Profile cover photo
Profile photo
TH ZN
72 followers
72 followers
About
TH's posts

Public
ကမ္ဘာတလွှား ထူးခြားဆန်းပြား ဥပဒေများ (၁)

$$$$$$$$$$$$$$$$$$$$$$$$$$$$$$

အမေရိကန်နိုင်ငံမှာ ဒီလိုဥပဒေတစ်ခုရှိတယ်။
မိဘနှစ်ပါးက အမေရိကန်နိုင်ငံသားမဟုတ်ချင်နေ အမေရိကန်မှာမွေးတဲ့ကလေးက ချက်ချင်း အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရတယ်။ ဒါကြောင့် ဒီဥပဒေကို အခွင့်ကောင်းယူပြီး အမေရိကန်မှာ ကလေးလာမွေးကြသူတွေ အများကြီးရှိခဲ့တယ်။
.
မနှစ်က ဒီလိုအချိန်မှာ အုံးအုံးကျော်သွားတဲ့ သတင်းတစ်ခုရှိခဲ့တယ်။ ထိုင်ဝမ်က ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက် ကိုယ်ဝန် ၃၆ပတ်ရှိနေပြီး မွေးဖွားရက် နီးနေပြီ။ ဒါကို လိမ်ပြီး ထိုင်ဝမ်- အယ်လ်အေသွားတဲ့လေယာဉ်ပေါ် ရအောင်တက်ခဲ့တယ်။ သူ့ကလေးကို အမေရိကန်နိုင်ငံသားဖြစ်စေချင်လို့တဲ့။ အဲဒီမှာ ပျံသန်းပြီး ၆နာရီအကြာမှာ ဗိုက်နာလာပြီ၊ ကလေးကထွက်ဖို့ အသင့်တောင်ဖြစ်နေပြီ။ ဒါကို အဲဒီအမျိုးသမီးက မမွေးဘဲ အောင့်ထားပြီး အမေရိကန်ပိုက်နက်ထဲရောက်ပြီလား.. ရောက်ပြီလားပဲ မေးနေခဲ့တယ်။ နောက်ဆုံးမှာ အမေရိကန်ပိုင်နက်ထဲ လေယာဉ်ရောက်မှ ကလေးကိုမွေးလိုက်တော့တယ်။ အလက်စကားရောက်တော့ သူတို့သားအမိကို အလက်စကားဆေးရုံကို တန်းပို့လိုက်တယ်။ ပြီးမှ အယ်လ်အေကို သွားပေါ့။ အမျိုးသမီးကတော့ နောက်တစ်နေ့မှာပဲ ထိုင်ဝမ်ပြန်ပို့ခံရတယ်။ မွေးဖွားစကလေးက ၁၄ ရက်မပြည့်လို့ လေယာဉ်စီးခွင့်မရှိတာနဲ့ အမေရိကန်မှာပဲ ထားခဲ့ရတယ်။
.
အခု ဒေါ်နယ်ထရမ့်တက်လာရင် အဲဒီဥပဒေကို ဖျက်သိမ်းမှာ ဖြစ်ပါတယ်။
.
#NineNineSaNay
.

Post has attachment
Public
အညတရရဲဘော်များကို ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုပြောကြား
------ ------ ------ ------ --
မြန်မာနိုင်ငံ၏ ဒီမိုကရေစီရရှိရေး ပြုပြင်ပြောင်းလဲမှုတွင် အမည်မသိရဲဘော်များကြောင့် လက်ရှိအခြေ အနေသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

''ကျွန်မ မကြာခဏပြောဖူးပါတယ်၊ ဘယ်အခြေအနေမှာမဆို တကယ်လေး စားစရာကောင်းတဲ့ ပုဂ္ဂိုလ်များဟာ အမည်မသိရဲဘော်များဖြစ်တယ်ဆိုတာ ကျွန်မ အမြဲပြောပါတယ်။ အမည်မသိဘူးဆိုတာထက် အမည်ခံချင်တဲ့စိတ်ကို မရှိတာ။ ဒီလိုလုပ်လိုက်တဲ့အတွက် သူဂုဏ်ရဖို့ မဟုတ်ဘူး။ ပိုက်ဆံရဖို့မဟုတ်ဘူး။ အမည် မသိရဲဘော်များကြောင့် ကျွန်မတို့ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးဟာ ဒီအခြေအနေအထိ ရောက်လာတာပါ။ ကျွန်မတို့ရဲ့ဒီမိုကရေစီရေးလှုပ်ရှားမှုဟာ ဒီအခြေအနေမှာ ပြီးပြီးလား ဆိုရင် မပြီးသေးပါဘူး။ ရှေ့ဆက်ပြီးတော့ သွားစရာအများကြီးရှိပါသေးတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂ ရက်တွင် ပြောကြားသည်။

ဂျပန်နိုင်ငံသို့ နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ ငါးရက်ကြာသွားရောက်သည့် ခရီးစဉ်၌ နိုဝင်ဘာ ၂ ရက်တွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသည့်အခမ်းအနား၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။ ''စနစ်တခု အမြစ်တွယ်ဖို့ဆိုတာ အင်မတန်မှ ကြာသည်။ ကျွန်မတို့စနစ်က အခုမှစပြီးလုပ်တာဆိုတော့ အမြစ်တွယ်ဖို့ အင်မတန်မှ ၀ိုင်းလုပ်ကြဖို့လိုပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် ပွင့်လင်းလာသည့်ခေတ်သစ်တွင် ငါမပါဘူးဆိုသည့်စဉ်းစားမှုထက် ပါသင့်ပါထိုက်သူများ ပါလာသည်ကို ကျေနပ်သည့်စိတ်ဓာတ်ထားရှိရန်လိုအပ်ကြောင်း၊ နိုင်ငံ့အကျိုးအတွက် ပြုလုပ်နိုင်သည့် မည်သူ့ကိုမဆို မုဒိတာပွားနိုင်ရန် လိုအပ်ကြောင်း၊ စည်းကမ်းလိုက်နာပြီး ကြိုးစားမှ နိုင်ငံတိုးတက်မည်ဖြစ်ကြောင်းနှင့် စိတ်ထားမှန်မှန်ကန်ကန်ထားနိုင်မှ မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ရောက် ရှိနိုင်မှာဖြစ်ကြောင်းတို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောကြားခဲ့သည်။

''ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုစတင်တဲ့နေရာမှာ အမည်မသိသူတွေက စတင်ခဲ့တာပေါ့။ အခုလို မီဒီယာတွေ ပွင့်လင်းလာတဲ့ခေတ်မရောက် သေးတဲ့ကာလမှာ ကျွန်တော်တို့ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ အမည်မသိ အညတရသူရဲကောင်းတွေ အများကြီးရှိခဲ့ပါတယ်။ ဒီကနေ့ ဂျပန်မှာ အန်တီစုက ဒီလိုပေးဆပ်ခဲ့ရတဲ့ အမည်မသိရဲဘော်များကို ဂုဏ်ပြုပြောကြားခဲ့တာကို ၀မ်းသာစွာ ထောက်ခံပါတယ်''ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးဂျင်မီက ပြောသည်။

ဂျပန်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်သည့်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ရှင်ဇိုအာဘေးအပါအ၀င် ခေါင်းဆောင်အသီးသီးနှင့်တွေ့ဆုံသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးကိုနိုင်
#Newswatch
Photo

Post has attachment
Public
Photo

Post has attachment
Public
သခင်သိန်းဖေ ဆုံးရှာပီ

လွတ်လပ်ရေး တိုက်ပွဲဝင် ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၊ ၁ဝ၁ နှစ်ဟာ အောက်တိုဘာ ၁၉ ရက်နေ့က ကွယ်လွန်သွားကြောင်း သိရတဲ့အတွက် အထူး စိတ်မကောင်း ဖြစ်မိပါတယ်။ သခင်သိန်းဖေကို လူချင်း မတွေ့ဖူးပေမယ့် DVB (ဒီမိုကရက်တစ် မြန်မာ့အသံ-နော်ဝေ) မှာ တာဝန် ထမ်းစဉ်က မကြာခဏ တယ်လီဖုန်း အင်တာဗျူး လုပ်ဖူးတာကြောင့် လေလှိုင်းပေါ်ကနေ ရင်းနှီး နေပါတယ်။

