Profile cover photo
Profile photo
Best Trip Myanmar
167 followers -
Trips to Myanmar, Trip to Bagan, Travel to Myanmar, Travel to Bagan, City Guide, Bagan City Guide, Hotels, Hotels in Myanmar, Restaurants, Restaurants in Myanmar, Pagodas, Temples, Myanmar Monastery, Myanmar Foods, Foods in Myanmar
Trips to Myanmar, Trip to Bagan, Travel to Myanmar, Travel to Bagan, City Guide, Bagan City Guide, Hotels, Hotels in Myanmar, Restaurants, Restaurants in Myanmar, Pagodas, Temples, Myanmar Monastery, Myanmar Foods, Foods in Myanmar
167 followers
About
Posts
Post has attachment
မြိတ်ကျွန်းစု ပင်လယ်ပြင်အတွင်း 🐠 Snorkeling 🐠 လုပ်ကြမယ်
သဘာဝအလှအပတွေနဲ့ ပြည့်နှက်နေသည့် မြိတ်ကျွန်းစု တွေဆီကို ယခုနှစ်အတွင်း ခရီးသွားအများအပြား သွားရောက်လည်ပတ်လျက်ရှိပါတယ်။ မြိတ်ကျွန်းစု ကို ရောက်ပြီဆိုတာနဲ့ ရေအောက်ကမ္ဘာကြီးရဲ့ အလှအပများကို ခံစားဖို့ Snorkeling လုပ်ကြမှာ မလွဲပါပဲ။ Snorkeling လုပ်မယ့် ခရီးသွားမိတ်ဆွေများအတွက် . . .
* * * * * * *
Local Expert - ကိုလွှမ်းမိုး (Tourism Kawthaung) ၏ ဆောင်းပါး "ပင်လယ်ပြင်အတွင်း ခရီးထွက်ပြီး Snorkeling ပြုလုပ်ခြင်း information " များကို မျှဝေပေးလိုက်ပါတယ်။
* * * * * *
(ကျေးဇူးတင်စွာဖြင့်)
* * * * * * * * * * * * * * * * * * *
Best Trip ခရီးသွား လမ်းညွှန် App ကို https://goo.gl/J7mc6f မှာ
Download ရယူနိုင်ပါတယ်။
* * * * * * * * * * * * * * * * * * * *
မြိတ်ကျွန်းစုရဲ့ အဓိကစွဲဆောင်တဲ့ ခရီးသွားလုပ်ငန်းက Marine Tourism ဖြစ်ပါတယ်။ fb ကနေမြေးမန်း ကြတဲ့မိတ်ဆွေတွေအတွက် ပင်လယ်ပြင်အတွင်း ခရီးထွက်ပြီး Snorkeling ပြုလုပ်ခြင်းရဲ့
information ကိုဖေါ်ပြလိုပါတယ်။ snorkel ကိုရေအောက်အသက်ရှုပိုက်ဖြင့် ရေကူးသည် လို့ အဓိပ္ပာယ်ရပေမဲ့ snorkeling ပြုလုပ်ခြင်းကို ရေတိမ်ပိုင်းရေအောက်အလှကြည့်ရှုခြင်းလို့ အဓိပ္ပာယ်ယူမယ်ဆိုရင်ပိုပြီး သင့်တော်မယ်ထင်ပါတယ်။ snorkeling ပြုလုပ်ဖို့အတွက် ေအောက်အသက်ရှုပိုက်တစ်စုံ(snorkeling mask)လိုအပ်ပါတယ်။ရေမကူးတတ်သူများအတွက် life jacket တစ်စုံလိုအ
ပ်ပါလိမ့်မယ်။
မြိတ်ကျွန်းစု အတွင်းမှာရှိတဲ့ ကျွန်းအများစု ဘေးရေတိမ်ပိုင်း (4m မှ 6m ခန့်အတွင်း) ရေအနက်မှာ snorkeling ပြုလုပ်ဖို့ ရှုခင်းတွေ ဖြစ်တဲ့ ရေအောက်သန္တာကျောက်တန်းမျိုးစုံနဲ့ ရောင်စုံငါးမျိုးစုံ တို့ကို
တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ မြိတ်ကျွန်းစုက ပင်လယ်ရေဟာ ရာသီဥတု ကြမ်းတမ်းတဲ့အချိန်ကလွဲပြီး ရေအောက်ကြမ်းပြင်ကို ၁၅ပေ အထိ သာမန်မျက်လုံး မြင်နိုင်လောက်အောင်ကြည်လင်ပါတယ်။
Snorkeling mask ကို အသုံးပြုမယ်ဆိုရင် ရေအောက်က သန္တာကျောက်တန်းနဲ့ ငါးမျိုးစုံကို ကြည်လင်ပြတ်သားစွာမြင်နိုင်ပါတယ်။ကျွန်တော်အတွေ့အကြုံအရ snorkeling ပြုလုပ်နိုင်တဲ့ကျွန်းတိုင်းရဲ့ ပတ်ဝန်းကျင်က snorkeling site တွေမှာ မျိုးကွဲ သန္တာကျောက်တန်း ၂၀ မျိုးကျော်ခန့်နဲ့ ငါးမျိုးစုံ ၂၀ မျိုးကျော်ခန့် တွေ့ရှိရလေ့ရှိပါတယ်။
