Profile cover photo
Profile photo
ko kyaw lwin
265 followers
265 followers
About
Posts

Post has attachment
 (MFTB) နဲ့ (MICB) ဘဏ်တွေမှာ (USD)တွေ အပ်ထားကြတဲ့ပြည်သူတွေ ကလဲမကြေနပ်ကြလို့ သူတို့အပ်ထားတဲ့ (USD) တွေကိုပြန်ထုတ်ချင်တယ်လို့ တောင်းဆိုလာကြရင်၊အစိုးရ လက်ထဲမှာ ပေးစရာ (USD လုံးဝ မကျန်ရှိ တော့ဘူး ဆိုတော့ပြဿနာက အကြီးအကျယ် တက်လာ တော့ မယ်။ အဲဒီလို ဆိုတော့ (MFTB) နဲ့(MICB) ဘဏ်တွေကို ဒေဝါလီ ခံပြစ်တာ၊ (Bankruptcy)   လုပ်ပြစ် လိုက်တာ က လွဲလို့ အစိုးရမှာ တစ်ခြားရွေးစရာနည်းလမ်း မရှိတော့ ပါဘူး။

Read more >>>
Add a comment...

Post has attachment
မြန်မာ ဟူသည် . . . . .
မြန်မာ လူမျိုးတွေဟာ မြန်မာ ဆိုတဲ့ အမည်နာမကို ဘယ်အချိန်က ခံယူခဲ့ပြီး ဘယ်သူတွေက အသိ အမှတ်ပြု ခေါ်ဝေါ်ခဲ့ကြပါသလဲ . . . ?

မြန်မာ ဆိုတဲ့ ဝေါဟာရဟာ မြန်မာ လူမျိုးတွေရဲ့ စရိုက်သဘာဝ ဝိသေသ လက္ခဏာကို ဖော်ပြတဲ့ဝေါဟာရ ဟုတ် မဟုတ် သိရှိဖို့ အဲဒီဝေါဟာရ ရဲ့ အရင်းအမြစ်နဲ့ ဘယ်အကြောင်းတွေကြောင့် မြန်မာ လူမျိုးဆိုပြီး ဖြစ်ပေါ်လာရတယ် ဆိုတာကို _

မြန်မာ ဆိုတဲ့ ဝေါဟာရကို အဦးအစ အစောဆုံး အမှတ်အသား အနေနဲ့ တွေ့ရှိရတာ ကတော့ သက္ကရာဇ် ၄၅၂ ပုဂံခေတ် ခရစ်နှစ် ( AD 1190 ) ပြည့်နှစ် အမတ်ကြီး သိင်္ဃသူ ရေးထိုးခဲ့တဲ့ ပုဂံမြို့တောင်ဂူနီ ကျောက်စာ မှာ စတင်တွေ့ရှိရတယ်လို့ သုတေသီ တို့က ဆိုပါတယ် ။

အဲဒီ ကျောက်စာမှာ မြန်မာ ဆိုတဲ့ ဝေါဟာရကို အထင်အရှား ရေးထိုး ထားတာကို အခုထိ ပုဂံမြို့ ယဉ်ကျေးမှု ပြတိုက် အတွင်းမှာ တွေ့နိုင်ပါတယ် ။

အဲဒီကျောက်စာ သက္ကရာဇ်ထက် နှစ် ၉၀ လောက် စောတဲ့ ကျန်စစ်သား မင်းကြီးရဲ့ နန်းတည် မွန်ကျောက်စာ ( AD 1102 ) မှာ မြန်မာ ကို "မိရမာ" လို့ ရေးထိုးထားလို့ ( AD 1342 ) မှာ ရေးထိုးခဲ့တဲ့မြန်မာကျောက်စာမှာ "မြံမာ" လို့ ရေးထိုးထားတာကို တွေ့ရပြီး နောက်ပိုင်း ကျောက်စာတွေနဲ့ မှင်စာတွေမှာတော့ မြံမာ ၊ မြန်မာ ( ဒါမှမဟုတ် ) မြမ္မာ လို့ ရေးထိုးလာကြတာကို တွေ့ရပါတယ် ။

မြန်မာ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ရှေး တရုတ် ရာဇဝင်မှတ်တမ်းတွေမှာ ရှေးအခါတုန်းက မြန်မာနိုင်ငံကို စောပိုး လို့ ခေါ်ဆိုကြကြောင်း ၊

တရုတ် ဟန်မင်းများ လက်ထက် ( BC 202 မှ AD 263 ) မှာ မြန်မာနိုင်ငံကို ဘန် လို့ ခေါ်ဆိုပြီး ၊
တရုတ်တန်မင်းများ လက်ထက် ( AD 618 - 907 ) မှာ မြန်မာနိုင်ငံကိုပိယော ( ပျူ ) လို့ ခေါ်ဆိုခဲ့ကြကြောင်း ၊
ဆွန်မင်းများ လက်ထက် ( AD 960 ) ခန့်မှာ မိယင် လို့ ခေါ်ဆိုခဲ့ကြကြောင်း ၊ အဲဒီ မင်းတွေ လက်ထက်က မိယင် ( ပျူ ) တွေဟာ တရုတ် တို့နဲ့ ဆက်ဆံ ကူးသန်း သွားလာမှုတွေ စတင် ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ် ။

Read more >>>
မြန်မာ ဟူသည်
မြန်မာ ဟူသည်
yinkhwinlam243.blogspot.com
Add a comment...

