Profile

Cover photo
Ko Ko Kyaw
Worked at kualalumpur Malaysia
Attended Yangon University
411 followers|568,398 views
AboutPostsPhotosYouTube

Stream

Ko Ko Kyaw

Shared publicly  - 
 
အရှင်ဘုရား၊ အချို့သော လူ့ဘောင်မှ လူသားများမှာ သူတစ်ပါးထံမှ ချေးယူ ထားသော ပစ္စည်း (အထူးဖြင့် ငွေကြေး) ကို ပြန်မပေးဘဲ နေတတ်ကြပါသည်။ အဲဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက် နဲ့ လောလောဆယ် ကြုံနေ ရလို့ စိတ်မချမ်း မသာ ဖြစ်နေရပါသည် ဘုရား ။ အချင်းချင်း အကြွေးယူပြီး ပြန်မဆပ်သော ပုဂ္ဂိုလ်များသည် ယခု ဘဝ နောင် ဘဝတွင် မည်သို့သော အပြစ် ဖြစ်နိုင်သည်ကို ဟောကြားပေးတော်မူပါ ဘုရား။

လဲ့လဲ့ရီ (နယူးယောက်)
-----------------------

ကတိဟာ လူ အရည်အချင်း လူ့ တန်ဖိုးရဲ့ သော့ချက်ပဲ။ ကတိကြောင့် လူလေးစား ခံရသလို ကတိပျက်ရင် အရည် အချင်း ရှိလျက် အသိအမှတ် မပြုခံရဘဲ ရှိတတ်တယ်။ အချိန်၊ အကြွေး၊ အလုပ် - စသည်နဲ့ ပတ်သက် ပြီး ကတိ အရေးကြီးတယ် ..

စပ်တူ မလုပ်ဘူး

အရီဇိုးနားကို ရောက်ခါစမှာ ဗမာ တရုတ် တစ်ယောက်က သူတွဲနေတဲ့ မိတ်ဆွေရင်း ကို " ဒီကောင်နဲ့ စီးပွားရေး စပ်တူ လုပ်လို့ မရဘူး " လို့ အတော် ခပ်နှိမ်နှိမ် ပြောတာနဲ့ 'သူ့ကို မယုံကြည်ဘဲ ဘာကြောင့် အပေါင်း အသင်း လုပ်တာလဲ'လို့ ဘုန်းကြီးကလည်း မနေနိုင် ဝင်မေးမိတယ်။ ဒီတော့ သူက 'စီးပွားရေး အတူလုပ်ရင် ကတိတည်မှ' တဲ့။

သူ့ အပြောအရ သူ့ မိတ်ဆွေမှာ ကောင်းတာ အချို့ ရှိပေမယ့် အချိန်ကို မလေးစားဘူး။ တစ်နာရီ ချိန်းရင် သုံး နာရီမှ ရောက်လာတာ မျိုး အကြိမ်ကြိမ် ကြုံရသတဲ့။ ပြောလည်း မဖြုံဘူးတဲ့။ လိုရင်းကတော့ ကတိမတည် (သူ့ရည်းစားနဲ့သာ အဲဒီလို ဖြစ်ရင် ပြတ်ပြီးသား ဖြစ်နေမှာ)။ မင်းမှာ သစ္စာ လူမှာ ကတိဆို မဟုတ်လား။ အထူးသဖြင့် ဒီဘက်က လူတွေကို အဲဒီလို လုပ်လို့ မရဘူး။ အဲဒီ မိတ်ဆွေ ဆိုသူဟာ ဒီဘက်မှာ နေသူ ဖြစ်ရင် သိသလိုလိုနဲ့ မသိသေးတဲ့ လူမျိုးပါပဲ။