ကျွန်းတိုင်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သန္တာကျောက်တန်း မျိုးအစားများလဲ မတူညီတတ်ကြပါဘူး။ ြမိတ်ကျွန်းစု ရဲ့ တောင်ဘက်အခြမ်းမှ သန္တာကျောက်တန်းအရောင်များဟာ အစိမ်းရောင်ဆန်တ တ်ပြီ ေမြာက်ဘက်ခြမ်းရောက်လေ ခရမ်းရောင်ဆန်လေ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်ရဲ့လေ့လာသူများရဲ့အဆိုအရ မြိတ်ကျွန်းစုမှာ သန္တာကျောက်အမျိုးအစားပေါင်း ၅၀၀ ကျော်ရှိတယ်လို့ မှတ်သားဖူးပါတယ်။ Snorkeling ပြုလုပ်တဲ့ အချိန် ရေအောက်သန္တာကျောက်များကိုကြည့်ရှုရင်း ငါးမျိုးစုံကြားမှာ ရေကူးရတဲ့ခံစားချက်ကို ရယူဖို့ snorkeling ပြုလုပ်ကြခြင်းဖြစ်ပါတယ်။
ပို့စ်မှာတင်ထားတဲ့ ရေအောက်အလှအပပုံတွေဟာ snorkeling ပြုလုပ်ရာမှာ အနီးကပ်မြင်တွေ့နိုင်တဲ့ ရှုခင်းများဖြစ်ပါတယ်။ ၂ ပုံမြောက် ငါးပုံဟာ မြန်မာအခေါ် ရေနတ်သမီးလို့ခေါ်တဲ့ lion fish ဖြစ်ပြီးရှားပါး
ငါးမျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။
snorkeling ပြုလုပ်ချိန်မှာ ရေအောက်မှာ ဘာကိုမှ ကိုယ့်အသားနဲ့ မထိခိုက်အောင်၊ ထိမယ်ဆိုရင်လဲ အနဲဆုံး ခန္ဒာကိုယ်အစိတ်အပိုင်းနဲ့ဘဲ ထိအောင်ဂရုပြုဖို့ လိုအပ်ပါတယ်။
သန္တာကျောက်တန်းဟာ ေရအောက်သက်ရှိ ဖြစ်တဲ့အတွက် လူ့အသားနဲ့ထိမိရင်အပူချိန်ကြောင့် သန္တာ ကျောက်တန်း သေဆုံးနိုင်ပါတယ်။ သန္တာကျောက်တန်း လက်သီးဆုတ်ခန့်အရွယ်အစား ဖြစ်ဖို့အတွက် အချိန်၆နှစ်ခန့် စောင့်ရပါတယ်။ မြိတ်ကျွန်းစု အချို့နေရာက သန္တာကျောက်တန်းများဟာ ၁၀ ပေပတ်လည်ခန့် အရွယ်ရှိတတ်ပါတယ်။ fb မိတ်ဆွေများ snorkeling information များသိရှိနိုင်ပါစေ။
(ကျေးဇူးတင်စွာဖြင့်)
‪#‎BestTrip‬ ‪#‎1stTravelGuideApp‬ of ‪#‎Myanmar‬ ‪#‎MerguiArchipelago‬ ‪#‎Myeik‬ ‪#‎KawThaung‬ ‪#‎Snorkeling‬
PhotoPhotoPhotoPhotoPhoto
5/17/16
10 Photos - View album
Add a comment...
Post has attachment
• မြန်မာ့ ရုပ်သေး •
* * * * * * * * * * * * * * * * * * * *
Best Trip ခရီးသွား လမ်းညွှန် App ကို https://goo.gl/J7mc6f မှာ
Download ရယူနိုင်ပါတယ်။
* * * * * * * * * * * * * * * * * * * *
• မြန်မာ့ ရုပ်သေး •
» မြန်မာ့ရုပ်သေးပညာရပ်ကို ကုန်းဘောင်ခေတ် စဉ့်ကူးမင်းလက်ထက် သဘင်ဝန် ဦးသော်မှ စ၍ ရုပ်သေးအက ကို တီထွင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ရုပ်သေးသဘင်သည် အလွန်စည်းကမ်းကြီးသော သဘင်ဖြစ်သည်။ လူရုပ်၊ မြင်းရုပ်၊ နတ်ရုပ်တို့ကို ယမနေသား၊ ပဥ္စနသား တို့ဖြင့် ပြုလုပ်ကြရသည်။
မင်းသမီးရုပ်ကို ယမနေသားဖြင့် ပြုလုပ်ရသည်။ မင်းသား၊ ဘုရင်ရုပ်များကို ဧကရာဇ်သားဖြင့် ပြုလုပ်ရသည်။ ကျန်အရုပ်များကို လက်ပန် သားဖြင့် ပြုလုပ်ရသည်။
» အရုပ်များကို သက်ဆိုင်ရာ သစ်သားများပေါ်တွင် ပန်းပုထု၍ ပုံထွင်းရပါသည်။ ထိုရုပ်ထုများပေါ်တွင် ပန်းချီသရုပ်ဖော်ကာ ရွှေချည်ထိုးများဖြင့် အလှတန်ဆာဆင်ရပါသည်။ မည်သည့် အရုပ်ကို ထုလုပ်သည်ဖြစ်ပါစေ အင်္ဂါအစုံအလင် ပါရသည်။
» အရုပ်များသည် ၁၃ လက်မ မှ လက်မ ၂၀ အထိ အရွယ်ရှိသော အရုပ်များ ပါဝင်ကြသည်။ ရုပ်သေးပွဲတွင် ပါဝင်သော လူ၊ နတ်၊ ဘုရင်၊ တိရစ ္ဆာန်အားလုံး ဇာတ်စင်၏ လက်ဝဲ၊ လက်ယာ၊ အပေါ်၊ အောက် မည်သူက မည်သည့် နေရာက ထွက်ရမည်ဟူသော ဥပဒေသများ ရှိပါသည်။
ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်းစားကြသည့်အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ရုပ်သေး ဖျော်ဖြေပွဲများကို ဧည့်ခံပွဲတိုင်းမှာ ထည့်သွင်းပြသလေ့ရှိကြပါသည်။
‪#‎BestTrip‬ ‪#‎1stTravelGuideApp‬ of ‪#‎Myanmar‬ ‪#‎Puppets‬
Source: Alinnsaytaman Multiply
Photo
Add a comment...