စာဖတ် ပရိသတ် အတော်များများလည်း အဲဒီ အမှောင်ခေတ်တုန်းက စစ်အစိုးရကို ရဲရဲဝံ့ဝံ့ ဝေဖန်ခဲ့တဲ့ သခင်သိန်းဖေရဲ့ လေသံကို မှတ်မိနေဦးမယ် ထင်ပါတယ်။ “အခု ဗိုလ်ချုပ်ဖြစ်နေတဲ့ လူတွေက အဲဒီတုန်းက မွေးတောင် မမွေးသေးဘူး။ လွတ်လပ်ရေးအကြောင်း၊ တော်လှန်ရေးအကြောင်း သူတို့ ဘာသိမှာလဲ”ဆိုပြီး သခင်သိန်းဖေက ပြောခဲ့ပါတယ်။ တစ်ခါ “မင်းသမီးက ဒီလောက် တော်နေတာ မဟုတ်ဘူး။ လူကြမ်းက ဆိုးလွန်းလို့ ဇာတ်က ပိုနာသွားတာ။ မဟော်သဓာ သားလုခန်းမှာလိုပေါ့။ သားလေး နာမှာစိုးလို့ အမေအရင်းက လွှတ်ပေးလိုက်တော့ ဘီလူးမ လက်ထဲ ပါသွားတာပေါ့” စသဖြင့် စီကာပတ်ကုံး စကားလုံးတွေနဲ့ ကြမ်းရမ်းလွန်းလှတဲ့ စစ်ဗိုလ်ချုပ်တွေကို ဆုံးမခဲ့တဲ့ အင်တာဗျုးတွေက မနည်းလှပါ။

ဒါက သခင်သိန်းဖေနဲ့ စာရေးသူအကြား၊ သခင်သိန်းဖေနဲ့ သောတရှင်တွေကြား တစ်ဦးချင်းဆိုင်ရာ သိကျွမ်းမှုပါ။ ဒီဆောင်းပါးမှာ အဓိက ဆွေးနွေးချင်တာက တစ်ဦးချင်းဆိုင်ရာ ကိစ္စ မဟုတ်။ မျိုးဆက်အလိုက် သိကျွမ်းမှု၊ မျိုးဆက်အလိုက် ပခုံးပြောင်း တာဝန်ယူမှု လိုအပ်တဲ့ အကြောင်းသာ ဖြစ်ပါတယ်။ တကယ်တော့ အသက် ၁ဝဝ တန်း သခင်တွေနဲ့ ၅ဝ တန်း ၈၈ မျိုးဆက်တွေကြားမှာ ၂ဝဝဝ ပြည့်လွန်နှစ်တွေအထိ နီးနီးကပ်ကပ် ဆက်ဆံရေး မရှိခဲ့ပါ။ မရှိဆို အဲဒီကာလ တစ်လျှောက်လုံး ၈၈ မျိုးဆက် အများစုဟာ ထောင်နန်းစံသူ၊ တောနန်းစံသူတွေချည်း ဖြစ်နေခဲ့တာကိုး။

၂ဝဝဝ ပြည့်လွန်နှစ်တွေမှာတော့ ၈၈ မျိုးဆက်တချို့ နှစ်ရှည် ထောင်ဒဏ်ကနေ ပြန်လွတ်လာကြပါတယ်။ သခင်သိန်းဖေ ဦးဆောင်တဲ့ ဝါရင့် နိုင်ငံရေးသမားတွေကလည်း စစ်ထောက်လှမ်းရေးက နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်ထားတဲ့ ကြားထဲကနေ ဖက်ဆစ် တော်လှန်ရေးနေ့၊ အမျိုးသား အောင်ပွဲနေ့၊ လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို သခင်သိန်းဖေရဲ့ခြံထဲမှာ (အခြားနေရာမှာ ကျင်းပခွင့် မပေးပါ) နှစ်စဉ် မပျက် ကျင်းပခဲ့ပါ တယ်။ တစ်နည်းအားဖြင့် ပြောမယ် ဆိုရင်တော့ ၁၉၈၈ ကနေ ၂ဝဝဝ ပြည့်လွန်နှစ်တွေကြား ဘယ်သူမှ ဘာမှ မလှုပ်ရဲတဲ့ အချိန်မှာ ဝါရင့် နိုင်ငံရေးသမားကြီးတွေက စစ်အစိုးရ အာခံရေးကို တာဝန် ယူပေးခဲ့တယ်လို့ ဆိုချင်ပါတယ်။

အကျဉ်းထောင် အသီးသီးကနေ ပြန်လွတ်လာကြတဲ့ ၈၈ မျိုးဆက်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ မျိုးဆက်သစ် နိုင်ငံရေးသမားတွေ နိုင်ငံရေး လုပ်ဖို့ စုရပ်နေရာ ပျောက်နေစဉ်မှာ သခင်သိန်းဖေခြံထဲက အခမ်းအနားတွေက စုရပ်ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ မပြီးဆုံးသေးတဲ့ တော်လှန်ရေး တာဝန်တွေကို မျိုးဆက်အလိုက် ပခုံးပြောင်း ဆက်လက် ထမ်းဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်ဆီ ဝါရင့် နိုင်ငံရေးသမားတွေက တော်လှန်ရေး အလံ လွှဲအပ်ပွဲ အခမ်းအနား ကျင်းပခဲ့တာကို စာရေးသူ အမှတ်ရနေပါတယ်။

ဒါက အများ မြင်သာတဲ့ သခင်မျိုးဆက်နဲ့ ၈၈ မျိုးဆက် (သခင်ခေတ် နောက်ပိုင်း မျိုးဆက်သစ် အားလုံးကို ဆိုလို) တို့အကြား ဆက်ဆံရေး ဆိုပါတော့။ ဒါဖြင့် အများ မမြင်သာတဲ့ ဆက်ဆံရေးကော ရှိသေးလို့လားလို့ မေးစရာ ရှိပါတယ်။ ရှိပါတယ်။ အဲဒီ မမြင်သာတဲ့ ဆက်ဆံရေးက မြင်သာတဲ့ ဆက်ဆံရေးထက်တောင် ပိုသြဇာကြီးသေးတယ်လို့ စာရေးသူက ဆိုချင်ပါတယ်။

စာရေးသူ အပါအဝင် အသက် ၅ဝ တန်းနဲ့အောက် မျိုးဆက်သစ် အားလုံးဟာ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးကို အသက်စွန့် ဆောင်ရွက်ခဲ့တဲ့ သခင်နိုင်ငံရေးသမားတွေ၊ ရဲဘော် သုံးကျိပ်ဝင်တွေရဲ့ စွန့်လွှတ်စွန့်စားမှုအကြောင်း စာပေတွေကို ဖတ်မှတ် လေ့လာပြီး ကြီးပြင်း လာခဲ့သူတွေပါ။ တစ်နည်းအားဖြင့် သခင်တွေ၊ ရဲဘော် သုံးကျိပ်ဝင်တွေဟာ ကျွန်တော်တို့ မျိုးဆက်ရဲ့ သူရဲကောင်းတွေပေါ့။

ဒီလို မသိမသာ စိတ်ထဲ အားကျနေတဲ့ ဖြစ်စဉ်တွေက ဘယ်အချိန်ကျမှ ပေါ်လာသလဲဆိုရင် ၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံကြီး ဖြိုခွဲခံလိုက်ရချိန်မှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ထောင်ထဲကို ရဲရဲဝံ့ဝံ့ ရင်ကော့ပြီး ဝင်သွားတာ၊ တောထဲကို မကြောက်မရွံ့ လက်နက်ကိုင်ဖို့ထွက် သွားတာတွေက သက်သေပြနေတယ်လို့ ဆိုချင်ပါတယ်။

သခင်ခေတ်အလွန် နိုင်ငံရေးနှင့် လုပ်ဖော်ကိုင်ဖက် ဝန်းရံမှု လိုအပ်ခြင်း

ကျွန်တော်တို့ မျိုးဆက်အပေါ် ဒီလို သြဇာကြီးခဲ့တဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် ဝါရင့်နိုင်ငံရေးသမား သခင်တွေ၊ ရဲဘော် သုံးကျိပ်ဝင်တွေထဲက အခု သခင်သိန်းဖေ ကွယ်လွန်သွားခဲ့ပါပြီ။ ၂ဝ၁၂ တုန်းကလည်း နောက်ဆုံး လက်ကျန် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇော ကွယ်လွန်သွားခဲ့တဲ့ အတွက် သခင်ခေတ် နိုင်ငံရေးသမား မကျန်တော့သလောက် ဖြစ်သွားခဲ့ပါပြီ။ ဒါပေမဲ့ သူတို့စတင်ခဲ့တဲ့ တော်လှန်ရေးက လွတ်လပ်ရေးကို ရအောင် ယူနိုင်ခဲ့တာ တစ်ခုကလွဲရင် ပြည်ထောင်စု တည်ငြိမ်ရေးနဲ့ တိုင်းပြည် တည်ဆောက်ရေးဘက်မှာ ဘာမှ အသေအချာ မလုပ်နိုင်သေးပါ။