ကိုယ်ချင်းစာ

ရင်းနှီးလို့ ဆိုပြီး ဘာ စာရွက် စာတမ်းမျှ မရှိဘဲ ချေးယူသွားသူ အများစုဟာ ချေးလို့ ရပြီးတာနဲ့ မေ့မေ့ ပျောက်ပျောက် နေသွားလေ့ ရှိတာကို တွေ့ရတယ်။ (ဒီလို မဟုတ်တဲ့ လူ အနည်းစုလည်း ရှိနိုင်ပါတယ်)။ ပြောတုန်းက နှစ်လ အတွင်း။ ကူညီလိုစိတ်နဲ့ ချေးပေးလိုက်သူ ကတော့ ယူသွားသူ ပြောတဲ့ နှစ်လ ကို သတိတရ နဲ့ မျှော်နေတာပဲ။ ကိုယ့်ပစ္စည်းပဲလေ။ လူတိုင်း ဒီလိုပဲနေမှာ။

ဒါပေမယ့် တစ်ချို့ နှစ်နှစ် မကလည်း ဖြစ်သွားနိုင်ပြီး အချို့ဆို ရာသက်ပန် မပေါ် လာ ဖြစ်သွားတတ်တယ်။ သူတို့ အနည်းငယ် အဆင်ပြေသွားတဲ့ အချိန် 'အဆင် မပြေတုန်းက ငါတို့ကို ဘယ်သူမှ အရေးမလုပ်ဘူး' ဆိုတာမျိုးတောင် ပြောတတ်သေးတယ်။ ဒါကြောင့် ပိုက်ဆံ ချေးပေးမယ်ကြံရင် လူ အချို့ဟာ အသွင် သဏ္ဌာန် သားနားတိုင်း အတွင်းစိတ် မသားနားဘူး ဆိုတာကို အခုရ ရှိတဲ့ အတွေ့အကြုံနဲ့ ဘဝတစ်လျှောက် ကိုယ့်ကိုယ် ကို သင်္ခန်းစာ ယူပေါ့။ အဲဒါ ကိုယ့် အတွက် အမြတ် လို့ပဲ နှလုံးသွင်းလိုက်ပါ။

သနားတတ်တာ၊ အားနာတာ၊ ယုံလွယ်တာ အရင်းခံ နဲ့ ဘုန်းကြီးတောင် အမေရိက ကို ရောက်ပြီးမှ ဇာတ်တူ သား စားမိလို့ 'နိဗ္ဗာနဿ ပစ္စယော ဟောတု' လုပ် လိုက်ရတာ လေးကြိမ် ကြုံဖူးတယ်။ ဘုန်းကြီးသာ မကပါဘူး။ ဘုန်းကြီး အတော် များများ ဟို .. ဗမာပြည်မှာ မုဒိမ်းကျင့် ခံရတဲ့ မိန်းကလေး အချို့ ရှက်လို့ မိဘဆွေမျိုးတွေကို ဖွင့်မပြောရဲ သလို ကျိတ်ခံနေလိုက်ရတဲ့ ဖြစ်ရပ်တွေ ကြားဖူးပါတယ်။ အဲဒီ အတွေ့အကြုံနဲ့ ကြွေးပြန် မရသူတွေကို ကိုယ်ချင်း စာပါတယ်။

Read more >>>
 ·  Translate
အရှင်ဘုရား၊ အချို့သော လူ့ဘောင်မှ လူသားများမှာ သူတစ်ပါးထံမှ ချေးယူ ထားသော ပစ္စည်း (အထူးဖြင့် ငွေကြေး) ကို ပြန်မပေးဘဲ နေတတ်ကြပါသည်။ အဲဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက် နဲ့ လောလောဆယ် ကြုံနေ ရလို့ စိတ်မချမ်း မသာ ဖြစ်နေရပါသည် ဘုရား ။ အချ...
7
Add a comment...