Post has attachment
ဤဘုရားဘွဲ့တော် ကို သိပါသလား?
* * * * * * * * * * * * * * * * * * *
ပုဂံဘုရားများ၏ အချက်အလက် အစုံအလင် ကို Best Trip ခရီးသွား လမ်းညွှန် App (https://goo.gl/J7mc6f) မှာ ဖတ်ရှုနိုင်ပါတယ်။
* * * * * * * * * * * * * * * * * * *
ဤဘုရားအမည် ကို သိပါသလား?
Best Trip မိတ်ဆွေတို့အတွက် ဗဟုသုတလည်းရ ၊ ဘုရားအမည်ကိုလည်း တစ်ခါတည်း မှတ်မိသွားဖို့ ဉာဏ်စမ်းလေးဖြေကြည့်ပေးပါဦး။
Hints: ဤဘုရားသည် ပုဂံတွင်တည်ရှိပြီး ပုပ္ပားတောင် ချော်ကျောက်များဖြင့် တည်ထားသည့် တစ်ဆူတည်း သောဘုရားဖြစ်ပါတယ်။
‪#‎BestTrip‬ ‪#‎1stTravelGuideApp‬ of ‪#‎Myanmar‬ ‪#‎BaganPagoda‬
Photo
Add a comment...
Post has attachment
• BestTrip - 1st Travel Guide App in Myanmar
မြန်မာနိုင်ငံ တဝှမ်း ရှိ Tourist Attraction နေရာများ, Hotels များ, Restaurants များ၏ သတင်းအချက်အလက်အပြည့်အစုံကို ဖော်ပြပေးသွားမည့် Best Trip Mobile App။
• Trip of the Month •
ထို့အပြင် မိမိအစီစဉ်ဖြင့် ကိုယ်တိုင် အခက်အခဲမရှိ ခရီးသွားလာ နိုင်ရန်အတွက် ခရီးသွားဆောင်းပါး(‪#‎TravelArticles‬) များ ကိုအမြဲတင်ပေးနေသည့် Trip of the Month အစီအစဉ်။
စသည်တို့ကို အချိန်နှင့် တပြေးညီ သိရှိနိုင်ဖို့ Follow us လုပ်ထားဖို့ မမေ့နဲ့နော်....
1. Download App » https://goo.gl/J7mc6f (Play Store)
2. Website » www.besttripmyanmar.com
3. Facebook » https://www.facebook.com/besttripmyanmar
4. Twitter » https://twitter.com/besttripmyanmar
5. GPlus » https://goo.gl/ay45C2
‪#‎BestTrip‬ ‪#‎1stTravelGuideApp‬ in ‪#‎Myanmar‬ ‪#‎MyanmarTravelGuide‬
Photo
Add a comment...
Post has attachment
• ရဲရဲနီ စိန်ပန်းတွေ နဲ့အလှဆုံးအချိန် •
ကျိုင်းတုံ၊ နောင်တုံကန်ဘေး
Kyaing Tong, Naung Tong Lake [Shan State]
Credit to » Shwe Min Thar, KhayMarShwePyi
* * * * * * * * * * * * * * * * * * * *
Best Trip ခရီးသွား လမ်းညွှန် App ကို https://goo.gl/J7mc6f မှာ
Download ရယူနိုင်ပါတယ်။
* * * * * * * * * * * * * * * * * * * *
‪#‎BestTrip‬ ‪#‎MyanmarTravelGuide‬ ‪#‎Myanmar‬ ‪#‎KyaingTong‬ ‪#‎ShanState‬ ‪#‎NaungTongLake‬
5/9/16
6 Photos - View album
Add a comment...
Post has attachment
🌴 လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ကြီး 🌴
* * * * * * *
Local Expert - Ko Daung Phyo ၏ ဆောင်းပါးကို Best Trip မိတ်ဆွေများအတွက် ဝေမျှပေးလိုက်ပါတယ်။
* * * * * *
လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ကြီးရဲ့ အတွင်းပိုင်းထဲမရောက်ဘူးတယ့် သူငယ်ချင်းတွေကို ကျွန်တော်ဒီကနေလည်လည်ပို့ပေးလိုက်ပြီနော် . . . . လျှောက်ကြည့်လိုက်ကြအုံး။
🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲
လန်ပိကျွန်း ရဲ့ အနောက်ဘက်ခြမ်း (အနောက်တောင်ထောင့်) South Mangrove River ထဲကို တစ်နေ့တာလောက် အချိန်ယူပြီး ကနူးလှေလေးတွေနဲ့ ဝင်ပြီးလျောက်ကြည့်သင့်တယ်။ ဘာလို့လဲ ဆိုတော့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရမ်းအရေးပါတယ့် ဒီရေတောတွေ ထူထပ်စွာ ပေါက်ရောက်နေတယ့် နေရာလေးတစ်ခုဖြစ်တာကြောင့်ပါ။ ဒီရေတောတွေဟာ ကုန်းပိုင်းနဲ့ ရေပိုင်းအကြား သဘာဝအကာအကွယ် တွေအဖြစ်နဲ့ တည်ရှိနေတာကြောင့် လေပြင်းတိုက်ခတ်မှု နဲ့ ပြင်းထန်သော ဒီရေလှိုင်းတွေရဲ့ ရိုက်ပုတ်မှုဒဏ်တွေကို ကာကွယ်ပြီးသားဖြစ်တယ်။ ဒါ့အပြင် ငါး၊ ပုစွန်၊ ကဏန်းတွေ ဥအုခြင်းသားပေါက်ခြင်း တွေအတွက်လဲ ဖြစ်တည်မှုပေးနေတာကြောင့် ရေနေသတ္တဝါငယ်လေးတွေ ရဲ့ မျိုးဆက်ပြန့်ပွားရေးအတွက် အရမ်းအရေးပါတယ့် နေရာတွေဖြစ်တယ်။