ဒါကြောင့်လည်း သခင်သိန်းဖေက သူ မကွယ်လွန်ခင်မှာ တော်လှန်ရေး အလံကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်တို့ လက်ထဲ ကြိုတင် လွှဲအပ်ခဲ့တာ ဖြစ်မယ် ထင်ပါတယ်။ အခု သခင်သိန်းဖေ ကွယ်လွန်ချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အာဏာရ ပါတီခေါင်းဆောင်အဖြစ် အစိုးရသစ်ကို တာဝန်ယူ ဦးဆောင်မောင်းနှင် နေပါပြီ။ မင်းကိုနိုင်တို့အဖွဲ့ကကော ဘာတွေ ဆက်လုပ်နေသလဲ။ တော်လှန်ရေးအလံ အမွေဆက်ခံသူ နှစ်ဦးကြား ပူးပေါင်း ဆောင်ရွက်မှုက ဒီထက်မက နီးနီးကပ်ကပ် ရှိနေရင် ပိုကောင်းမယ် ထင်ပါတယ်။

နိုင်ငံရေး အကဲခတ် တချို့ကတော့ ဒါဟာ သခင်ခေတ် နိုင်ငံရေးနဲ့ ဒီနေ့ နိုင်ငံရေးသမားတွေအကြား မျိုးဆက် ကွာဟမှုကြောင့် လုပ်ဟန် ကွာသွားတာလို့ ပြောပါတယ်။ ဆိုလိုတာက နယ်ချဲ့အစိုးရကို တော်လှန်ခဲ့တဲ့ ၁၉၄ဝ ပြည့်လွန်နှစ်တွေတုန်းက သခင်တွေ အားလုံး နီးပါးဟာ သက်တူရွယ်တူ မျိုးဆက်တူတွေ ဖြစ်ပြီး ပြောမနာ ဆိုမနာ၊ အချင်းချင်း ဝေဖန် ထောက်ပြဖို့ အားမနာသူတွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘေးမှာ သခင်သန်းထွန်း၊ သခင်သိန်းဖေမြင့်၊ သခင်ဗဟိန်း၊ သခင်နု၊ သခင်သိန်းဖေ (ဝါးခယ်မ) စသဖြင့် သက်တူ၊ ဝါတူ လုပ်ဖော်ကိုင်ဖက်တွေ အများကြီး ရှိပါတယ်။

ဒါပေမဲ့ ဒီနေ့ခေတ် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် ဘေးမှာတော့ အဲဒီလို သက်တူ၊ ဝါတူ ပြောမနာ၊ ဆိုမနာ ဝေဖန် ရေးပေးနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်မျိုး မတွေ့မိပါ။ မျိုးဆက် ပြတ်လပ်မှု ကြောင့် ဒီလို ဖြစ်သွားတာလို့ ထင်ပါတယ်။ ဝေဖန်ရေး အားကောင်းတဲ့ ဒီလို လုပ်ဖော်ကိုင်ဖက်မျိုး မရှိခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး မူဝါဒ ချမှတ်ရေးမှာ အားနည်း စေခဲ့တယ်လို့ ဝေဖန်သူ တချို့က ဆိုပါတယ်။ ဒါပေမဲ့ တချို့ကတော့ ဒီလို အနီးကပ် ဝေဖန် ထောက်ပြနိုင်သူ မရှိတာကိုက ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက် မရှိ သြဇာ ပိုကြီးစေတယ်၊ လုပ်ငန်း ပိုတွင်ကျယ်စေတယ်လို့ ပြောပါတယ်။

သေချာတာကတော့ စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ

အသွင်ပြောင်းရေး လုပ်ငန်းစဉ်ဆိုတာဟာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ အနိုင်ရရုံနဲ့ သူ့အလိုလို အထမြောက်သွားမည် မဟုတ်ပါ။ ဒါကြောင့် လက်ရှိအစိုးရက သွားနေတဲ့ လုပ်နည်းလုပ်ဟန်တွေ၊ နည်းဗျူဟာတွေကို ကြိုက်ကြိုက် မကြိုက်ကြိုက် ဒီအစိုးရရဲ့ မဟာ ဗျူဟာက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီ စနစ် ထွန်းကားရေး ဖြစ်တာကြောင့် အစိုးရ ခေါင်းဆောင်ကို အားလုံးက ဝန်းရံပေးဖို့ တာဝန် ရှိပါတယ်။ မျက်စိမှိတ် ထောက်ခံ ဝန်းရံတာမျိုး မဟုတ်ဘဲ မျက်လုံးဖွင့်ပြီး နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့အညီ ဝေဖန်ဝန်းရံပေးရေးကို ဆိုလိုပါတယ်။

လွတ်လပ်ရေးရပြီး နှစ် ၇ဝ အကြာ…

သခင်တွေ၊ ရဲဘော် သုံးကျိပ်ဝင်တွေရဲ့ ဦးဆောင် တိုက်ပွဲဝင်မှုကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တာ အခုဆိုရင် နှစ် ၇ဝ ပြည့်ဖို့ ၂ နှစ်ပဲ လိုပါတော့တယ်။ မြန်မာနိုင်ငံနဲ့ ခေတ်ပြိုင် ၁၉၅ဝ ဝန်းကျင်မှာ လွတ်လပ်ရေး ယူခဲ့ကြတဲ့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဒီနေ့ ကိုယ့်အခြေအနေက ဘယ်အဆင့်မှာ ရောက်နေသလဲ။ အဝေးကြီးကို မကြည့်နဲ့။ အိမ်နီးချင်း နိုင်ငံတွေကိုပဲ ကြည့်ပါ။ အနောက်ဘက်က အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်၊ မြောက်ဖက်က တရုတ်၊ အရှေ့ဖက်က လာအိုနဲ့ ထိုင်း၊ ပြီးတော့ တခြား အာဆီယံ နိုင်ငံတွေ။ အားလုံး ကိုယ့်ထက်သာတာချည်းပါပဲ။

ဘာကြောင့် သာသွားတာလဲ။ နောက်ခံ အချက်အလက်တွေ အများကြီး ရှိနိုင်ပေမယ့် အရေးကြီးဆုံး အချက်ကတော့ အဲဒီနိုင်ငံတွေမှာ မြန်မာနိုင်ငံလို နှစ် ၆ဝ ကျော် ပြည်တွင်းစစ် ရှိမနေခြင်းပါပဲ။ သခင်သိန်းဖေရဲ့ စကားလုံးကို ကိုးကားရမယ်ဆိုရင် “အမျိုးသား သွေးစည်း ညီညွတ်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး”ရအောင် မလုပ်နိုင်လို့ပါပဲ။ ဒါကို တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်စုတည်းက ဆောင်ရွက်လို့မရ၊ ရှိသမျှ အင်အားစုတွေ အားလုံး ပူးပေါင်းဆောင်ရွက်မှ ရမယ်လို့ သခင်သိန်းဖေ မကြာခဏ ပြောခဲ့ဖူးပါတယ်။

အခု NLD အစိုးရသစ် လက်ထက်မှာတော့ အားလုံးနီးပါး ပါဝင်ခွင့်ရတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနေပြီ ဖြစ်လို့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ဟာ အရင်စစ် အစိုးရခေတ်နဲ့စာရင် ပန်းတိုင်နဲ့ ပိုနီးစပ်လာပြီလို့ မျှော်လင့်နိုင်ပါတယ်။ ဒါပေမဲ့ NLD အစိုးရနဲ့ တိုင်းရင်းသား ပါတီတွေကြား၊ NLD အစိုးရနဲ့ ၈၈ မျိုးဆက်တွေကြား၊ NLD အစိုးရနဲ့ ကျောင်းသား လူငယ်တွေကြား ပူးပေါင်း ဆောင်ရွက်မှုကတော့ အားရလောက်တဲ့ အဆင့်ထိ ရောက်မလာသေးပါ။