Post has attachment
နဂါးဒေါ်ဦး ဆိုတာ ဖဆပလခေတ် နဲ့ မဆလခေတ် အစောပိုင်းလောက်မှာ လျှမ်းလျှမ်းတောက် လုပ်ငန်းရှင် ၊ ကျိကျိတက် သူဌေး ။ အဆင်းရော အချင်းရော ရှိသူ ၊ ပြီးတော့ ဆရာမကြီး လူထုဒေါ်အမာရဲ့ အစ်မ အရင်း ။ နဂါးဆေးလိပ် နဲ့ ကြီးပွား ချမ်းသာခဲ့သူပါ ။


သူ့ အလှူတွေ ဗမာပြည်မှာ တော်တော်များတယ် ။ ပုပ္ပါး၊ စစ်ကိုင်းတောင်ရိုး တို့မှာ သူ့ကောင်းမှုတွေ မြင်ခဲ့ ဖူးပါတယ် ။ လူကိုယ်တိုင်တော့ မမြင်ဖူးဘူး ။ ဘယ်မြင်ဖူးမလဲ ၊ သူလို ကုဋေကြွယ် လုပ်ငန်းရှင် သူဌေးမကြီး အနား သာမန်တောသား ကပ်နှိုင်တာမှတ်လို့ ။

Read more >>> http://yinkhwinlam243.blogspot.com/2018/06/blog-post_14.html
Add a comment...

Post has attachment

လူတစ်ယောက် ဖြစ်လာပြီ ဆိုတာနဲ့ အရေးအကြီး ဆုံးနဲ့ အဓိက အကျဆုံး အရာဟာ စိတ်ချမ်းသာဖို့ စိတ်ပျော် ရွှင်ဖို့သာ ဖြစ်ပါတယ်။ ဒါကြောင့် ပျော်ရွှင်မှုကို ရရှိစေနိုင်မည့် နည်းလမ်းကောင်းများကို ရေးသား လိုက်ရ ပါ တယ်။

(၁) ကျန်းမာရေး ကောင်းအောင် ရေများများ သောက်ပါ။

(၂) မနက်စာကို ရှင်ဘုရင်လို စားပါ။ နေ့လယ်စာကို သူဌေးလို စားပြီး ညနေစာကို သူတောင်းစားလို စားပါ။

(၃) သဘဝအစား အစာများကို များများ စားပါ။ ထုတ်လုပ်စာ များကို လျော့စားပါ။

(၄) အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် တွေးတော ဆင်ခြင်ပါ။

(၅) တရားထိုင်ပါ။

(၆) အားကစားလုပ်ပါ။

Read more >>> http://yinkhwinlam243.blogspot.com/2013/12/blog-post_48.html

Add a comment...

Post has attachment
မိမိ ကိုးကွယ်သော ဗုဒ္ဓ ရုပ်ပွားတော် ထားရှိသည့် နေရာမှာ အနေကဇာ တင်၍ ရပါသည်။


ထို့ပြင် ရွှေထီးတော်၊ စိန်ဖူးတော်၊ မကိုဋ်တော်၊ စလွယ်တော် စသည်ကို အနေကဇာ တင်ခြင်း ကား မြတ်ဗုဒ္ဓ ၏ အသုံး အဆောင် ပရိဘောဂစေတီ ကို အနေကဇာ တင်ခြင်ြး ဖစ်၍ သင့်မြတ်ပါပေသည်။


အကျဉ်းချုပ် အာြး ဖင့် အနေကဇာ တင်ခြင်းသ ည် မြတ်ဗုဒ္ဓ၏ ကျေးဇူးတော်၊ တန်ခိုးတော်၊ ဂုဏ်တော်များကို ထပ်မံမွန်းတင်ပေးခြင်း ဖြစ်ပေသည်။ အနေကဇာ မတင်သော်လ ည်း မိမိ စိတ်က မြတ်ဗုဒ္ဓ သက်တော် ထင်ရှား ရှိသည်ကို အာရုံပြုပြီး ကိုးကွယ်ပူဇော် ဆည်းကပ် ၍ ရပါသည်။


အနေကဇာ တင်လျှင် လှူဒါန်းပူဇော်ခြင်း ကုသိုလ် တိုးသည်နှင့် ကုသိုလ် မတိုးခြင်းသာ ထူးပေမည်။

Read more >>> http://yinkhwinlam243.blogspot.com/2015/10/blog-post_16.html
Add a comment...

