Shared publicly  - 
 
အိမ်ထောင်ရှင်တွေဟာ မိမိတို့ အိမ်ထောင်ရေး အဆင်ပြေ ကျန်းမာပျော်ရွှင်စေဖို့ ၊ အိမ်ထောင်ရေး သုခ ပြည့် ၀ စေဖို့ အတွက် နည်းလမ်းကောင်းတွေ စဉ်းစားကြပါတယ်။ အချို့ကတော့ အိမ်ထောင်ရေး သုခ ပြည့် ၀စေတဲ့ ဆေးဝါးတွေ မှီဝဲ ကြပြီး အချို့ ကတော့ အရက်သေစာ နဲ့ မူးယစ်ဆေးဝါးတွေ မှီဝဲကြပါတယ်။

ဒါဟာ အိမ်ထောင်ရေး သုခ မပြည့်ဝပါဘူး။ ချစ်တင်းနှောချိန် တစ်ခုတည်း အတွက်ပဲ ကောင်းနိုင်ပါတယ်။ အိမ်ထောင်ရေး သုခ ဆိုတာ စိတ်ကျေနပ်မှု ရရှိစေသလို ကျန်းမာပျော်ရွှင်စေဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်ပြီး အိမ်ထောင်ရေး သုခ ပြည့်ဝစေနိုင်မယ့် သစ်သီး အချို့ကို စားသုံးဖို့ အကြံပေးလိုက် ပါရစေ။

၁။ ငှက်ပျောသီး
ငှက်ပျောသီးဟာ ကောင်းကျိုးများစွာ ရရှိစေတဲ့ အသီးတစ်မျိုးပါ။ ငှက်ပျောသီးဟာ ခွန်အားတွေ ကုန်ဆုံးရာမှာ ဖြေးညှင်းစွာ ကုန်ဆုံးစေပြီး Bromelain လို့ခေါ်တဲ့ enzyme တစ်မျိုး ပါဝင်တာကြောင့် လိင်ပိုင်း ဆိုင်ရာ ဟော် မုန်း တစ်မျိုး ကို ကြာရှည် တည်တံ့စေနိုင်ပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ စိတ် ဆန္ဒတွေကိုလည်း တိုးပွားစေပြီး လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေကို လည်း မြင့်မားစေပါတယ်။ နှလုံး ၊ အာရုံကြော တို့ကို ကောင်းမွန်စေမယ့် ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

၂။ သစ်ကြားသီး
သစ်ကြားသီးတွေဟာ အိုမီဂါ ၃ ဖက်တီ အက်ဆစ် တွေ ပါဝင်တာကြောင့် အသားများ နဲ့ ဟင်းသီးဟင်းရွက် များ ကဲ့သို့ပင် သွေးစီးဆင်းမှု အားကောင်းစေနိုင်ပါတယ်။ သစ်ကြားသီးတွေဟာ အခြား သစ်စေ့များထက် ပင် ၂ ဆ တိတိ အဆိပ် အတောက် ပြယ်စေနိုင်ပြီး သစ်ကြားသီး တွေဟာ သုတ်ပိုး အရေအတွက် တိုးပွားစေတဲ့ အပြင် လိင်ပိုင်း ဆိုင်ရာ အစိတ်အပိုင်း များကို သန်မာလာစေပါတယ်။

၃။ ရှောက်/သံပုရာ သီးများနဲ့ ဘယ်ရီသီးများ
ဗီတာမင် စီ ဟာ အရေးကြီးတဲ့ အဆိပ် အတောက်ပြေစေတဲ့ ဓါတ် တစ်မျိုးပါ။ လိမ္မော်သီး ၊ သံပုရာသီး ၊ ချယ် ရီသီး ၊ ဘယ်ရီသီး အစရှိတဲ့ အသီးတွေဟာ တေဇောဓါတ် နဲ့ သက်ဆိုင်သော (တစ်နည်း အားဖြင့် အောက် စီဂျင် နဲ့ သက်ဆိုင်သော) စိတ်ဖိစီးမှုတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်တဲ့ ဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ တေဇောဓါတ် နဲ့ သက်ဆိုင်သော စိတ်ဖိစီးမှုတွေဟာ သုတ်ပိုး ထိန်းချုပ်မှု အားကောင်းစေတဲ့ ဒီအန်အေ တွေကို ထိခိုက်မှု ဖြစ်စေနိုင်ပြီး သွေးကြောတွေ အတွက်လည်း အန္တရာယ်ရှိပါတယ်။

Read more >>>
Translate
အိမ်ထောင်ရှင်တွေဟာ မိမိတို့ အိမ်ထောင်ရေး အဆင်ပြေ ကျန်းမာပျော်ရွှင်စေဖို့ ၊ အိမ်ထောင်ရေး သုခ ပြည့် ၀ စေဖို့ အတွက် နည်းလမ်းကောင်းတွေ စဉ်းစားကြပါတယ်။ အချို့ကတော့ အိမ်ထောင်ရေး သုခ ပြည့် ၀စေတဲ့ ဆေးဝါးတွေ မှီဝဲ ကြပြီး အချို့ ကတော့ အ...
2
Add a comment...