ဘာကြောင့်လဲ။ နိုင်ငံရေး ဆန်းစစ်သူ တချို့ကတော့ NLD အစိုးရ သက်တမ်း ၅ နှစ်တာ ကာလရဲ့ ပထမနှစ်ပိုင်းတွေမှာ မဟာမိတ် ဆက်ဆံရေး တည်ဆောက်မှု၊ ပါတီတွင်း တည်ဆောက်မှု၊ လူထု စည်းရုံးရေး တည်ဆောက်မှုတွေထက် စစ်တပ်နဲ့ ဆက်ဆံရေး ပြေလည်အောင် တည်ဆောက်ရေး၊ လူဟောင်းတွေနဲ့ ပြေလည်အောင် တည်ဆောက်ရေး၊ (အိမ်ဟောင်းကိုဖျက်ပြီး အိမ်သစ် ဆောက်မယ့်အစား အိမ်အဟောင်းကို ပြင်ပြီး နေပျော်အောင် လုပ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဂျပန်ခရီးစဉ်အတွင်း ပြောသွားခဲ့ပြီးပါပြီ) ခရိုနီ ခရိုပြာတွေနဲ့ အဆင်ပြေအောင် ဆက်ဆံရေးတွေ လုပ်ပြီး အစိုးရ ယန္တရား (အာဏာ) သူ့လက်ထဲ တကယ် ရောက်လာအောင် ဆောင်ရွက်ရေးကို ဦးစားပေးတာ သဘာဝကျတယ် လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီဘက်ကိုချည်း ဇောင်းပေးရင်းနဲ့ မဟာမိတ်တွေနဲ့ ဆက်ဆံရေး ပျက်သွားတာမျိုး မဖြစ်အောင်တော့ သတိထားဖို့ လိုပါလိမ့်မယ်။ စစ်တပ်နဲ့ အပေးအယူ လုပ်တဲ့အထဲမှာ ပြည်တွင်းစစ် ရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အားလုံး ပါလာတဲ့အဆင့်အထိ ရောက်အောင် တိုက်တွန်းဖို့ လိုနေပါတယ်။ နိုင်ငံရေးဘက်မှာ ဒီ ၂ ချက်ကို အကောင်အထည် ဖော်နိုင်ပြီဆိုရင် နှစ် ၇ဝ နောက်ကျနေလည်း ပြဿနာ မရှိပါ။ အချိန်တိုအတွင်း လမ်းမှန်ပေါ် ရောက်အောင် မြန်မာနိုင်ငံ ပြန်တက်နိုင်ပါလိမ့်မယ်။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သိန်းဖေ အပါအဝင် ရဲဘော် သုံးကျိပ်ဝင်တွေ၊ သခင်တွေ မျှော်မှန်းခဲ့တဲ့ လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံဖြစ်အောင် တည်ဆောက်ရေးဟာ လက်ရှိ အစိုးရနဲ့ ကျွန်တော်တို့ မျိုးဆက်မှာ တာဝန် ရှိပါတယ်။ ဒါကြောင့် သခင်သိန်းဖေ လွှဲပြောင်း ပေးအပ်ခဲ့တဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် အလံတော်ကို စွဲမြဲစွာ ကိုင်စွဲပြီး ပြည်တွင်းစစ် ရပ်စဲရေး၊ အမျိုးသား ညီညွတ်ရေး၊ တိုင်းပြည် တည်ဆောက်ရေးအတွက် မျိုးဆက်သစ်တွေ အားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့၊ ဆောင်ရွက်ခွင့်ပေးဖို့ လိုနေပြီ ဖြစ်ပါတယ်။

ထက်အောင်ကျော်
The voice
Photo

Post has attachment
Public
🐣 လွတ်လပ်မှု 🐣

💐💐💐
ကိုယ့်ဘဝနဲ့ပတ်သက်တာ ကိုယ့်ဟာကိုယ်မဆုံးဖြတ်နိုင်တဲ့သူမှာ ဘာလွတ်လပ်မှုမှမရှိဘူး။ ကိုယ့်ဘဝကို ကိုယ့်လက်ထဲမှာပဲထားပါ။ ဆုံးဖြတ်စရာရှိရင် ကိုယ့်ဥာဏ်နဲ့ကိုယ်ဆုံးဖြတ်ပါ။ ဒါမှ သတ္တိရှိတဲ့သူ ဆုံးဖြတ်ရဲတဲ့သူ ဖြစ်လာမယ်၊၊ ကိုယ့်ကိစ္စကိုယ်ဆုံးဖြတ်မှ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတဲ့သူဖြစ်မယ်။ တိုင်ပင်ချင်ရင် သဘာဝကျကျတွေးတတ် လုပ်တတ်တဲ့သူနဲ့ တိုင်ပင်ပါ။ ဒါပေမဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကတော့ ကိုယ့်ဆုံးဖြတ်ချက်ပဲဖြစ်ရမယ်။ ကိုယ့်ဆုံးဖြတ်ချက်မှားရင်လည်း ကိုယ့်ဟာကိုယ်ပဲ တာဝန်ယူပါ။ ဒါမှ တစ်နေ့တခြား ဆုံးဖြတ်ချက်ပိုမှန်လာလိမ့်မယ်၊၊ ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်ဘဝကိုနေနိုင်မှ စိတ်ဓာတ်ရင့်ကျက်မှုဖြစ်မယ်။ တစ်နေ့တခြား ဥာဏ်ပညာ ပိုပြီးလေးနက်ရင့်ကျက်လာမယ်။ ပိုပြီးလွတ်လပ်လာမယ်။ ကိုယ့်ဘဝနဲ့ ပတ်သက်တာကို သူများကိုဆုံးဖြတ်ခိုင်းတာဟာ ကိုယ့်ဘဝကို ကိုယ်တာဝန်မယူတာပဲ။ ကိုယ့်ဘဝကို ကိုယ်တာဝန်မယူတဲ့သူဟာ လွတ်လပ်တဲ့သူမဖြစ်နိုင်ဘူး။

💐💐💐
တကယ်လွတ်လပ်တဲ့လူသားတစ်ယောက်၊ တကယ်လူပီသတဲ့လူသားတစ်ယောက်၊ တကယ်လူဖြစ်ကျိုးနပ်တဲ့လူသားတစ်ယောက်၊ ကိုယ့်ဘဝကိုကိုယ် တကယ်ကျေကျေနပ်နပ်နေတဲ့လူသားတစ်ယောက်ဖြစ်လာဖို့၊ တကယ်မြင့်မြတ်တဲ့လူသားတစ်ယောက်ဖြစ်လာဖို့ဆိုရင် အချိန်တိုင်း အချိန်တိုင်းမှာ ချနေတဲ့ဆုံးဖြတ်ချက်တွေကိုကြည့်ပြီးတော့ ကိုယ်ဦးတည်ထားတဲ့ဦးတည်ချက်ကို အထောက်အကူပေးမယ့်ဆုံးဖြတ်ချက်မျိုးကို ချရမယ်။

💐💐💐
တခြားလူတွေဘယ်လိုပဲနေနေ ငါ့အတွက်ကတော့ ငါ့ရဲ့စိတ်ဓာတ်ဖွံ့ဖြိုးဖို့၊ မြင့်မြတ်တဲ့စိတ်ထားနဲ့ အသိဥာဏ်ဖွံ့ဖြိုးဖို့အရေးကို ငါဟာ အချိန်တိုင်း အချိန်တိုင်းလုပ်နေတဲ့သူလို့ ကိုယ့်ကိုယ်ကိုသဘောထားတဲ့လူဆိုရင် အချိန်တိုင်း အချိန်တိုင်းမှာ ဆုံးဖြတ်တိုင်း ဆုံးဖြတ်တိုင်း အဲဒီဆုံးဖြတ်ချက်ဟာ စိတ်ဓာတ်နဲ့အသိဥာဏ်လေးနက်ဖို့ မြင့်မြတ်ဖို့ ဖွံ့ဖြိုးဖို့ကို အထောက်အကူပေးတဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်။ အဲဒါဟာ exercise of freedom ပဲ။ ဒါ ကိုယ့်ရဲ့လွတ်လပ်မှုကို ကိုယ်လက်တွေ့ကျင့်သုံးလိုက်တာပဲ။ လွတ်လပ်မှုကိုကျင့်သုံးနေမှ လွတ်လပ်မှုရှိတယ်လို့ဆိုနိုင်တယ်။

