Shared publicly  - 
 
ဆန် ဆိုတာ စာရေးသူတို့ အာရှတိုက်သားတွေ အတွက်တော့ အဓိက အစား အစာ တစ်ခုပါ။ နေ့စဉ် မပါ မဖြစ် စားကြသလို အဆာပြေ မုန့်ပဲသရေစာတွေ မှာလဲ ဆန် ပါဝင်တာကိုကြည့်ရင် သိနိုင်ပါတယ်။

 ရွေးချယ်စရာ အစားအသောက် များတဲ့ ဒီနေ့ခေတ်ကြီးမှာတော့ ထမင်းအပြင် တစ်ခြား ရွေးချယ်စရာတွေ ရှိတယ် ဆိုပေမယ့် ထမင်း ကတော့ တွဲဖက် အနေနဲ့ စားနေကြဆဲပါ။ တစ်ချို့ဆို တစ်ခြား အစား အသောက်တွေ ဘယ်လောက်ပဲ စားထား ပါစေ ထမင်း စားလိုက်ရမှ ကျေနပ်တဲ့ သူတွေရှိပါတယ်။
 
ဆန်ပေါ်ပေါက်လောက်တဲ့ သမိုင်းကြောင်းဟာ နှစ်ပေါင်းထောင်ကျော် သက်တမ်း ရှိပြီလို့ မှတ်သား ရပါ တယ်။ လေ့လာချက်တွေ အရတော့ တရုတ်ပြည်မှာ ဆန် ကို ပထမဆုံး စိုက်ပျိုးခဲ့တာ နှစ်ပေါင်း ၆ ထောင်ကျော် သက်တမ်း ရှိနေပါပြီ။ 

မကြာသေးမီက လေ့လာချက် မှာတော့ ဆန်မျိုးစေ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ ထောင်ကျော် ကတည်းက တွေ့  ရှိခဲ့ကြတာပါတဲ့။ အာရှနိုင်ငံတွေ ကနေ တစ်ဆင့် နောက်ပိုင်းမှာ ဥရောပ၊ အီဂျစ်၊ အိန္ဒိယ၊ အမေရိက နဲ့ သြစတြေးလျနိုင်ငံတွေ အထိ ကမ္ဘာ တစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပါတယ်။
  
ဆန်မှာလည်း အမျိုးအစား အများကြီးရှိပါတယ်။ ဆန်လုံးရှည် က ပေါ့ပေါ့ပါးပါး နဲ့ အဆီ နည်းပါတယ်။ လူ သိ များတဲ့ စံပယ်အနံ့ ထိုင်းဆန် နဲ့ အိန္ဒိယ၊ ပါကစ္စတန် တို့မှာ စားတဲ့ ဘာ့စ်မာတီ ဆန်တွေက ဆန်လုံးရှည် မျိုးဝင်တွေပါ။ 

အနေတော် ဆန်စေ့ အမျိုးအစား ကတော့ ချက်လိုက်တဲ့ အခါ တစ်ခြား ဆန်တွေ ထက် အမြှုပ် ပိုထွက်ပြီး ဆူရှီ တို့လို ဂျပန် အစားအစာ လုပ်တဲ့နေရာမှာ အသုံး များပါတယ်။ ဆန်လုံးသေး အမျိုးအစား ကတော့ တခြား ဆန်တွေထက် ပိုစေးပြီး အီတလီ နဲ့ စပိန်ချက်ပြုတ်နည်းတွေမှာ ထည့်သုံးကြပါတယ်။

Read more >>>
Translate
ဆန် ဆိုတာ စာရေးသူတို့ အာရှတိုက်သားတွေ အတွက်တော့ အဓိက အစားအစာ တစ်ခုပါ။ နေ့စဉ် မပါ မဖြစ် စားကြသလို အဆာပြေ မုန့်ပဲသရေစာတွေမှာလဲ ဆန် ပါဝင်တာကိုကြည့်ရင် သိနိုင်ပါတယ်။ ရွေးချယ်စရာ အစားအသောက် များတဲ့ ဒီနေ့ခေတ်ကြီးမှာတော့ ထမင်းအပြင်...
5
Add a comment...