Shared publicly  - 
 
ဂျက်ကီချန်း ၏ မိခင် သည် ဘိန်း ကုန်သည်၊ လောင်းကစားဒိုင် စသည့် အလုပ်များ လုပ်ကိုင်ခဲ့ ဖူးပြီး တရုတ်မြေအောက် ဒုစရိုက်လောက ၏ နာမည်ကြီး ဂိုဏ်းစတား တစ်ယောက်ဖြစ်ခဲ့သည်။

ဂျက်ကီ ချန်း ၏ ဖခင် သည် တရုတ်အမျိုးသား အစိုးရ၏ သူလျှို တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် မြေအောက် ဒုစရိုက်လောက၌ ဂိုဏ်းခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့သည်။ ဂျက်ကီ့ အမေ ဘိန်းမှောင်ခို ကူးခြင်း ကို ၄င်း ၏ အဖေ က ဖမ်းဆီးခဲ့သည့် အချိန်တွင် သူတို့ ၂ ဦး စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည် ။

ဂျက်ကီချန်း ၏ မိဘ များသည် တရုတ်ပြည်မကြီး မှ ဟောင်ကောင် သို့ ပြောင်းရွှေ့နေထိုင်ချိန် တွင် အလွန် ဆင်းရဲခဲ့သည်။ ထို့ကြောင့် ဟောင်ကောင် ၌ ဂျက်ကီချန်း အား မွေးသည့် အချိန်တွင် ဆေးရုံ စရိတ်ပေးရန် မတတ်နိုင်ခဲ့သောကြာင့် မွေးကင်းစ ဂျက်ကီ အား ချမ်းသာသော ဗြိတိသျှ ဆရာဝန် လင်မယားထံသို့ ရောင်းချ ခဲ့ပြီး ဆေးရုံ စရိတ်ကို ဖြေရှင်းခဲ့သည်။

Read more >>>
Translate
ဂျက်ကီချန်း (Jackie Chan) လို့ နာမည်ကြားလိုက်တာနဲ့ ကလေး၊ လူငယ်၊ လူကြီး အကုန် သိပြီးဖြစ်မှာပါ။ သိုင်း ပညာမှာ ထူးချွန် သလို စတန့်ပြကွက်များကို ဟာသနှောပြီး ရိုက်ကူးတတ်လို့ ကမ္ဘာ့ အအောင်မြင်ဆုံး အက်ရှင် မင်းသားတွေထဲမှာ ထိပ်ဆုံးမှာ...
1
Add a comment...