လန်ပိရဲ့ South Mangrove River , Middle Mangrove River တလျှောက်မှာ ကနူးလှေလေးနဲ့ အချိန်ပေးပြီး လှော်ခတ်ကြည့်နိုင်ရင်တော့ ကျွန်တော်တို့ မြင်ဘူးနေကျ ဧရာဝတီတစ်ကြောမှာ ပေါက်နေကျ လမုတွေလို၊ မြိတ်ဝန်းကျင် တွေမှာ ပေါက်နေကျ လမုပင်တွေ နဲ့ မတူခြားနားတယ့် အပင်နိမ့်မဟုတ်တယ့် မြင့်မားရှည်လျားတယ့် အမြစ်ဆုံကြီးတွေက ရေစပ်စပ်ကုန်းမြေတွေကို ထောက်ပြီး ပေါက်ရောက်လို့နေကြပါတယ်။ ကျွန်းထဲကို mangrove တောတွေ ထဲကို ဝင်ရောက်လေ့လာကြည့်မယ်ဆိုရင် ငှက်အမျိုး အစား များစွာ တွေထဲက အောက်ချင်း၊ ပိန်ညင်း (တိန်ညင်း)၊ စွန်၊ ဝန်လို ( Sea Eagle) နဲ့ တခြား ငှက်တွေ ၊ သစ်ခွပင်မျိုးစုံ ၊ မျောက်တွေ ၊ဖွတ်၊ ဂျီလောင် (mouse deer) ၊ သင်းခွေချပ်၊ တောဝက်ဖြူတွေနဲ့ သစ်ပင်ပေါ်က စပါးကြီးမြွေ တွေလဲ တွေ့နိုင်ပါတယ်။
ကျွန်းရဲ့ တောက်ဘက်ပိုင်းမှာ အောက်ချင်းငှက်တွေ ရာကျော်လောက် အသိုက်ဖွဲ့နေထိုင်ကြပြီး နံနက်အိပ်တန်းထချိန် ကနေ ညနေအိပ်တန်းတက်ချိန်ထိ အစုအဖွဲ့လိုက်ပျံသန်းကြတယ်။
လန်ပိကျွန်းရဲ့ အနောက်ဘက်ဝန်းကျင်ကလည်း ခရီးသွားတွေစိတ်ဝင်စားပြီး နှစ်သက်မယ့် ကျွန်းငယ်လေးများလဲ တွေ့နိုင်ပါတယ်။ လန်ပိကျွန်းက ရှည်လျားပြီး သဲသောင်တွေလဲ နေရာအနှံ့မှာ ရှိတာတွေ့ရတယ် အပွင့်သေးသေးလေးနဲ့ နူးညံ့ နုနယ်တယ့် အဖြူရောင်သဲပွင့်လေးတွေနဲ့ ပြည့်နှက်နေတယ့် ကျွန်းလေးတစ်ခုပါ။ ကျွန်းရဲ့ အရှေ့ ဘက်တလျောက် မှာတော့ ကျွန်တော့်ရဲ့ Coral လေးတွေအပြည့်ပေါ့ Snorkeling လုပ်ကြည့်ရင်း ကျောက်ပုဇွန်တွေတောင် မြင်မိလိုက်သလို။ Crystal water area ဖြစ်လို့ snorkeling အတွက်သင့်တော်တာပေါ့။ ကျွန်းရဲ့ အနောက်ဘက်ခြမ်း မှာတော့ ပင်လယ်မျှော့ ( Seacucuber ) တွေ များကြီးတွေ့ရတော့ ဆလုံတွေလဲ အကြိုက်ပေါ့။
ကျွန်းတောင်ဘက်အပိုင်းမှာ ရေချို ထွက်တယ့် စမ်းပေါက် ရှိလို့ ဆလုံတွေ အတွက် ရေချိုရရှိသလို ရေလုပ်သားတံငါ လှေတွေလဲ ရေချိုဖြည့်တင်းရာနေရာဖြစ်လို့ ပိုမိုအကြိုက်တွေ့စေတာပေါ့။ လန်ပိရဲ့ အနောက်မြောက်အစွန် လန်ပိနှင့် တစ်ဆက်တည်းဖြစ်နေတယ့် ဝါးအလီကျွန်း လဲရှိတယ်။ ဝါးအလီကျွန်း နဲ
လန်ပိ ရေလက်ကြားကို ဆလက်ဂလက်ရေလက်ကြား ဟုခေါ်သည်။ ထူးခြားချက်က အယ့်ရေလက်ကြားမှာ ရာသီဥတု ဘယ်လောက်ဆိုးဆိုး လှိုင်းလေမထပဲ ကန်ရေလိုတည်ငြိမ်လွန်းလို့ တံငါလှေတွေ ဆလုံလှေတွေ
အမြဲအားထားပြီးနား ခိုကြတယ့် နေရာလေးဖြစ်တယ်။
ဒီလို အဖက်ဖက်က ပြည့်စုံကြွယ်ဝနေတာကြောင့်လဲ လန်ပိသဘာဝ အမျိုးသားဥယျာဉ်ကြီး သတ်မှတ်ကာကွယ် ထိန်းသိမ်းစောက်ရှောက်ထားခဲ့ကြလို့ မြန်မာပြည်ရဲ့ အာဆီယံအဏ္ဏဝါ အမွေအနှစ်ဥယျာဉ်ကြီးအဖြစ်နဲ့ ကမ္ဘာ မှာ လူသိများထင်ရှားခဲ့တာပေါ့။ ဒါကြောင့်မို့ ဒေသခံတွေနဲ့ ပင်လယ် ခရီးသွားတွေ ကလည်း သတ်မှတ်ထားတယ့် စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ တိတိကျကျလိုက်နာရင်း အာဆီယံအမွေအနှစ် အဏ္ဏဝါဥယျာဉ်ကြီးကို မပျောက်ပျက်အောင် ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ်စောက်ရှောက်ရင်း ဂုဏ်ယူနိုင်ကြပါစေလို့
ဆန္ဒပြုရင်း . . . . လေးစားစွာဖြင့် . .