Post has attachment
စာ​ပေနယ်​မှာလည်း အဲဒီလို နိမိတ်​ပြ ဝတ္ထု ​တွေ ၊ ​ဆောင်းပါး​တွေ အများကြီး ရှိပါတယ်​ ။ ရုတ်​တစ်ရက်​ စဉ်းစား မရလို့ပါ ။ ​ခေါင်းထဲ​ပေါ်လာတာ​တော့ ဆရာ​ သော်​တာ​ဆွေရဲ့ ၇၅ ပဲ ။

သူ့ဟာသ ဝတ္ထု ​တွေမှာ ၇၅ ကို ခဏခဏ သုံးခဲ့ဖူးတယ်​ ။ ( ဒီလို မိန်းမမျိုး ရလို့က​တော့ ၇၅ ​ယောက်​ ယူတယ်​ ။ ဒါမျိုးများ ၇၅ ခါ ဖြစ်​လိုက်​စမ်း .. စသဖြင့်​ ) ။ သူကွယ်​လွန်​​တော့ ၇၆ နှစ်​ ... ။

တစ်ချို့ အမျိုးသမီးကြီး​တွေ ပုဝါ စုံချ တယ်​ ။ တစ်ချို့ စလွယ်​သိုင်းတယ်​ ။ အစဉ်​အလာ အတိုင်း ရိုးရာမပျ က်​ စုံချ တဲ့ အမျိုးသမီးကြီး​တွေ စုတ်​​ကော ၊ လာဘ်​​ကော ဝင်​တယ်​ ။
လိုရာပန်းတိုင်​ ​ရောက်​ကြတယ်​ ။

အစဉ်​အလာကို ​ဖောက်​ထွက်​တဲ့ ၊ စလွယ်​သိုင်းတဲ့ တစ်ချို့​ လေဒီကြီး​တွေ ထိပ်​ဆုံး မ​ရောက်​ပဲ ထိပ်​ဆုံးနား တစ်​​နေကြတယ်​ ။

Read more >>> http://yinkhwinlam243.blogspot.com/2018/06/blog-post.html
Add a comment...

Post has attachment
အဂတိကင်းဖို့က တိုက်ဖျက်နေရုံနဲ့ မရဘူး ။ စနစ်တွေပြင်ရတယ်ဆိုတာ နားလည်ဖို့လိုတယ်။e-Governance စနစ်တွေနဲ့ ပြည်သူကို ၀န်ဆောင် မှူပေးပြီး၊ ပြည်သူကိုမြန်ဆန်သက်တောင့် သက်သာ ရှိမှု တိကျတဲ့ အချက်အလက်တွေ ပေးထားရင် ဘယ်သူကမှ အဂတိ မလုပ်နိုင်ကြတော့ပါဘူး။

အာဆီယံနိုင်ငံတွေ ဒီစနစ်တွေ လုပ်နေကြပြီ။ မြန်မာ ကျန်ခဲ့ပြီ။ ဒါတွေမလုပ်ဘဲစိတ်ကူးတည့်ရာ အကောင် အထည်ဖော်နေကြတယ်။ တစ်ကယ်ပြောင်းရမည့် စနစ်တွေကိုမပြင်ဘဲ ငွေအရလွယ်ပြီး လူမြင်ကောင်း တာတွေ လိုက်လုပ်နေတယ်။

Read more >>> http://yinkhwinlam243.blogspot.my/2018/05/blog-post_27.html
Add a comment...

Post has attachment
ကြည့်တတ်ရင် တိုင်းပြည်ရဲ့ လားရာကိုမြင်နိုင်ပါတယ်။ တော်တော် ခက်ခက်ခဲခဲ နဲ့ ပြတ်ပြတ်သားသား၊ရဲရဲဝံ့ဝံ့၊ အချိန်ကိုက် လုပ်နိုင်မှ တော်ကာကျမယ်လို့ ထင်မြင်ယူဆမိပါကြောင်း ။

Read more >>> http://yinkhwinlam243.blogspot.my/2018/05/a_22.html
Add a comment...