Ko Ko Kyaw

Shared publicly  - 
 
၁. ပထမဆုံး လမ်းကြောင်း
*************************
ဒီ လမ်းကြောင်းလေးကတော့ ကျန်းမာရေး လမ်းကြောင်းလေးဖြစ်ပါတယ်။ အရေးအပါဆုံး လမ်းကြောင်း တစ်ခု လည်းဖြစ်ပါတယ်။ လက်ဖဝါးပြင် ရဲ့ အနီးစပ်ဆုံး လမ်းကြောင်းတစ်ခုပါ။ ဒီလမ်းကြောင်းလေးမှာရှင်းလင်းပြီး နက်နက် နဲနဲ ပေါ်ထင်နေတယ် ပြတ်ကြောင်း၊ ချိန်းကြိုးဆက်များ မပါဝင်ရင်တော့ ကျန်းမာရေးအလွန်ကောင်းမွန်မယ်လို့ ဖော်ပြနေတယ်။

လမ်းကြောင်းလေးမှာ ပြတ်ရာများ ပါဝင်နေရင်တော့ မိန်းမ ဆိုရင် မီးယပ် ရောဂါများဖြစ်ပွားနိုင်ပြီး၊ ယောက်ျားလေး ဆိုရင် ဆီး၊ ဟော်မုန်း၊ ဆီးကျိတ်၊ ဒါမှမဟုတ် မျိုးပွားမှု့ မှာ ပြဿ နာများဖြစ်ပွားနိုင်ပါတယ်။

၂. ဒုတိယ လမ်းကြောင်း
***********************
ဒီ လမ်းကြောင်းလေးက ဥစ္စာ ဓန လမ်းကြောင်းလေးဖြစ်ပါတယ် ။ ဒီ လမ်းကြောင်းလေး မှာ သင့် ရဲ့ ချမ်းသာခြင်း၊ အဆင်ပြေ သာယာဝပြောခြင်း၊ ပျော်ရွင်မှု့တွေကို ပြောပြနေပါတယ်။ ဒီ လမ်းကြောင်းလေး မှာ ကွင်းဆက်များ မပါပဲ တစ်ဖြောင့်ထည်းဖြစ်နေမယ် ဆိုရင် အခွင့် အလမ်းများပေါ်များပြီး အနာဂတ် အတွက်ကောင်းမွန်လှပါတယ်။

အက်ကြောင်းများ၊ ကွင်းဆက်များ ပါဝင်နေရင်တော့ဘဏ္ဍာရေး အခြေအနေ ခက်ခဲနိုင်တယ်လို့ ပြောပြနေပါတယ်။ ပထမမျဥ်း နဲ့ ကျိုးပဲ့နေခြင်း မဟုတ်ပဲ ကွဲပြား သီးခြားစွာ တည်ရှိနေရင်တော့ အနာဂတ်မှာ အောင်မြင်ကျော်ကြားနိုင်တယ်လို့ ဆိုလိုပါတယ်။

၃. တတိယ လမ်းကြောင်း
*************************
ဒီ လမ်းကြောင်းလေးက အောင်မြင်မှု့ လမ်းကြောင်းလေးဖြစ်ပါတယ်။ လူအများစု မှာ အနည်းဆုံးနှစ်ဦးတော့ တတိယ လမ်းကြောင်းလေး ပါရှိကြပါတယ်။ တတိယ လမ်းကြောင်းလေး သင့်မှာ ရှိရင်တော့ အောင်မြင် မှု့ ကျော်ကြားမှု့တွေနဲ့ အတူ သြဇာ လွမ်းမိုးမှု့ကြီးများတယ်လို့ပြောပြနေပါတယ်။ သင်က လူတစ်ကာ ရဲ့ အောက့်မေ့ဖွယ် လူတစ်ဦး ဖြစ်စေနိုင်ပါတယ်။

Read more >>>
 ·  Translate
၁. ပထဆုံး လိုင်းကြောင်း ******************** ဒီ လမ်းကြောင်းလေးကတော့ ကျန်းမာရေး လမ်းကြောင်းလေးဖြစ်ပါတယ်။ အရေးအပါဆုံး လမ်းကြောင်း တစ်ခု လည်းဖြစ်ပါတယ်။ လက်ဖဝါးပြင် ရဲ့ အနီးစပ်ဆုံး လမ်းကြောင်းတစ်ခုပါ။ ဒီလမ်းကြောင်းလေးမှာ ရှင်းလင်...
3
Ko Ko Kyaw's profile photoHtun Aung's profile photo
3 comments
 
😃👍👍
Add a comment...