. . . . . . . . . . . . .Daung Phyo (Coral Fish) 🐠
‪#‎ကတိပေးထားတယ့်အတိုင်းပဲ‬ . . . .လန်ပိထဲကို ကျွန်တော် နဲ့ အတူတူပေးလည်ပေးပြီးပြီနော်။
* * * * * * * * * * * * * * * * * * *
ခရီးသွား လမ်းညွှန်ဆောင်းပါးများကို
www.besttripmyanmar.com website မှာ ဖတ်ရှု့နိုင်ပါတယ်။
* * * * * * * * * * * * * * * * * * * *
‪#‎BestTrip‬ ‪#‎Myanmar‬ ‪#‎LampiIsland‬ ‪#‎MerguiArchipelago‬ ‪#‎TraveltoMyanmar‬
5/7/16
16 Photos - View album
Add a comment...
Post has attachment
🌱ကလောမြို့လေး 🌱
ကလော ဆောင်းပါး အပြည့်အစုံဖတ်ရန် » https://goo.gl/oOYMJk
* * * * * * * * * * * * * * * * * * * *
ခရီးသွား လမ်းညွှန်ဆောင်းပါးများကို
www.besttripmyanmar.com website မှာ ဖတ်ရှု့နိုင်ပါတယ်။
* * * * * * * * * * * * * * * * * * * *
ပူပြင်းလှသည့် နွေရာသီမှာတောင်မှ သာယာလို့နေတဲ့
🌱ကလောမြို့လေး 🌱
Photo Credit: Kalawthar @ Pho Pyar
‪#‎BestTrip‬ ‪#‎Myanmar‬ ‪#‎MyanmarTravelGuide‬ ‪#‎Kalaw‬
Photo
Add a comment...
Post has attachment
* * * * * * * * * * * * * * * * * * * *
ခရီးသွား လမ်းညွှန်ဆောင်းပါးများကို
www.besttripmyanmar.com website မှာ ဖတ်ရှု့နိုင်ပါတယ်။
* * * * * * * * * * * * * * * * * * * *
မွန်ပြည်နယ်၊ မုဒုံမြို့နယ် လက်တက်ကျေးရွာမှ ✨ ခပ်ရ ခပ်ယူ ဘုရား ✨
Credit: Ma Nu (မြန်မာ့ ရူခင်း ဓါတ်ပုံများ)
‪#‎BestTrip‬ ‪#‎MonState‬ ‪#‎Myanmar‬ ‪#‎TraveltoMyanmar‬
5/4/16
5 Photos - View album
Add a comment...
Post has attachment
• ရခိုင်ရိုးမ တောင်တန်းတွေ ကို ဖြတ်လို့ ငပလီ ကို အလည်သွားစို့ - Part 1•
[ဆောင်းပါး အပြည့်စုံ ကို ပုံနှင့်တကွ ဖတ်ရန် - https://goo.gl/MG41jU ]
ကျွန်တော်တို့ Best Trip အဖွဲ့သားများ သင်္ကြန်ပိတ်ရက်အတွင်း ငပလီ ကမ်းခြေသို့ ကားလမ်းမှ တစ်ဖွဲ့၊ လေယာဉ်ဖြင့် တစ်ဖွဲ့ သွားရောက်ခဲ့ပြီး မတူညီသည့် လမ်းကြောင်းနှစ်မျိုး၏ ခရီးစဉ် အတွေ့အကြုံများကို တင်ဆက်ပေးသွားမှာပါ။
• ငပလီသို့ လေယာဉ်နှင့် •
လေယာဉ်ခရီးကို ရွေးချယ်ခဲ့မယ်ဆိုရင် Air KBZ ၊ Myanmar National Airline ၊ မန်းရတနာပုံ အစရှိသည့် Airlines တို့ဖြင့် လာရောက်နိုင်ပြီး၊ ဈေးမှာ $66 , $73 , $79 ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ရန်ကုန် မှ သံတွဲကို ကြာချိန် 45 - 50 မိနစ်ခန့်သာ ရှိပါတယ်။ သံတွဲ လေဆိပ်ရောက်တာနဲ့ ကိုယ်တွေ Booking လုပ်ထားတဲ့ Jade Marina Resort မှ တာဝန်ရှိသူတွေ အဆင်သင့် ကြိုဆိုနေပါတယ်။ တန်ဆာထုတ်ရမယ့် ပစ္စည်းတွေကိုလည်း သူတို့ ကိုယ်တိုင်ထုတ်ပေးပါတယ်။ ကိုယ်တွေကတော့ လာကြိုတဲ့ ကားပေါ်မှာ AirCon လေးနဲ့ အဆင်သင့် စောင့်နေရုံပါပဲ။
ဟိုတယ်တိုင်း လိုလိုကတော့ လေယာဉ်ကွင်းမှာ လာကြိုလေ့ရှိပါတယ်။ အချို့ Budgets Type ဟိုတယ်၊ မိုတယ်လေးတွေတော့ လာမကြိုပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် Taxi ၊ ဆိုင်ကယ် Taxi တွေနဲ့ သွားလို့ရပါတယ်။