💐💐💐
လွတ်လပ်မှုဆိုတာ ကိုယ့်ဘဝကို ကိုယ့်နည်းကိုယ့်ဟန်နဲ့အကောင်းဆုံးဖြစ်အောင်နေဖို့ ကိုယ်ယူရမယ့်တာဝန်ကိုခေါ်တာ။ လွတ်လပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ကိုယ်အုပ်ချုပ်နိုင်တာကိုပြောတာ၊ ကိုယ့်ကိုယ်ကိုကိုယ်အုပ်ချုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုကိုယ် စည်းကမ်းရှိအောင်ထိန်းသိမ်းနိုင်တာပြောတာ။ ကိုယ့်ကိုယ်ကို ကိုယ်လေးစားတာကိုပြောတာ။ လွတ်လပ်မှုဆိုတာ ကိုယ်လုပ်ချင်တာကိုလုပ်ရတာလောက်နဲ့ မပြည့်စုံသေးဘူး၊ မလုံလောက်သေးဘူး။ ရွေးစရာတွေအများကြီးပေးထားတဲ့အထဲက ကိုယ်ကြိုက်တာကိုရွေးယူခွင့်ရှိတာလောက်နဲ့လည်း မပြည့်စုံသေးဘူး၊ မလုံလောက်သေးဘူး။ အဓိကကျတဲ့၊ အရေးပါတဲ့၊ အခြေခံကျတဲ့လွတ်လပ်မှုဟာ ရွေးစရာတွေအများကြီးကို အရင်ဆုံးဖန်တီးဖို့၊ ရွေးစရာတွေကိုပဲ ကိုယ်ကဖန်တီးဖို့၊ ပြီးတော့ အဲဒီရွေးစရာတွေနဲ့ပတ်သက်ပြီး အများနဲ့ဆွေးနွေးညှိနှိုင်းဖို့၊ ပြီးမှ ရွေးဖို့ဖြစ်ပါတယ်၊၊ ရွေးစရာတွေကို သူများကသတ်မှတ်ပေးပြီးမှ၊ အဲဒီသတ်မှတ်ပေးပြီးသားတွေထဲက ကိုယ်ကရွေးချယ်မယ်ဆိုရင် အဲဒါ လွတ်လပ်မှုအစစ်မဟုတ်သေးဘူး။ ဘယ်ဟာတွေထဲကရွေးရမယ်ဆိုတာကို မသတ်မှတ်ခင်ကတည်းက အဲဒါတွေကိုသတ်မှတ်ရာမှာ ကိုယ်ကသတ်မှတ်ခွင့်ရှိမှ လွတ်လပ်တယ်။

💐💐💐
ကိုယ်ဘာကိုရွေးချယ်တယ်ဆိုတာပေါ်မှာမူတည်ပြီး ကိုယ်ဘယ်လောက်လွတ်လပ်တဲ့သူဖြစ်လာမလဲဆိုတာ အဖြေပေါ်ပါတယ်။

💐💐💐
 ကိုယ့်ကိုယ်ကိုအဆင့်အတန်းမြှင့်ချင်တယ်ဆိုရင် သတိနဲ့ ဥာဏ်နဲ့ကြည့်ပြီးတော့ အကောင်းဆုံးရွေးချယ်ပြီး လုပ်သွားရမယ်၊၊ တစ်ကြိမ်အကောင်းဆုံးကိုရွေးချယ်ပြီး လုပ်လိုက်တိုင်း လုပ်လိုက်တိုင်း ကိုယ့်ရဲ့လွတ်လပ်မှုက တဖြေးဖြေး တိုးတိုးပြီးတော့လာတယ်။ နောက်တစ်ခါအကောင်းဆုံးကိုရွေးချယ်ပြီး လုပ်နိုင်ဖို့လည်း အင်အားတွေ သတ္တိတွေ ပိုပြီးတော့ရလာတယ်။

💐💐💐
သတိရှိတဲ့သူဟာ ဥာဏ်ရှိတဲ့အတွက်ကြောင့် အများကြီးကိုကြည့်ပြီးတော့ အဲဒီအထဲက အကောင်းဆုံးကိုရွေးပြီးတော့လုပ်တယ်။ ဥာဏ်နဲ့အကျိုးအကြောင်းဆင်ခြင်ပြီး အကောင်းဆုံးကိုရွေးပြီးလုပ်နိုင်တာဟာ လွတ်လပ်မှုတစ်မျိုးဖြစ်တယ်။

💐💐💐
တခြားလွတ်လပ်မှုတွေကိုမရနိုင်ဘူးဆိုရင်တောင်မှ ပိုပြီးတော့စိတ်ထားကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်တော့ ကိုယ်ကယူတတ်လို့ရှိရင် ယူလို့ရပါတယ်။ အဲဒီလွတ်လပ်မှုကတော့ ကိုယ့်ရဲ့choice ပဲ။☝🏼️☝🏼️

💢ဆရာတော်ဦးဇောတိက💢
🌱(မဟာမြိုင်တောရ)🌱

💧တွေးမိတိုင်းပျော်တယ်💧
📖 စာအုပ်မှ 📖
✍🏻ကူးယူဖော်ပြပါသည်✍🏻️
Photo

Post has attachment
Public
" ကိုယ့်သမိုင်းကို ကောင်းအောင်လုပ်ကြ "
* * * * * * * * * * * * * * * * * * * * * *
.
ငါ့ဘဝအတွက်
ငါ့တိုင်းပြည်
ငါ့သာသနာ
ငါ့လူမျိုးအတွက်
ငါဘယ်လောက်
အလုပ် လုပ်ပေးနိုင်ခဲ့သလဲ?..
ငါ ဘာထားပစ်ခဲ့မလဲ?..
ငါ ဘာကိုယူသွားမလဲ?..
.
ဒီမေးခွန်းတွေကို
နာနာမေးပြီးတော့
အဖြေကောင်းကောင်း ရအောင် လုပ်ကြပါ..
.
သီတဂူဆရာတော်ဘုရားကြီး @@@
Photo

Post has attachment
Public
Cul De Sac
CulDeSac ဆိုတဲ့ စကားလုံးကို ၂၀၁၀ မတိုင်ခင်က တော့ နိုင်ငံ ခြား မီဒီယာတွေက မြန်မာ့ နိုင်ငံရေးကို ရည်ညွှန်းပြီး သုံးလေ့ သုံးထ ရှိခဲ့ပါတယ်။ လမ်းပိတ်၊ ထွက်ပေါက် မရှိတဲ့ လမ်း၊ လို့ အဓိပ္ပါယ် ရပါတယ်။ ရွေးချယ်စရာ ဘာမှ မရှိတော့ဘဲ ပိတ်မိနေတဲ့ အခြေအနေ ၊ နောက်ပြန် လှည့်စရာ အနေ အထား ပဲ ရှိတဲ့ အနေအထား ကို ခိုင်းနှိုင်းချင်တဲ့ အခါ မျိုးမှာလည်းသုံး ပါတယ်။
ကျွန်တော် တို့ ရဲ့ နုပျို တဲ့ အသက်အရွယ် ၂၀-၃၀ ကြား လူငယ် အများစု ရဲ့ လုပ်အား ဟာ ဒီ နိုင်ငံ ရေး အခြေ အနေ နဲ့ အတူတူ ပဲ Cul De Sac ဖြစ်ခဲ့တယ်၊ စနစ် ကိုပဲ အပြစ်ဖို့ခဲ့ကြတယ်၊ နိုင်ငံ ဆင်းရဲတယ် ၊ လူတွေရဲ့ life quality နိမ့်ကြတယ်၊ဒီ အတွက်လဲ စနစ် ကိုပဲ အပြစ်တင်ခဲ့ ကြတယ်။
ဒီနေ့ဟာ စနစ် ဆိုးကြီး လဲပြိုတဲ့ နေ့၊ စနစ် အသစ် စပြီး လူမည်ကာ မတ္တ ဘဝ ကနေ စပြီး ကျွတ်လွတ်တော့မယ့်နေ့ ၊ လူတွေအားလုံး ကိုယ့် ကြမ္မာ ကို ပိုင်ပိုင် နိုင်နိုင် စပြီး ဖန်တီး နိုင်မယ့်နေ့။
ကျွန်တော့် ရဲ့ Professor တစ်ယောက် က ကျွန်တော့် ကို လှောင်သလိုလို ပြောဖူးတယ်။ "မင်းကွာ ၊ကိုယ့်အိမ်က အမေ အတွက်တောင် အလုပ်ဖြစ်ဖြစ် မြောက်မြောက် လုပ်တဲ့သူ တွေ မရှိတာ ၊ အခု အချိန် ကြမှ အမေစု အတွက် ဆိုပြီး အလုပ် ထလုပ်ကြမယ် ထင်ရင် မှားမှာပေါ့ တဲ့"
ကျွန်တော် Professor နဲ့ပြိုင် မငြင်းခဲ့ပါဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော် ယုံကြည် တဲ့ အလုပ်လုပ် ခြင်း ဆိုတာ နိုင်ငံ တော် အတွက်လည်း မဟုတ်ဘူး၊ အစိုးရ အတွက်လည်း မဟုတ်ဘူး၊ ဘယ်သမ္မတ ၊ သမ္မတ အထက်က သူအတွက်လည်း မဟုတ်ဘူး၊ ကိုယ့်အတွက်ကို လုပ်ခြင်းသာ ဖြစ်တယ်။
ကိုယ့် ကြမ္မာ ကို ပိုင်ပိုင် နိုင်နိုင် ဖန်တီးလို့ရလာမယ့် အခြေ အနေမှာ ကိုယ့်ရဲ့ လုပ်အား တွေ ၊ အရည် အချင်း တွေနဲ့ အရင် စနစ် ကထက် ကုန်ထုတ်လုပ်မှု နှုန်း ပိုရလာမယ် လို့ ယူဆတယ်။
အချုပ်အနေ နဲ့ ကတော့ ကျွန်တော် တို့ အားလုံး လက်ညှိးထိုးစရာ စနစ် ဆိုးကြီး ကျဆုံးသွားပြီ။ နောင် ၁၀ နှစ် မှာလည်း မြန်မာ ပြည် အခြေအနေ ဒီ အတိုင်းဆို ရင် ကျွန်တော် တို့ မျိုးဆက် လောက် သောက်သုံးမကျ တဲ့ မျိုးဆက် ရှိမှာ မဟုတ်ဘူး။ မြန်မာ ပြည် အခြေ အနေ အခုလို ဖြစ်ရတာလည်း ကျွန်တော် တို့ ရှေ့က မျိုးဆက် သောက်သုံး မကျခဲ့လို့။
NLD အစိုးရ က အာမခံ နိုင်မှာ ကိုယ့် ကြမ္မာ ကို ပိုင်ပိုင် နိုင်နိုင် ဖန်တီး နိုင်မယ့် စနစ် ပဲ။ အခု လက်ရှိထက် အလုပ်ပိုလုပ်ရမှာ က ကိုယ်ကိုတိုင်ပဲ။ ဘယ်သူ့ အတွက်မှ အလုပ်မလုပ်ပါနဲ့။ ကိုယ့်အတွက်ကို ပဲ လုပ်ပါ။ လက်ရှိ တစ်လ ၁၀သိန်း ရရင် သိန်း ၂၀ ရအောင် ရှာပါ၊ကြိုးစားပါ။ ဒီလို လူတွေ ရှိတဲ့ နိုင်ငံတော် ဆိုတာ သူ့ အလိုလို တိုးတက် လာလိမ့်မယ်။
Photo