Post has attachment
လက်ရှိ အရှေ့ခြမ်းမှာ ဝ အပါအဝင် တရုတ် မွေးထားတဲ့ သူပုန်မျိုးစုံ ရှိနေတာမှာ တရုတ်ထီးရိပ် အောက် ကနေ USA ထီးရိပ်အောက်ကို ပြောင်းခိုဘို့ KIA က လုပ်လာသလို၊ USA ကလည်း ခရစ်ယန်ဖြစ်တဲ့ KIA ကို မွေးစား ခိုင်းစားဘို့ ရွေးချယ်လိုက်တယ် ။
 
သူ့ အဆွယ်အပွားတွေဖြစ်တဲ့ AA,MNDAA,TNLA တွေ အပြင် ARSA တို့ကိုပါ ဆွဲစိ ပံ့ပိုးပြီး၊ China containment plan အတွက် Proxy war တွေ မပြတ် ဖန်တီးလာတော့မှာကို တရုတ်ကြီးက သဘောပေါက်တယ် ။

Read more >>>
Add a comment...

Post has attachment
မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့ ဒါလေးဆောင်ထား အကြမ်းအားဖြင့် တော့ မမှားနိုင်တော့ပါ ။

၁။ ကားကို ကြည့်မယ်ဆိုရင် အလင်းရောင် ကောင်းကောင်း ရရှိပြီး အရိပ် အောက် သက်တောင့်သက်သာ ကြည့်နိုင်သော နေရာဖြစ်ရမည်ဖြစ်ပြီး နေ့လည်ခင်း နေပူအောက်ကြည့်ရှုခြင်း ရှောင်ပါ။

အပူဒဏ် ပြင်းထန်လွန်းသဖြင့် ကားကြည့်ရှုသောအခါတွင် သက်တောင့်သက်သာ မဖြစ်လို့ စစ်ရမှာတွေ ကျန်ခဲ့တက်ပါတယ်။ အပူဒဏ်သက်သာအောင် ဆိုပြီး ညနေဘက်နဲ့ မိုးချူပ်ပိုင်းတော့ ကားကြည့်ဖို့ မလုပ်ကြပါနဲ့နော် သဘောပေါက်ပါ ရေထဲ ပိုက်ဆံ လွင့်ပြစ်လိုက်ရင်တောင် အသံမြည်ဦးမှာပါ။

၂။ ကားကိုတွေ့တာနဲ့ ကား ထိုင်ခုံခါးပတ်ကို ဆွဲထုတ်လိုက်ပါ ။ ခါးပါတ်ခေါင်းတွေမှာ ထုတ်တဲ့ ခုနှစ်တွေ အတိအကျ ရေးထားပါတယ် ဖြဲထား တာမျိုး ၊ ကတ်ကြေးနဲ့ ဖြတ်ထားတာမျိုး မဖြစ်ရပါဘူး ။  ကြည့်တာနဲ့ တွေ့ရပါ မယ်။ ကားပိုင်ရှင် ပါးစပ်က ဘယ်နှစ်ခုနှစ်ပါ လို့ အမြုတ် ထွက်အောင်ပြောနေ လဲ ကျွန်တော် တို့ မျက်စိရယ် ဦးနှောက်ရယ်နဲ့ဘဲ အလုပ် လုပ်ကြရမှာဖြစ်လို့ ကျန်တာတွေ ခဏ မေ့လိုက်ပါ။

၃။ ကားကို စက်နှိုးပါ ပြီးတာနဲ့ အဲကွန်း ဖွင့်လိုက်ပါ စက်သံသည် ဆူညံ ကျယ်လောင် တာမျိုးကို တော့ခွဲတတ်ပါစေ ပြီးလျှင် အဲကွန်းလေ အေး မအေး စစ်ပါ။

၎။ ကား အစီးတိုင်းမှာ Wheel Tax ပါပါတယ် ။ ပါတဲ့ Wheel Tax ဖရိန်နံပါတ်နဲ့ ကားမှာ တစ်ကယ်ပါ သော နံပါတ် တူညီမှု ရှိမရှိ အရင် စစ်ပါကားမှာ တပ်ထားသော ဖရိန် chassis နေရာသည်လည်း သန့်ရှင်း သပ်ရပ်နေရပါမည် ။ ဖြတ်ဆက် ဆိုလျှင် ကားဝယ်ပြီးတာနဲ့ ဆုံးသွားပါလိမ့်မည် ။ ကညန သိမ်းပါလိမ့်မည်။

၅။ ပြီးရင် ကားရှေ့ဘက်ပိုင်း ကားနောက်ဖက်ပိုင်း မီးခွက်နေရာတွေ စစ်ပါ ။ မီးလုံး အရောင်တူညီမှု ရှိမရှိ နေရာ အထိုင် မူလီတွေ မူလီရောင်ဘဲ ရှိရပါမည် ။ ကားဆေး ကူးနေခြင်း လုံးဝ မရှိစေရ မူလီက မူလီလိုဘဲ ညစ်ပတ်လို့ ရပေမယ့် ကားဘော်ဒီ ဆေးမကူးစေရ။

Read more >>>
Add a comment...
Wait while more posts are being loaded