Best Trip Suggestion: လေယာဉ်ဖြင့် သွားလျှင်တော့ မနက်စောစောပိုင်း လေယာဉ်ကိုရွေးချယ်တာ အကောင်ဆုံးပါပဲ။ မပင်မပန်း စောစောစီးစီးရောက် အခန်းယူ၊ ပင်လယ်ကြီးနှင့်ဓာတ်ပုံရိုက်ဖို့ အချိန်ပိုရတာပေါ့။ (မှတ်ချက် - ဟိုတယ် တစ်ချို့တစ်လေ ကတော့ Early Checkin မရဘူး grin emoticon ဒါပေမယ့် ပစ္စည်းတွေ အပ်ပြီး ပင်လယ်ကမ်းစပ်မှာ အပန်းဖြေနေလို့ရတာပေါ့)
* * * * ** * * * ** * * * ** * * * ** * * * ** * * *
Download Best Trip App - https://goo.gl/J7mc6f [Play Store]
* * * ** * * * ** * * * ** * * * ** * * * ** * * * *
• ငပလီသို့ ကားလမ်းမှ •
Express ကားတွေကို ရွေးချယ်မယ်ဆိုရင် [ ရန်ကုန် - သံတွဲ Express ကားခ - 12,000 ကျပ် ] ၀န်းကျင်လောက်ရှိပါတယ်။
ကျွန်တော်တို့ Best Trip အဖွဲ့သားများကတော့ ခရီးသွားရမယ်ဆိုလျှင် ကားနှင့်သွားရတာ ကို ပိုမိုနှစ်သက်တာကြောင့် ငပလီကိုလဲ ကားနှင့်သွားရန် လမ်းကောင်းမကောင်း သေချာစုံစမ်းပါတယ်။ ရခိုင်ရိုးမကို ဖြတ်သန်းရမှာ ဖြစ်တာကြောင့် ကားကိုသေချာစစ်၊ ကားဘီး တွေလဲစစ်ပါတယ်။ သေချာစစ်ဆေးပြီး လမ်းလဲကောင်းတာကြောင့် တစ်လမ်းလုံး အဆင်ပြေပြေဖြစ်ခဲ့ပါတယ်။ငပလီသို့ ကားနှင့်သွားရန် ရန်ကုန် - ငသိုင်ချောင်း - ဂွ လမ်းပိုင်းနှင့် ရန်ကုန် - ပြည် - တောင်ကုတ် လမ်းပိုင်းတို့မှ သွားလို့ရပါတယ်။ ရန်ကုန် - ပြည် - တောင်ကုတ် လမ်းကတော့ ရိုးမကိုဖြတ်ရတဲ့လမ်းပိုင်း ပိုရှည်တာကြောင့် ပြည်မှာညအိပ်ပြီး မနက်မှထသွားသင့်ပါတယ်။ လမ်းအခြေအနေမှာလည်း ရန်ကုန် - ငသိုင်ချောင်း - ဂွ လမ်းပိုင်းထက်ဆိုးတယ် ပြောတာကြောင့် ကျွန်တော်တို့ အဖွဲ့က ရန်ကုန် - ငသိုင်ချောင်း - ဂွ လမ်းအတိုင်း ငပလီကို လာခဲ့ပါတယ်။ ယခုချိန်မှာတော့ လမ်းများ အတော်ကို ကောင်းမွန်နေပါပြီ။ ရန်ကုန်မှ ငပလီမြို့ထိကိုကားဆီဖိုးလဲ ၂၀၀၀၀ ကျပ်လောက်သာကျသင့်ပါတယ်။
သင်္ကြန်အကြိုနေ့ ဖြစ်တာကြောင့် ကျွန်တော်တို့ ရန်ကုန်ကနေ ညပိုင်း ၁၂း၀၀ မှာစထွက်ပါတယ်။ လှိုင်သာယာ အထွက်ဖက်မှာတော့ အမှိုက်ကားများမှ ကျကျန်ခဲ့သည့် အမှိုက်များ လမ်းပေါ်တွင် အများအပြားပြန့်ကြဲ ကျနေခဲ့ပါတယ်။ ( ဒါမျိုးတွေက သေချာဂရုစိုက်ပြီး မြို့ကိုသန့်ရှင်းအောင် လုပ်ပေးသင့်ပါတယ်) ရန်ကုန် - ပုသိမ် လမ်းအတိုင်း ဖြေးဖြေးမှန်မှန်မောင်းလာခဲ့ပြီး ည ၂း၃၀ လောက်မှာ ပန်းတနော် ရောက်ပါတယ်။ ညလယ်စာ စားရင် ရွှေခေတ်ဆိုတဲ့ ဆိုင်လေးမှာ နားခဲ့ပါတယ်။ ည ၃း၀၀ လောက်ပြန်ထွက်လာပြီး ချောင်းသာ၊ ငွေဆောင် သွားတဲ့လမ်အတိုင်းပဲ ရန်ကုန် - ပုသိမ် လမ်းမှလာခဲ့ပြီး ကျောင်းကုံးမြို့ အ၀င် တံတားအဆင်းမှာ အသုတ်၊ ရေကြည်ဘက်ကို ရန်ကုန် - ပုသိမ် လမ်းမှ ခွဲထွက်လာခဲ့ပါတယ်။ ထိုမှ အသုတ်၊ ရေကြည်၊ ငသိုင်းချောင်း လမ်းအတိုင်းလာခဲ့ပြီး ငသိုင်းချောင်းအထွက် ၊ ငသိုင်ချောင်း - ဂွ လမ်းပိုင်း အစကို မနက် ၆း၀၀ လောက်ရောက်ပြီး နားပါတယ်။ ငသိုင်းချောင်းထိ လမ်းလဲကောင်းပြီး ကျယ်လဲကျယ်ပါတယ်။