Ko Ko Kyaw

Shared publicly  - 
 
Rod Stewart - What A Wonderful World
1
Add a comment...

Ko Ko Kyaw

Shared publicly  - 
 
Eric Clapton - Wonderful Tonight (Official Live Video)
1
Add a comment...

Ko Ko Kyaw

Shared publicly  - 
 
သားအတွက် ရည်ရွယ် ၍ မိဘမေတ္တာ ကို ပုံဖော်ထား သည့် သီချင်းတစ်ပုဒ် ရေးသားနေ ကြောင်း တစ် ကိုယ်တော် အခွေ သစ် စီစဉ်နေသည့် ဝေလ က ပြောသည်။

‘‘အဓိက ကတော့ သားလေး အတွက် မိဘမေတ္တာ ပုံစံလေးရေး နေပါတယ်။ အခွေသစ်မှာ ပါ၊ မပါတော့ တရားသေပြောလို့ မရ ဘူး’’ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ငါးခွေ မြောက် တစ်ကိုယ်တော်အခွေ အ တွက် သီချင်းများ သွင်းနေသကဲ့ သို့ အဓိပတိဖွား အမ်တီဗီ လည်း ရိုက်ကူးနေကြောင်း ၎င်းက ပြော သည်။

‘‘ဒီ အခွေကိုလည်း ဒါရိုက် တာတွေ တော်တော် များများ ကို အပ်ထားတယ်။ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားထားပါ တယ်။ တစ်ဝက်လောက်တော့ ပြီးနေပါပြီ’’ဟု ပြီးခဲ့သည့်နှစ်က ထွက်ရှိ ထားသည့် ၎င်း ၏ တစ်ကိုယ်တော် စီးရီး ‘အဓိပတိဖွား’ ဒီဗီဒီ ရိုက်ကူးရေးနှင့် ပတ်သက်၍ ၎င်းက ပြောသည်။

ထို့အပြင် ယခုနှစ် အတွင်း၌ ပထမဆုံး တစ်ကိုယ်တော် ဖျော် ဖြေပွဲကိုလည်း ပြုလုပ်ရန် အစီ အစဉ်ရှိပြီး ရက်ကို မူ မသတ်မှတ်ရသေးကြောင်း ၎င်းက ဆိုသည်။

Read more >>>
 ·  Translate
သားအတွက် ရည်ရွယ် ၍ မိဘမေတ္တာ ကို ပုံဖော်ထား သည့် သီချင်းတစ်ပုဒ် ရေးသားနေ ကြောင်း တစ် ကိုယ်တော် အခွေ သစ် စီစဉ်နေသည့် ဝေလ က ပြောသည်။ ‘‘အဓိက ကတော့ သားလေး အတွက် မိဘမေတ္တာ ပုံစံလေးရေး နေပါတယ်။ အခွေသစ်မှာ ပါ၊ မပါတော့ တရားသေပြောလို့ ...
1
Add a comment...

Ko Ko Kyaw

Shared publicly  - 
 
ဆန် ဆိုတာ စာရေးသူတို့ အာရှတိုက်သားတွေ အတွက်တော့ အဓိက အစား အစာ တစ်ခုပါ။ နေ့စဉ် မပါ မဖြစ် စားကြသလို အဆာပြေ မုန့်ပဲသရေစာတွေ မှာလဲ ဆန် ပါဝင်တာကိုကြည့်ရင် သိနိုင်ပါတယ်။

 ရွေးချယ်စရာ အစားအသောက် များတဲ့ ဒီနေ့ခေတ်ကြီးမှာတော့ ထမင်းအပြင် တစ်ခြား ရွေးချယ်စရာတွေ ရှိတယ် ဆိုပေမယ့် ထမင်း ကတော့ တွဲဖက် အနေနဲ့ စားနေကြဆဲပါ။ တစ်ချို့ဆို တစ်ခြား အစား အသောက်တွေ ဘယ်လောက်ပဲ စားထား ပါစေ ထမင်း စားလိုက်ရမှ ကျေနပ်တဲ့ သူတွေရှိပါတယ်။
 
