Profile cover photo
Profile photo
iCJ DVB
385 followers
385 followers
About
iCJ DVB's posts

plz test Thaicom 5, frequency is 3640 Horizontal - symbol rate is 28066.  
It is on Cband - for big dish.

plz test Thaicom 5, frequency is 3640 Horizontal - symbol rate is 28066.  
It is on Cband - for big dish.

Post has attachment
ပူးတွဲပါ ပုံများဟာ ရေစကြိုမြို့ရဲ့ သက်တမ်း
၄၀နှစ်ကျော်ကြာပြီဖြစ်တဲ့ ချင်းတွင်းမြစ်ကမ်းပါးက ရေကာတာကြီးပါဘဲ။
၁၉၆၇-၆၈-၆၉ ခုနှစ်တွေလောက်က စတင်တည်ဆောက်ခဲ့ပြီး
ချင်းတွင်းမြစ်ရေတိုက်စားမှု အန္တရယ်က ကာကွယ်ပေးခဲ့တဲ့
မြို့ရဲ့ကျေးဇူးရှင်ရေကာတာကြိးပါ။ ပူးတွဲပါ စာမှာလည်း ရေးထားပါတယ်။
ယခုအခါ ယင်းရေကာတာ အောက်ခြေက ဖောင်ဒေးရှင်း တွေဟာ ရေစားတဲ့ဒဏ်နဲ့
ကွဲအက်၊လဲပြိုကျ၊ပြီး ရေကာတာမျက်နှာပြင်ကြီးလည်း မြင်ရတဲ့အတိုင်း
အက်ကြောင်းများထကာ ရေထဲပါသွားတော့မလိုဖြစ်နေပါပြီ။ /ရပ်ကွက်နေ လူထုရဲ့
ကိုယ်ထူကိုယ်ထ ထည့်ထားတဲ့ သဲအိတ်များကိုလည်း ပုံတစ်ပုံမှာမြင်တွေ့ရမှာပါ။
သို့သော်လည်း ဆင်ခံတွင်း နှမ်းပက်သလို သည်လို ကြီးမားတဲ့ ထုထည်မျိုးကို
အရပ်သားတွေလုပ်ပေးယုံနဲ့ မလုံလောက်နိုင်ပါ။ သက်ဆိုင်ရာ ဌါနက
ကျွမ်းကျင်ပညာရှင်များနဲ့ ငွေအား၊လူအားများစွာနဲ့ ဖိလုပ်နီုင်ပါမှ
ရမည်ထင်ပါသည်။သို့အတွက် ရေစကြိုမြို့ကိုရေထဲမကျမီအမြန်ကယ်တင်ပေးဖို့
တင်ပြပေးပါရန် ပန်ကြားအပ်ပါသည်။
ကမ်းနားနေပဲ ပွဲစားများနှင့် မြို့လူထု၊ ရေစကြို။
PhotoPhotoPhotoPhotoPhoto
May 28, 2012 (9 photos)
9 Photos - View album