ငသိုင်ချောင်း - ဂွ လမ်းပိုင်းက ၄၇ မိုင် လောက်ရှိပါတယ်။ ဖြေးဖြေးနှင့် မှန်မှန်မို့ ၃နာရီလောက် မောင်းခဲ့ ရပါတယ်။ အစကတော့ နည်းနည်းလေးကြမ်းပြီး နောက်ပိုင်း ဂွ ထိကိုလမ်းကောင်းပါတယ်။ ကတ္တရာလမ်းမှာ အနည်းငယ်ကျဉ်းပြီး အကွေ့အကောက်များလှပါတယ်။
ရိုးမဖြတ်တဲ့ တောင်တက်လမ်း ကတော့ သိပ်မမတ်ဘဲ လမ်းလဲကောင်းတယ်၊ လူလဲသိပ်မပြတ်ပါဘူး။ လမ်းဘယ်လောက် ကောင်းသလဲဆို ခွေဘီလူး(Hi Jet) တွေတောင် ၀ီခေါ်နေအောင် မောင်းပါတယ်။ လမ်းအကွေ့တွေမှာ ဟွန်းလဲမတီးပဲ ဆိုင်ကယ်၊ ကားတွေ ပေါ်ပေါ်လာတတ်လို့ သတိထားပြီး မောင်းလာရပါတယ်။ အန္တရယ်ကင်း ဘေးရှင်းအောင်ပေါ့။ တောင်တက်လမ်းက တချို့ရွာတွေနားမှာ ကလေးတွေ လမ်းပေါ်ထွက်ဆော့နေတတ်လို့လဲ သတိအတော်ထားပြီး မောင်းရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး မှ ရခိုင်ပြည်နယ် သို့အကူးနားတွင့် ဆိုင်လေး တစ်ဆိုင်ရှိတာကြောင့် ခဏနားကြပါတယ်။ ဆိုင်လေးမှာ အရိပ်ကောင်းသည့်နေမှာ ဆောက်ထားပြီး အနီးအနားမှာ ထူးထူးခြားခြား ပိတောက်ပန်းကလေးများနှင့် ဝေဆာနေသည့် ပိတောက်ပင်ကြီးလည်း ရှိနေပြန်တော့ ပင်ပန်းသမျှ အမောကိုပြေသွားတာပဲ။ နာရီဝက်လောက်နားပြီး ဆက်လက်ထွက်ခွာလာပြီး မနက်ပိုင်း ၉း၀၀ လောက်မှာတော့ ဂွမြို့ကိုရောက်ပါတယ်။
ဂွမြို့အထွက်မှာတော့ ဂွ - သံတွဲ လမ်းပိုင်းစတင်ပြီး သံတွဲထိကို ၈၃မိုင် လောက်ရှိပါတယ်။ ကတ္တရာလမ်းကောင်းကာ ကျဉ်းပြီး အကွေ့အကောက် အတော်ကိုများပါတယ်။ လမ်းကျဉ်းတော့ မျက်နှာချင်းဆိုင် ကားလာရင်တော့ ဘေးကိုချချပေးရတာကြောင့် ခရီးသိပ်မတွင်လှပါဘူး။ ကတ္တရာ လမ်းကတော့ ကောင်းတာကြောင့် Honda Fit တို့၊ Mitsubishi Colt တို့တောင်အရှိန် အတော်တင်ပြီး မောင်းကြပါတယ်။
ဂွ - သံတွဲ လမ်းဟာ ကမ်းခြေရွာကလေးတွေထဲက ဖြတ်သန်းဖောက်လုပ်ထားတာကြောင့် တမူထူးခြားတာတော့ အမှန်ပေ။ ကမ်းသာယာ ကမ်းခြေအနား ရောက်ခါနီးမှာတော့ ပင်လယ်နားကပ်ပြီး ဖောက်လုပ်ထားတဲ့ လမ်းတစ်နေရာမှာ ခဏရပ်နားပြီး ကမ်းသာယာကမ်းခြေကို လှမ်းမျှော်ကြည့် ရတာကတော့ ကဗျာဆန်ပြီး လှပနေတော့သည်။ လမ်းတလျှောက်မှာတော့ တစ်ခါတစ်ခါ ပင်လယ်ကြီးကိုတွေ့ရ၊ ဓနိတောလေး တွေမြင်ရပြီး လွမ်းဖွယ်ကောင်း နေပါတော့တယ်။
ဆက်လက်ထွက်လာခဲ့ပြီး လမ်းတလျှောက်မှာတော့ သင်္ကြန်မဏ္ဍပ်လေးတွေမှာ လမ်းပိတ်ပြီး ရွာအတွက် လိုအပ်တာလေးတွေကို အလှူခံနေကြပါတယ်။ တချို့လူငယ်လေးတွေ သင်္ကြန်မို့ ဆံပင်အရောင်ဆန်းတွေနှင့် ဆိုင်ကယ် တရကြမ်းမောင်းပြီး ပျော်ပါးနေကြလို့ ကိုယ်သွားနေကျနေရာလည်း မဟုတ်တော့ အနည်းငယ်တော့ စိုးရိမ်မိပါတယ်။
ဆက်လက်ထွက်ခွာလာပြီး နေ့လည် ၁း၀၀ နီးပါးလောက်မှာ သံတွဲမြို့ ကိုရောက်ပါတယ်။ ငပလီ အလှဆီကို ရောက်ဖို့ရာ လက်တကမ်းအလိုပေါ့လေ။
သံတွဲမြို့စအ၀င်မှာတော့ ကတ္တရာလမ်းအရမ်းကောင်းပြီး လမ်းလဲကျယ်သွားပါတယ်။ ငပလီ ထိကို ကတ္တရာလမ်းကျယ်ပြီး လမ်းကောင်းပါတယ်။ သံတွဲမြို့လယ်ကနေ ခွဲထွက်လာပြီး မိနစ် ၂၀ လောက်မောင်းတော့ ငပလီမြို့ လမ်းဆုံကိုရောက်ပါ တော့တယ်။
• ငပလီမြို့ •
ငပလီကိုရောက်ပြီဆိုတော့ ငပလီအလှကိုခံစားဖို့ စိတ်စောနေမိပါတော့တယ်။ ငပလီ ၏ မြောက်ဘက်မှာတော့ သံတွဲလေဆိပ်တည်ရှိပါတယ်။ တောင်ဘက်မှာတော့ ပုလဲကျွန်းတို့၊ တံငါရွာတို့ သွားလို့ရတဲ့ လှေဆိပ်တွေရှိပါတယ်။