ဆန်ပေါ်ပေါက်လောက်တဲ့ သမိုင်းကြောင်းဟာ နှစ်ပေါင်းထောင်ကျော် သက်တမ်း ရှိပြီလို့ မှတ်သား ရပါ တယ်။ လေ့လာချက်တွေ အရတော့ တရုတ်ပြည်မှာ ဆန် ကို ပထမဆုံး စိုက်ပျိုးခဲ့တာ နှစ်ပေါင်း ၆ ထောင်ကျော် သက်တမ်း ရှိနေပါပြီ။ 

မကြာသေးမီက လေ့လာချက် မှာတော့ ဆန်မျိုးစေ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ ထောင်ကျော် ကတည်းက တွေ့  ရှိခဲ့ကြတာပါတဲ့။ အာရှနိုင်ငံတွေ ကနေ တစ်ဆင့် နောက်ပိုင်းမှာ ဥရောပ၊ အီဂျစ်၊ အိန္ဒိယ၊ အမေရိက နဲ့ သြစတြေးလျနိုင်ငံတွေ အထိ ကမ္ဘာ တစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပါတယ်။
  
ဆန်မှာလည်း အမျိုးအစား အများကြီးရှိပါတယ်။ ဆန်လုံးရှည် က ပေါ့ပေါ့ပါးပါး နဲ့ အဆီ နည်းပါတယ်။ လူ သိ များတဲ့ စံပယ်အနံ့ ထိုင်းဆန် နဲ့ အိန္ဒိယ၊ ပါကစ္စတန် တို့မှာ စားတဲ့ ဘာ့စ်မာတီ ဆန်တွေက ဆန်လုံးရှည် မျိုးဝင်တွေပါ။ 

အနေတော် ဆန်စေ့ အမျိုးအစား ကတော့ ချက်လိုက်တဲ့ အခါ တစ်ခြား ဆန်တွေ ထက် အမြှုပ် ပိုထွက်ပြီး ဆူရှီ တို့လို ဂျပန် အစားအစာ လုပ်တဲ့နေရာမှာ အသုံး များပါတယ်။ ဆန်လုံးသေး အမျိုးအစား ကတော့ တခြား ဆန်တွေထက် ပိုစေးပြီး အီတလီ နဲ့ စပိန်ချက်ပြုတ်နည်းတွေမှာ ထည့်သုံးကြပါတယ်။

Read more >>>
 ·  Translate
ဆန် ဆိုတာ စာရေးသူတို့ အာရှတိုက်သားတွေ အတွက်တော့ အဓိက အစားအစာ တစ်ခုပါ။ နေ့စဉ် မပါ မဖြစ် စားကြသလို အဆာပြေ မုန့်ပဲသရေစာတွေမှာလဲ ဆန် ပါဝင်တာကိုကြည့်ရင် သိနိုင်ပါတယ်။ ရွေးချယ်စရာ အစားအသောက် များတဲ့ ဒီနေ့ခေတ်ကြီးမှာတော့ ထမင်းအပြင်...
5
Add a comment...

Ko Ko Kyaw

Shared publicly  - 
 
The Eagles . Hotel Califonia . Fingerstyle Guitar ... Ko Kyaw Gyi {Cover}
1
Add a comment...

Ko Ko Kyaw

Shared publicly  - 
 
FOREVER YOUNG - Rod Stewart and daughter Ruby DUET
1
Add a comment...

Ko Ko Kyaw

Shared publicly  - 
1
Add a comment...

Ko Ko Kyaw

Shared publicly  - 
 
Rod Stewart - Have You Ever Seen The Rain
1
Add a comment...

Ko Ko Kyaw

Shared publicly  - 
 
The Eagles . Hotel Califonia . Fingerstyle Guitar
1
Add a comment...

