပြောက်ကျားများက ရန်ကုန်မြို့လယ်ရှိ မိုက်ကရိုဝေ့ ကြေးနန်းတိုင်အား ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်။ ပြည်သူ့လွှတ်တော်၊ နိုင်ငံရေးကောင်စီနှင့် အခြား အာဏာပိုင်အဖွဲ့များကို ဖျက်သိမ်းလိုက်သည်။

🔻စက်တင်ဘာလ ၂၄ ရက်
ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ NLD ကို ဖွဲ့စည်းလိုက်သည်။

ကောက်နုတ်ချက်။ သမိုင်းအကြောင်းကို စနစ်တကျ မှန်ကန်စွာ ဖော်ပြပေးလိုသဖြင့် mmcp မှ မပျိုပျိုမေ၏ တင်ပြမှုများကို မျှဝေလိုက်သည်။

https://m.facebook.com/story.php?story_fbid=155353291933998&id=100023779830971
မှ ကူးယူဖော်ပြသည်။
PhotoPhotoPhotoPhotoPhoto
၈၈၈၈
22 Photos - View album
Add a comment...

Post has attachment
ကျမ်းစာများကပြောသော ရှင်ဥပဂုတ်အကြောင်း (၃)
(၃) သုံးသပ် ထင်မြင်ချက် အပိုင်း (၁) နဲ့ အပိုင်း (၂) ဖတ်ပြီး သွားပြီဆိုရင်တော့ ရှင်ဥပဂုတ္တနဲ့ ပတ်သက်ပြီး တင်ပြချက်တွေကို စုံသင့်သလောက် စုံအောင် ဖတ်ရှုပြီးပြီလို့ ယူဆရပါပြီ။ မဟာယာန အုပ်စု ဖြစ်တဲ့ သက္ကဋကျမ်းစာ၊ တရုတ်ကျမ်းစာနဲ့ တိဗက်ကျမ်းစာ တွေရဲ့ အုပ်စုက တစ်စု...
Add a comment...
Wait while more posts are being loaded