Post has shared content
မြန်မာနိုင်ငံသားတိုင်းသိသင့်သောနိုင်ငံရေးအကြောင်းအရာများ ဒေါ်စုကိုပဲ တစ်ဦးတည်းသောခေါင်းဆောင်အဖြစ် ရွေးချယ်တဲ့အကြောင်းပြချက်၁၀ခု

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာနဲ့တင် ကျနော် သူ့ကို ကြည်ညိုတာ မဟုတ်ပါ။
အမေကြီး ဘာကြီးလဲ မဖားတတ်ပါ။

ပြီးတော့ ကျနော့်ညာဉ်ကိုက Reality ကိုပဲ ဦးစားပေးကြည့်တတ်တယ်။ တိုင်းပြည်ကောင်းမယ်ဆို ဘယ်သူ တက်တက်ပါ။ အဘက်ဘက်က ခေါင်းအေးအေးထား စဉ်းစားကြည့်ပြီးမှ ဒေါ်စုသာလျှင် ကျနော်တို့ မြန်မာပြည်ရဲ့ အသင့်တော်ဆုံးသော တစ်ဦးတည်းသောခေါင်းဆောင်အဖြစ် ယူဆဆုံးဖြတ်ပါတယ်။ အဲဒီအတွက် အကြောင်းပြချက်က ၁၀ ခု ရှိပါတယ်။

၁။ သြဇာတိက္ကမ ရှိသော ခေါင်းဆောင်။
-----------------------------------------
ကျနော်တို့ မြန်မာ့သမိုင်းမှာ ရှားပါးတဲ့ အနည်းစုထဲမှာပါတဲ့ ခေါင်းဆောင်မျိုးပါ။ ဒေါ်စုဟာ Charismatic Leader ဖြစ်ပါတယ်။
စကားကြုံလို့ ပြောရရင် ဗိုလ်ချုပ်ဟာ Charismatic Leader ဖြစ်ပေမယ့် ဦးနုကို Charismatic Leader လို့ ကျနော်မသတ်မှတ်ပါ။ ဗိုလ်ချုပ်သာရှိရင် ပြည်တွင်းစစ်ကို ထိန်းနိုင်လိမ့်မယ်လို့ ထင်မိတယ်။

ကျနော်တို့ တိုင်းပြည်တိုးတက်ဖို့ရာခရီးမှာ တောက်လျောက်အကြီးမားဆုံးဖြစ်ခဲ့တဲ့ အနှောင့်အယှက်ဟာ ပြည်တွင်းစစ်လို့ ထင်ပါတယ်။
ဒီ့အတွက် တိုင်းရင်းသားအင်အားစုတွေနဲ့ စည်းလုံးဖို့လိုပါတယ်။ ဒါကို ဒေါ်စု လုပ်နိုင်ပါလိမ့်မယ်။ ဒုတိယပင်လုံကို ဒေါ်စု တဖွဖွပြောနေတာ အကြောင်းမဲ့မဟုတ်ပါ။

ပြီးတော့ အသိညာဉ်မဖွံ့ဖြိုးသေးတဲ့တိုင်းပြည်မျိုးအတွက် Charismatic Leader လိုကို လိုပါတယ်။

၂။ ပြည်ပအထိ သြဇာဖြန့်ကျက်နိုင်သော ခေါင်းဆောင်။
----------------------------------------------------------
ကျနော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆို ပြည်ပအကူညီ လိုကို လိုပါတယ်။
အဘက်ဘက်က တံခါးပိတ်ပြီး ငါ့မြင်းငါစိုင်းခဲ့တဲ့ အချိန်တုန်းကတောင် တရုတ်တော့ အားကိုးခဲ့ရသေးတာပဲ။ တရုတ်ဟာ အင်အားကြီးတာမှန်ပေမယ့် ကြွယ်ဝသော နိုင်ငံမဟုတ်ပါ။ သူ့ကို အားကိုးလို့ မရဘူးလို့ထင်မိတယ်။ သူက ဂုတ်သွေးစုပ်ရုံပဲ လုပ်ပါလိမ့်မယ်။

ဒီတော့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေဆွဲဆောင်ဖို့ရာ ကမ္ဘာ့အဆင့်ခေါင်းဆောင်တစ်ယောက်လိုပါတယ်။ ဘောလုံးစကားနဲ့ပြောရရင်ဗျာ ဖာဂူဆန်ကြီးသာ ရမယ်ဆို ခင်ဗျားတို့ မလိုချင်ဘူးလား။ အခု ကျနော်တို့ မြန်မာဘောလုံးအသင်းဆိုပါတော့၊ ကမ္ဘာမှာ လူရာမသွင်းဘူး၊ အေး အဲဒီအသင်းကို ဖာဂူဆန်သာ နည်းပြလုပ်ပေးမယ်လုပ်ကြည့်စမ်း။ ဘယ်လို သက်ရောက်မှု ဖြစ်သွားမလဲဆိုတာ။ ဒေါ်စုဟာ နိုင်ငံရေးနယ်ပယ်မှာတော့ ဖာဂူဆန်ဖြစ်ပါတယ်။

ဟုတ်ကဲ့၊ ဖာဂူဆန်ကို ရနိုင်မှတော့ ဦးတင်မြင့်အောင် ကျနော်တို့အပေါ်စေတနာထားတယ်ဆိုပေမယ့် ဘယ်လိုချင်တော့မလဲ ခင်ဗျာ။
ဦးတင်မြင့်အောင်လို ပြည်တွင်းနည်းပြအနေနဲ့ စင်္ကာပူလိုနိုင်ငံမျိုးမှာ သွားရင် အရေးကြီးပုဂ္ဂိုလ်နဲ့တွေ့ဖို့ ကျုံ့ကျုံ့လေးထိုင်စောင့်နေရလိမ့်မယ်။ ဖာဂူဆန်ကျတော့ ... သူလာပြီဆိုတာနဲ့ ဟိုက ပျာပျာသလဲ ထွက်ကြိုနေမှာ။ လူချင်းကွာတယ်လေ။