Ko Ko Kyaw

Shared publicly  - 
 
အာဖရိကအောက်လမ်း ဗူးဒူး (Voodoo) ပညာရပ်နှင့် အရှေ့တိုင်း ရုပ်သွင်း နာမ်ထား ပညာရပ်များကို လူတိုင်း ၏ ကောင်းကျိုး အတွက် အသုံးပြုနိုင်ရန်နှင့် အန္တရာယ် ကာကွယ်နိုင်ရန် အတွက် သင် တန်း ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း Wizardry School of Myanmar မှော်ကျောင်းတော် (မြန် မာပြည်) မှ ဆရာလင်းညှို့တာရာ က News Watch သို့ ပြောသည်။

အရုပ် အပ်စိုက်ခြင်း ဗူးဒူး ပညာရပ်သည် အများအားဖြင့် အောက်လမ်း ပညာဟု အယူ စွဲနေခြင်းကြောင့် ဂမ္ဘီရ မှော်ပညာ အမှန်တစ်ကယ် ရှိကြောင်းနှင့် အရုပ် အပ်စိုက်ခြင်းနှင့် ဗူးဒူး ဆိုင်ရာ အခြား ပညာ များသည် ကောင်းသည့် ဘက်တွင် အသုံးပြုနိုင်ကြောင်းနှင့် အဆိုပါ ပညာများကို လက်ဆင့် က မ်း သဘောဖြင့် သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

” လူ အများစုက ဗူးဒူး လို့ခေါ်တဲ့ ပညာရပ်ကိုအောက်လမ်း ပညာ လို့ အယူ စွဲနေတယ်။ ဒါက ပညာ ရပ် တစ်ခုပါ။ ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်နိုင်ပါတယ်။ သင်တန်း မှာတော့ မကောင်းတဲ့နည်းလမ်းကို သင်ပြတယ်။ သူ့ရဲ့ ဆိုးကျိုးတွေပါ ရှင်းပြတယ်။ လက်ရှိမှာ သင်ပေးနေတာ ကတော့ အာဖရိက မျိုးနွယ်စု ရဲ့ ဗူးဒူး ပညာရပ် နဲ့ အခြား ပညာရပ်တွေကို သင်ကြားပေးနေတယ်” ဟု ဆရာလင်းညှို့တာရာ က ပြောသည်။

ဗူးဒူး ပညာရပ် သည် မမြင်ရသည့် ၀ိညာဉ် များဖြင့် စီမံ လုပ်ကိုင် ရခြင်းဖြစ်သောကြောင့် စီမံမှု လုပ်ချိန် တွင် သက် သတ်လွတ်သာ စားသုံးရန် သင့်ပြီး အဆိုပါ ပညာဖြင့် သူတပါး ထိခိုက်နာကျင်မှု ကို နုတ် ယူနိုင်စွမ်း ရှိသော စီရင်ထုံး ပညာရပ် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြော ကြားခဲ့သည်။

”သင်တန်း ကို မှတ်ပုံတင်တော့ မတင်ရသေးဘူး။ အသေးစားဖြစ်နေလို့။ နောက်ပိုင်းမှာတော့ ဆောင်ရွက် သွားမှာပါ။ လုပ်တာကြာပါပြီ။ လာရောက် ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း နဲ့ အခြားပြဿ နာတွေ မကြုံတွေ့သေးဘူး။ အုပ်ချုပ်ရေးမှူးး လည်း သိတယ်”ဟု ၎င်း က သင်တန်းဖွင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

Read more >>>
 ·  Translate
အာဖရိကအောက်လမ်း ဗူးဒူး (Voodoo) ပညာရပ်နှင့် အရှေ့တိုင်း ရုပ်သွင်း နာမ်ထား ပညာရပ်များကို လူတိုင်း ၏ ကောင်းကျိုး အတွက် အသုံးပြုနိုင်ရန်နှင့် အန္တရာယ် ကာကွယ်နိုင်ရန် အတွက် သင် တန်း ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း Wizardry Sch...
1
Add a comment...
Work
Employment
  • kualalumpur Malaysia
Basic Information
Gender
Male
Education
  • Yangon University
Links
YouTube