Post has attachment
ပုသိမ်မြို့ လျှပ်စစ်မီးရရှိရေး လူထုဆန္ဒထုတ်ဖော်

ပုသိမ် ၂၅ မေ ၂၀၁၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ မေလ ၂၅ ရက်နေ့ည ၇ နာရီဝန်းကျင်လောက်မှာ လူထုက လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
မီးထွန်းညှိထားတဲ့ ဖယောင်းတိုင်တွေ ကိုင်ဆောင်ထားတဲ့ လူ ၂၀ ကျော်ခန့်ဟာ မြန်မာ့လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန တိုင်းရုံးရှေ့မှာ မိမိတို့ရဲ့ဆန္ဒကို ထုတ်ဖော် ပြသခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ က ရုံးရှေ့ ဘူတာရုံလမ်းကို သံဆူးကြိုးအရံအတားတွေနဲ့ ပိတ်ပစ်ခဲ့ပြီး အဲဒီသံဆူးကြိုးအကာအရံကြားမှာ ဆန္ဒပြသူတွေကို ၀င်ရောက်ဆန္ဒပြခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေက ၀င်ရောက်ဆန္ဒထုတ်ဖော်တဲ့အခါမှာ ဘယ်လိုအနှောင့်အယှက်မှ မပေးခဲ့ဘဲ ဓာတ်ပုံ၊ ဗီဒီယိုများသာ ရိုက်ကူးမှတ်တမ်းတင်ကြပါတယ်။ လျှပ်စစ်ရုံးရှေ့မှာ ၁၀ မိနစ်ခန့်ဆန္ဒထုတ်ဖော်
ခဲ့ပြီးနောက် ပြည်သူလူထုဟာ ရုံးရှေ့ကနေ ငြိမ်းချမ်း စည်းကမ်းရှိစွာနဲ့ ပုသိမ်မြို့ရဲ့ ကျက်သရေဆောင် ရွှေမုဋ္ဌောစေတီတော်ဘက် ချီတက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ကလည်း ဘာမှအနှောင့်အယှက်မပေးဘဲ
လိုက်ပါခဲ့ပြီး ဆန္ဒထုတ်ဖော်သူလူထုဟာ ဘုရားပေါ်မှာ ဖယောင်းတိုင်မီးများကို လှူဒါန်းပူဇော်ပြီး ဘုရားရှိခိုးကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။ ဘုရားတောင်ဘက်မုခ်ကနေ တက်ရောက်ကြပြီး ရဲများစောင့်ဆိုင်း
နေတဲ့ အနောက်ဘက်မုခ်က မဆင်းကြဘဲ တောင်ဘက်မုခ်ကနေပဲ ပြန်လည်ဆင်းခဲ့ကြပြီး ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြပါတယ်။ ပုသိမ်မြို့ခံတစ်ဦးကတော့ “ရဲတွေ၊ ယာဉ်ထိန်းရဲတွေဟာ ဧရာဝတီတိုင်း
ဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့အပါအ၀င် မြို့ရဲ့လမ်းဆုံလမ်းခွတွေမှာ စောင့်နေကြတယ်။ ဆန္ဒပြတဲ့သူတွေက တော်တော်ရယ်၊ ရဲတွေ အင်အားပြတာနဲ့ပဲ မြို့သူမြို့သားတွေက ဆန္ဒပြတာကို ပိုသိသွားကြတယ်။
ပိုပြီးတော့တောင် လှုပ်လှုပ်ရှားရှားဖြစ်သွားသေးတယ်။ တကယ်က မီးတွေပျက်တာ တစ်နိုင်ငံလုံး တကယ်ပျက်တာဗျာ။ ဒါကို လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိရမှာပေါ့”လို့ ပြောဆိုခဲ့ကြောင်းပါခင်ဗျား။
PhotoPhotoPhoto
May 28, 2012 (3 photos)
3 Photos - View album

Post has attachment
မြစ်ကြီးနား မြို့၊မြို့သစ်ကြီးရပ်ကွက်၊နောင်ခန်းရှမ်းရွာ ရှိ အသစ်ပြန်လည်ပြုလုပ်လိုက်သော လမ်းဘေး ၀ဲရာတွင် မြောင်းများတူးပေးရန် ရပ်ကွက်နေ ပြည်သူများအား
11.5.2012 ရက်နေ့စပြီး ၄င်းလမ်းစီမံကိန်းအဖွဲ့ မှအဓမ္မခိုင်းစေနေပါသည်။
PhotoPhotoPhotoPhoto
May 28, 2012 (4 photos)
4 Photos - View album

Post has attachment
ရန်ကုန်စာတိုက်ကြီး ကမ်းနားလမ်းမှာ
Photo
Photo
May 28, 2012 (2 photos)
2 Photos - View album

Post has attachment
ရေစကြိုမြို့နယ် ချောင်းဖျားကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီ၏ စာရင်းမရှင်း
PhotoPhotoPhotoPhotoPhoto
May 28, 2012 (8 photos)
8 Photos - View album

Post has attachment
ကယားပြည်နယ် ရုံးခန်းဖွင့်ပွဲ
PhotoPhotoPhotoPhotoPhoto
May 28, 2012 (15 photos)
15 Photos - View album

Post has attachment
ကယားပြည်နယ် ရုံးခန်းဖွင့်ပွဲ
PhotoPhotoPhotoPhotoPhoto
May 28, 2012 (20 photos)
20 Photos - View album

Post has attachment
ကယားပြည်နယ် ရုံးခန်းဖွင့်ပွဲ
PhotoPhotoPhotoPhotoPhoto
May 28, 2012 (20 photos)
20 Photos - View album
Wait while more posts are being loaded