တိုင်းပြည်က ကမ္ဘာ့အဆင့်မ၀င်သေးတဲ့အချိန် ကမ္ဘာ့အဆင့်ဝင် ခေါင်းဆောင်ကောင်းကိုရတာ ကျနော်တို့က အလဟဿ အဖြစ်ခံကြမှာလား။

၃။ အနစ်နာခံခဲ့တဲ့သမိုင်း။
----------------------------
ဒေါ်စု ကျနော်တို့အတွက် အနစ်နာခံပြခဲ့တာ သူ့အဆင့် တခြား ဘယ်ခေါင်းဆောင်ထက်မဆို ပိုပါတယ်။ မိန်းမတစ်ယောက်မပြောနဲ့ ယောက်ျားတစ်ယောက်တောင် သူ့နေရာမှာဆို ဒူးထောက်သွားစေနိုင်တဲ့ အဘက်ဘက်က ၀ိုင်းဝန်းတိုက်ခိုက်မှုတွေ။

အသက်ကို အကြိမ်ကြိမ် ရန်အရှာခံခဲ့ရတာ။
ဝါးချွန်နဲ့ အထိုး၊ နံပါတ်တုတ်နဲ့ အရိုက်ခံခဲ့ရတာတွေကို သူ့လိုအဆင့်လူတစ်ယောက်အနေနဲ့ ကြိတ်မှိတ်ခံခဲ့တာတွေဟာ ကျနော်တို့ မမေ့သင့်တဲ့ ကျေးဇူးတရားတွေပါ။

ပြီးတော့ ဒါတွေဟာ ကျနော်တို့ပြည်သူတွေအတွက် တကယ့်ကို စွန့်လွှတ်စွန့်စားခဲ့သူ ဖြစ်ကြောင်း သက်သေပြချက်တွေဖြစ်တယ်။ မိန်းမတစ်ယောက် လက်ဗလာနဲ့ လက်နက်တို့ရဲ့အလည်မှာ ခေါင်းမော့ရင်ကော့ဆက်နေရဲတဲ့ အာဂစိတ်ဓာတ်။ ဒါဟာ တိုင်းပြည်အတွက် တကယ်စွန့်လွှတ်နိုင်သူ ဟုတ်မဟုတ် လက်တွေ့ စာမေးပွဲကို သူ ဖြေဆိုခဲ့တာပါပဲ။

အဲဒီစာမေးပွဲမှာ ဒေါ်စုဟာ အောင်မှတ်ထက်တောင် ပိုနေပါသေးတယ်။

၎။ ပြတ်သားတဲ့ခေါင်းဆောင်။
--------------------------------
ဒေါ်စုနဲ့ ပတ်သက်ရင် ကျနော်အမြဲတမ်းသဘောတူတာ မဟုတ်ပါ။
ဒါပေမဲ့ သူနဲ့ သဘောမတူတာတွေရှိတိုင်း သူ့ကို ပိုလေးစားလာမိတယ်။
သူဟာ ဆုံးဖြတ်ချက်ယိမ်းယိုင်တတ်တဲ့ ခေါင်းဆောင်မျိုးမဟုတ်ဘူး။ ခေတ်စကားပြောရရင် လူကြိုက်များအောင် ဖောရှောလုပ်ပြမယ့်သူ မဟုတ်ဘူးပေါ့ဗျာ။

တကယ်တမ်းဘာလုပ်ရင် ဘာပြောရင် လူကြိုက်မယ်ဆိုတာ ကျနော်တို့တောင် သိရင် သူလည်း သိမှာပါ။ ဒေါ်စု အဲဒီလောက် မအပါဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ သူတစ်ခါတစ်လေမှာ ခေါင်းမာတဲ့ပြောဆိုမှုတွေ ပြုသလဲ။

အဲဒီအတွက် အကြောင်းတရားနှစ်ခု မြင်ပါတယ်။ ပထမတစ်ခုက မီဒီယာပါ။ ဘင်္ဂလီကိစ္စလိုဟာမျိုးဆို သူ့ကို ပြေးမေးတယ်။ သူကလဲ လိမ်တတ်တဲ့သူမျိုးမဟုတ်ဘူး။ သူမြင်သလို ခံစားသလို ပြောတယ်။ ဒါပေမဲ့ စကားပမာ အခု မလေးရှားမှာ မြန်မာ အလုပ်သမားတွေ ဒုက္ခရောက်တဲ့ကိစ္စ။

သူ့ကို ဘယ်မီဒီယာမှ ပြေးမမေးဘူး။ ဒီတော့ သူမဖြေရဘူး။ ဒီအခါမှာဒေါ်စုက ဘင်္ဂလီတုန်းက ပြောပေးတယ်။ မလေးရောက်မြန်မာတွေဖို့ မပြောပေးဘူးဖြစ်ရော။ ဒေါ်စုအဆင့်နဲ့ဗျာ။ လာမေးမှ ဖြေနိုင်မှာပေါ့။ ဘယ်ကိစ္စမဆို သူဖြေရုံပါပဲ။ သူဟာ လက်ရှိ သာမန်လွှတ်တော်အမတ်ပါ။ ဘာမှ မလုပ်နိုင်သေးပါ။

နောက်ဒုတိယအကြောင်းတရားကတော့ ဒေါ်စုဟာ တစ်ခုခုဆို လူ့အခွင့်အရေးရှုဒေါင့်က အမြဲကြည့်တတ်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါကြောင့် တစ်ခါတစ်လေ ကျနော်တို့အဖို့ သဘောမတူစရာတွေ ဖြစ်ရတယ်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တစ်ယောက်၊

ကမ္ဘာက မျက်လုံးဒေါက်ထောက်ကြည့်ခံနေရသူတစ်ယောက်အနေနဲ့ အပြောအဆိုမှာတော့ ဒီလိုပြောမှာပါပဲ။ လိုအပ်တာက တကယ့်သူ့လုပ်ရပ်တွေပါ။ သူ့မှာ အခွင့်အာဏာတကယ်ရှိလာရင် ဘာတွေ လုပ်မလဲ ကျနော်တို့ မှန်းဆလို့ မရနိုင်သေးပါ။

သူ့ကို ကုလားဘက်လိုက်တယ်လို့ စွပ်စွဲတာတွေ ရှိတယ်။ ဘာကြောင့် စွပ်စွဲတာပါလဲ။ White Card ငါးသိန်းပေးတာ ဒေါ်စု မဟုတ်။ လွှတ်တော်ထဲက ကုလား၃ကောင်ထိုင်ခိုင်းတာ ဒေါ်စုမဟုတ်။ လွှတ်တော်မှာ ကုလားဘက်က ရွတ်ရွတ်ချွံချွံ ကာကွယ်နေသူ ဦးလှဆွေဟာ ဒေါ်စုပါတီက မဟုတ်။
ဒါကိုတောင်မှ ကုလားကိစ္စ မပြတ်သားဘူးလို့ ယိုးစွပ်ကြပြန်တယ်။ အိုကေ ဘယ်သူကရော ပြတ်သားပါသလဲ။

အာဏာရှင်ခေတ်မဟုတ်တော့လို့ ခေါင်းဆောင်တစ်ယောက်ဟာ အရမ်းပစ်ပစ်ခါခါကြီးလုပ်ပြလို့ မရတော့ပါ။ သူက အပေါ်က ကောင်းပြပြီး အောက်က ဆော်ပေးမယ့်သူလည်း သူ့မှာ မရှိသေးဘူးလေ။

နားလည်လွယ်အောင် ဥပမာတစ်ခုပေးပါ့မယ်။ ကျနော်ငယ်ငယ်က ကျော်ဟိန်းတအားကြိုက်တယ်။ ဇော်ကြီးကို မုန်းတယ်။ တစ်ရက်ကျတော့ ဘားလမ်းမှာ သူတို့နှစ်ယောက် ပခုံးဖက်လျှောက်တာကို တွေ့တော့ အံ့သြသွားပြီး အဖေ့ကို မေးတယ်။

`အဖေ၊ ဟိုမှာ ရုပ်ရှင်ထဲမှာ သူ့ကို အမြဲ နှိပ်စက်နေတဲ့ လူကြီးကို ကျော်ဟိန်းက ပခုံးဖက်ထားတယ်´
ဆိုတော့ အဖေက ... `သူတို့က ညီအစ်ကိုတွေလေ သားရဲ့´
တဲ့။ မင်းသားကို လူချစ်ဖို့၊ လူရှေ့မှာ မင်းသားက အသားနားခံပြဖို့ လူကြမ်းကောင်းကောင်းတွေ လိုပါတယ်။ သူတို့က မင်းသားကို အားဖြည့်တာပါပဲ။