စားသောက်ဆိုင်ကောင်းကောင်း တွေလဲ တောင်ဘက်မှာ ပိုများပါတယ်။ ဟိုတယ်တွေကတော့ တောင်ဘက်ကော မြောက်ဘက်ကောမှာရှိပါတယ်။
လေယာဉ်ကွင်းနှင်အနီးဆုံး ဟိုတယ်တွေကတာ့ Merciel Hotel ၊ Hilton Hotel ၊ Amazing Hotel ၊ Hotel at The Rock တို့ရှိပြီး အနီးနားမှာတော့ Restaurant တွေသိပ်မရှိပါဘူး။ ထပ်သွားမယ် ဆိုရင်တော့ ငပလီမြို့လယ်လို့ပြောရမယ့် လမ်းဆုံရောက်ပြီး ထပ်သွားရင်တော့ Hotel ACE, Linn Thar Oo Lodge, Memento Hotel, BayView Hotel, Jade Marina Resort & Spa, Amata Hotel, Aureum Palace Hotel အစရှိသည့် ဟိုတယ်များရှိပါတယ်။
ဟိုတယ်အားလုံး လိုလိုကတော့ USD $100 ၀န်းကျင်ဆို Garden View အခန်းတွေ ရနိုင်ပါတယ်။ နောက်ပိုင်းတော့ လမ်းပန်းလဲကောင်းတာကြောင့် ဈေးပိုသက်သာလာမယ်လို့ လဲထင်မိပါတယ်။
ဟိုတယ် မတည်းချင်တဲ့ သူတွေအတွက် ကမ်းခြေနောက်ဘက် ကားလမ်းဘေးမှာ လုံချင်းအိမ်လေးတွေ ဌားရမ်းနေနိုင်တာ တွေ့ရပါတယ်။
တည်းခိုမည့် ဟိုတယ်သွားတဲ့ လမ်းမှာလဲ ငပလီမြို့ အပြင် လင်းသာရွာ၊ ဂျိတောရွာတို့မှာလဲ အတော်ပင် စည်ကားပြီး တိုးတက်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ တည်းခိုမည့် Jade Marina Resort & Spa ဟိုတယ်ကိုတော့ နေ့လည် ၁း၃၀ လောက်မှာရောက်ပါတယ်။
ငပလီ ကမ်းခြေကတော့ သဲဖြူဖြူ နုနု၊ ရေ ကြည်ကြည် နှင့် ကျောက်ဆောင်လေးတွေ အနှံ့အပြားနှင့် လှချင်တိုင်းလှနေတဲ့ ငပလီ ကမ်းခြေကိုတွေ့တွေ့လိုက်ရချင်းပဲ ၁၂နာရီကျော် ကားမောင်းလာလို့ ပင်ပန်းထားသမျှ ပြေပျောက်သွားပါတယ်။ ရောက်ပြီး နောက်တရက်မှာတော့ နေ့လည်စာစား ခဏအနားယူပြီး ညနေခင်း ကမ်းခြေတစ်လျှောက်လမ်းလျှောက်ရင်း ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။
ကမ်းခြေတစ်နေရာဖြစ်ပြီး စားသောက်ဆိုင်တွေ ၅ ၊ ၆ ဆိုင်လောက်ရှိတဲ့နေရာ အနီးအနားမှာ လူအချို့ စည်းကမ်းမဲ့မှုကြောင့် အမှိုက်တွေ၊ Beer ဘူးအခွံတွေ၊ အရက်ပုလင်းတွေနှင့် အရုပ်ဆိုး အကြည်းတန်လွန်းလှပါတယ်။ ဒီနှစ်ပိုင်းမှာ ချောင်းသာတောင် သန်ရှင်းနေအောင်၊ အမှိုက်ရှင်းအောင် ဂရုစိုက်ထားတာတွေ့ခဲ့တာကြောင့် ငပလီလို အလှသွေးကြွယ်ဆုံး ကမ်းခြေက တာဝန်ရှိသူများကော၊ ခရီးသွားတိုင်းကော ဒီအချက်ကို ဂရုစိုက်ပေးသင့်ပါတယ်။
Credit » Linn Phyo [Traveller]
‪#‎Ngapali‬ ‪#‎MyanmarTravelGuide‬ ‪#‎TraveltoNgapali‬
4/30/16
14 Photos - View album
Add a comment...
Post has attachment
ပင်းဒယမြို့ ရှိ
* * * * * * * * * * * * * * * * * * * *
ခရီးသွား လမ်းညွှန် App ကို https://goo.gl/J7mc6f မှာ
Download ရယူနိုင်ပါတယ်။
* * * * * * * * * * * * * * * * * * *
ပင်းဒယမြို့ ရှိ
• ရှစ်သောင်းလေးထောင် ပုထိုးတော်များ •
* * * * * * * * * * * * * * * * * * * *
84000 pagoda located in Pindaya, Myanmar.
‪#‎BestTrip‬ ‪#‎Myanmar‬ ‪#‎Pindaya‬ ‪#‎TraveltoMyanmar‬
PhotoPhotoPhoto
4/7/16
3 Photos - View album
Add a comment...
Wait while more posts are being loaded