တစ်နည်းပြောရရင် မင်းသားမလုပ်ချင်တာတွေ လုပ်ပေးဖို့ပေါ့ဗျာ။
ဒါမှ မင်းသားက ပရိသတ်ရှေ့ထွက်တဲ့အခါ ခြောက်ပစ်ကင်းသဲလဲစင်လေး အသွင်နေပြလို့ ရမှာပေါ့။ ဒါပေမဲ့ ပိတ်ကားနောက်မှာတော့ သူတို့ ပခုံးဖက်နေကြတာပါပဲ။

ဒေါ်စုမှာ အောက်လက်ငယ်သား ဇော်ကြီး မရှိရှာပါ။

၅။ အကြောက်တရားကို ကျော်လွန်နိုင်တဲ့ ခေါင်းဆောင်။
-----------------------------------------------------------
ဒေါ်စုဟာ ကျနော်တို့ကို အကြောက်တရားနဲ့ အုပ်ချုပ်မယ့်ခေါင်းဆောင်
မဟုတ်ပါ။ ဒဲ့ပြောမယ်ဗျာ။ ဒေါ်စုနောက်မှာ လက်နက်ကိုင်အဖွဲ့အစည်းမရှိဘူး။ ဒီတော့ သူ့ကို ကြောက်စရာမလိုဘူး။ ပြည်သူတစ်ရပ်လုံးက မကြိုက်တော့ဘူးဆို အချိန်မရွေး ပြန်ဖြုတ်ချလို့ရတယ်။ ကျနော့်အနေနဲ့ အဲဒါကို အကြိုက်ဆုံးပဲ။

အာဏာဟာ လူကို ပျက်ဆီးစေတယ်တဲ့။ ကျနော့်အမြင် ဦးနေ၀င်းဟာ အစက ဒီလောက် မဆိုးလှပါ။ ကြာလေ ဆိုးလေပါပဲ။ သူ့နောက်မှာ လက်နက်ကိုင်အင်အားရှိတာကိုး။ ရမ်းလို့ရတာပေါ့။

ဒီမိုကရေစီခေတ်နဲ့တော့ အရပ်သား (စစ်စစ်) အစိုးရနဲ့သာ လိုက်ဖက်တယ်လို့ ကျနော် ယုံကြည်ပါတယ်။

၆။ ပညာရှင်ခေါင်းဆောင်။
---------------------------
ဒါက ကျနော့်တစ်ဦးတည်းသောအမြင်ပါ။ ကျနော်က ပလေတိုးရဲ့အတွေးအခေါ်ကို တော်တော်စွဲခဲ့တယ်။

ပညာရှင့်လက်ထဲ အာဏာနှင်းအပ်ထားသင့်တယ် ထင်မိတယ်။
လူတွေက ဆင်ခြင်တုံတရားအားနည်းနေသေးတဲ့အခါ၊ အမှားအမှန်ဝေဖန်ပိုင်းဖြတ်နိုင်စွမ်းနည်းပါးပြီး ဖျားယောင်လို့လွယ်တဲ့အချိန်မျိုး။ အစွန်းရောက်စိတ်တွေ များနေတဲ့ အချိန်မျိုးမှာ ပညာရှင်ဘုရင်မကို တောင့်တမိပါတယ်။

၇။ ငဲ့စရာ မလိုသော ခေါင်းဆောင်။
-------------------------------------
ဒေါ်စုဟာ ဘယ်သူ့ကို မဆို သူ့ပါတီက ထုတ်လို့ရပါတယ်။ ငဲ့စရာမလိုပါ။

တခါတစ်လေမှာ ဒီလူကောင်းကို ကြိုက်ပေမယ့် အဲဒီလူက သူ့အဖွဲ့အစည်းကို ငဲ့နေရတာမျိုး၊ တိုင်းပြည်မျက်နှာထက် အဖွဲ့အစည်းမျက်နှာကိုကြည့်နေ
ရတာမျိုးကျတော့ အလုပ်မဖြစ်ပါ။

ပန်းလေးတစ်ပင်ပျိုးပါတယ်။ ပေါင်းမြက်တွေများနေရင် ဘယ်ရှင်တော့မလဲ။
ငခုံးမချည်း တစ်လှေလုံးဖြစ်နေမှတော့ ငါးပြေမပါလည်း အဲဒီလှေကို ဘယ်လို ရွေးမလဲ။

၈။ နောက်က ကြိုးကိုင်သူ မရှိတဲ့ ခေါင်းဆောင်။
--------------------------------------------------
ဒေါ်စုနောက်မှာ သံသယဖြစ်စရာ ဘယ်သူမှ မရှိပါ။

ဒေါ်စု ဒီနေရာရောက်အောင် ဘယ်သူကမှ ပေးထားတာ မဟုတ်ဘူး။ ဒေါ်စုက ဘယ်သူ့ဆီမှ အခစားဝင်နေစရာ မလိုဘူး။

ပြည်သူတွေ မလိုလားတဲ့ ဘယ်သူ့အရိပ်မှ ဒေါ်စုဆီမှာ မရှိပါ။

၉။ ဆွေစဉ်မျိုးဆက် အုပ်စုအစဉ်အဆက် တက်မှာ မဟုတ်တဲ့ခေါင်းဆောင်။
-------------------------------------------------------------------------
ဒေါ်စုက အသက်ကြီးနေပါပြီ။ သူ အုပ်ချုပ်နိုင်လှ တစ်ဆက်နှစ်ဆက်ပေါ့။ သူ မရှိရင် သူ့နောက်မှာ အဖွဲ့အစည်းကြီး မရှိဘူး။ ကျနော်က တိုင်းပြည်ကို အဖွဲ့အစည်းတစ်ခုလက် ကျရောက်နေတာမျိုးက လွတ်စေ့ချင်တယ်။ အာဏာကို တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းက ချုပ်ကိုင်နေရင် ဒီမိုကရေစီဘယ်
ဟုတ်တော့မလဲ။

ပန်းတိုင်းပွင့်ပါစေပေါ့ဗျာ။

ဒေါ်စုနောက်မှာ တက်ဖို့တန်းစီ စောင့်နေတဲ့ ဂျူနီယာတွေ အသင့်မရှိသလို၊ ရှေ့မှာလည်း ကုလားထိုင်ပေါ်ထိုင်သွားတဲ့ စီနီယာတွေ မရှိဘူး။

၁၀။ ဒေါ်စုဟာ နောက်ဆုံးစမ်းသပ်ချက်၊ နောက်ဆုံး မျှော်လင့်ချက် ဖြစ်တယ်။
----------------------------------------------------------------------
ဒီအတွက်တော့ အထူးရှင်းစရာ လိုမယ်မထင်ပါဘူးဗျာ။ တတိယအရွယ်ရောက်နေပြီဖြစ်တဲ့ ကမ္ဘာ့အဆင့် ခေါင်းဆောင်ကြီး ကျနော်တို့ရထားတယ်။ ဒီအချိန်မှာ တိုင်းပြည်ကလဲ ချွတ်ခြုံကျနေတယ်။ လှေပျက်ကြီးလိုပဲ။

ဒီလှေပျက်ကြီးကို သူ မောင်းပေးပါ့မယ် ပြောနေတယ်။ အိုကေ၊ တစ်ခေါက်လောင်တော့ သူ့ကို မစမ်းသပ်သင့်ဘူးလား။

ချောက်ထဲကျမှာစိုးလို့ ကယ်သူတွေက ကယ်ရင်းကယ်ရင်း နွံထဲလည်ပင်းတောင် မြုပ်နေပြီလေဗျာ။ ဒီ့ထက် ထူးစရာ ရှိတော့တာမှ မဟုတ်ပဲ။ သယံဇာတတွေ ဒီလောက်စုံပါလျက် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းလည်း ၀င်ခဲ့ပြီးပြီပဲ။

ကမ္ဘာကတောင် တလေးတစားနေရာပေးရတဲ့ လက်တစ်ဘက်ကို ကျနော်တို့ ယုံယုံကြည်ကြည် တွဲခိုကြည့်ကြပါစို့လား။

Credit To Thorn Nay Soe
Thank To Thorn Nay Soe

(မြန်မာနိုင်ငံသားတိုင်း သိသင့်သောနိုင်ငံရေးအကြောင်းအရာများ)

Post has attachment
goldenland myanmar mandalay.
Photo

Post has shared content
Beaitiful
San Diego...California...
Photo
Wait while more posts are being loaded